The Tabung
ဒီတစ်ခါ Germany က ထုတ်တဲ့ Game ကတော့
Multiplayer Horror သမားတွေတွက် သူငယ်ချင်းတွေနဲ့အတူတူ တောကြီးထဲမှ
စခန်းသွားချရတော့မှာပါ။ ပြောရရင် လူတိုင်းမှာ ကိုယ့်သူငယ်ချင်းတွေနဲ့ အတူတူ
မရောက်ဖူးတဲ့ တောတောင်တွေရဲ့သဘာဝအလှကို ခံစားဖို့တွက် အတူတူခရီးထွက်ဖူးခြင်တဲ့
စိတ်ကူးလေးတွေရှိကိုရှိမှာပါ။ သီးသန့်မဟုတ်ခဲ့ရင်တောင် ကျောင်းကနေသွားတဲ့
လေ့လာရေးခရီးစင်တွေလိုပေါ့။ ဒါပေမယ့် တကယ်လို့များ အဲဒီ သွားမယ့် အရပ်ဒေသတွေက
မသွားအပ်တဲ့နေရာတွေဖြစ်နေခဲ့ရင်ကော သင့်သူငယ်ချင်းတွေနဲ့ အတူတူ
သွားရဲကြအုံးမလား ?
• ဒီ Game မှာဆိုရင် သင်နဲ့ သင့်အဖွဲ့သားတွေဟာ
တောထဲမှာ စခန်းချနေတုန်း ညဘက်ကြီး မထင်မှတ်ဘဲ သူငယ်ချင်းတစ်ယောက်ဟာ ရုတ်တရက်
ပျောက်သွားခဲ့ပါတယ်။ တောကြီးတောင်ကြီးထဲဆိုတော့ ဘယ်လိုက်လို့လိုက်ရမှန်းလဲမသိ ၊
ဒေသခံရဲတွေကို အကြောင်းကြားဖို့လုပ်တော့လည်း ဖုန်းလိုင်းတွေက အကုန်ပျက်ဆိုတော့
သင့်ရဲ့ သူငယ်ချင်းကို သင်တို့ကိုယ်တိုင် လာရှာရတော့မှာပါ ။ မရင်းနှီးထဲတောထဲမှာ
အကူညီရဖို့ဆိုတာဟာ အရမ်းခက်ခဲလွန်းပြီး အထူးသဖြင့် ညဘက်ကြီးမှာဆိုတော့
ပိုလို့တောင် ခြောက်ခြားစရာကောင်းပါတယ်။ နွားကွဲရင် ကျားဆွဲသလို
အုပ်စုကွဲရင်လည်း လိုက်ဆွဲမယ့် အရာကြီးတစ်ခုကလည်း စောင့်နေအုန်းမှာပါ။ အထူးသဖြင့်
တိတ်ဆိတ်လွန်းတဲ့ တောထဲမှာ အသံမထွက်အောင် သွားတတ်ဖို့လိုတယ်နော်။ မပူပါနဲ့
သူလာရင် အိမ်မက်ဆိုးမက်လောက်တဲ့ အသံနက်ကြီးနဲ့ ဒုန်းဆိုင်း
လိုက်လာလိမ့်မယ်။
• ဒီ Game မှာ ထူးခြားတာက Multiplayer စနစ်မှာ
သာမန် 4 ယောက် 5 ယောက်တင်မကဘဲ အများဆုံး 32 ယောက်ထိပါ အတူတူတွဲဆော့လို့ရတာပါ။
Monster တစ်ကောင်နဲ့ Player 32 ယောက်ဆိုတော့ နည်းနည်း Over ဖြစ်ပေမယ့် Monster
ကလည်း လုံးဝ အညှာပေးမှာမဟုတ်ပါဘူး။ အထူးသဖြင့် ဒီလို Open World Map
ကြီးထဲမှာဆိုရင် တစ်ယောက်တစ်ပေါက် လျှောက်သွားရုံနဲ့ တစ်ယောက်တစ်နေရာ အလောင်းတွေ
ပုံနေမှာပါ။ Quest အရ Map တစ်ခုလုံး Explore လုပ်သင့်တယ်ဆိုပေမယ့်
