KonoSuba Fantastic Days

            လောလောဆယ် Global ကို Official Release