ခုခံဖို့တွက်လည်း လက်နက်တွေ ရကောင်းရနိုင်ပါတယ်။ အဲတော့ အတူတူစည်းလုံးကြပေါ့။
• မင်မင်တောင် အစက လျှောက်သွားရင်း
ပျင်းစရာကောင်းတယ်ဆိုပြီး ရေထသောက်တာ ၊ အသံကလည်း ချဲ့ထားတော့ ရုတ်တရက်
အသက်နက်ကြီးထွက်လာများ လူတောင်ရေသီးတယ်။ အရင်က Game တွေတုန်းက အခန်းထဲတို့
အဆောက်အဦးထဲဆိုတော့ အော်သံက အလောက်မဟုတ်ဘူး ၊ အခုဟာက တောကြီးတစ်ခုလုံး
ဟိန်းတဲ့အထိ အသံက Wide ဖြစ်လွန်းတာ။ သိပ်မကြာပါဘူး အသံကြားလို့
ဟို့ကြည့်ဒီကြည့်ရင်း မျက်လုံးနီကြီးနဲ လာသတ်ပါလေရော။ သတ်တာထက် ဆွဲဖြုတ်တာဆို
ပိုမှန်မယ်။ လက်တွေ ခြေတွေ၊ ခန္ဓာကိုယ်တွေ ပြတ်တဲ့ထိ ဆွဲဖြုတ်တာက အရမ်း
သိသာလွန်းတယ်။ ဘာလို့ဆို Player က နှေးရုံတင်မဟုတ်ဘဲ ကိုယ့်မှာ ပြတ်သွားသလိုထိ
Post Effect တွေက မိုက်တာ။ နောက်ဆုံး First Person View နဲ့ မြေပြင်ပေါ်
ခေါင်းစိုက်ကျတဲ့ အထိပေါ့။
• Game က Graphic ကလည်း အရမ်းကြမ်းသလို
Night Environment ဆိုတော့ ပိုတောင် အရိုးထဲထိ စိမ့်နေတာပါ။ Lighting
ကောင်းတယ်မကောင်းတယ် Map တောင် လအလင်းရောင် ထိုးထဲဘက်ကို လှည့်ကြည့်ရတယ်။
မြေလမ်းလေးတွေ တစ်သွယ်ပြီးတစ်သွယ် ၊ ချုံခြားထဲ ၊ သစ်ပင်ကြီးတွေကြားထဲဆိုတော့
သေချာတာကတော့ အရင်က Room ထဲမှာတောင် ကြောက်နေရင် အခုလို တောကြီးက မတွေးရဲစရာပါ။
တစ်ခုမိုက်တာက လက်နက်တွေပါတော့ ပြန်တွယ်လို့ရတယ်။ ခြောက်တစ်ခါ
ပြေးတစ်လှည့်ပေါ့။
( Game က Single လည်းဆော့လို့ရပေမယ့် Online Mode
ပါဘဲ။ Multiplayer Online မှာဆိုရင်
- Player 8 ယောက်ထိက Free ရပြီး ၊
- 16 ယောက်မှာ Token တစ်ခု ၊
- 24 ယောက်မှာ Token သုံးခုနဲ့
- 32 ယောာက်မှာ Token ငါးခုထိ
Android version | 4 . 4 + |
Size | 260 MB |
Developer | Felix Filip / F²Games |
Network | online |
App version | 5.0.0.5 |
Price | Free |
Download Link
( Android )
Playstore
Or
Apkpure
==========================
( ညဘက် အခြေနေရ Group ထဲမှာ အသိပေးမယ် )
#HELLOYDB
Comments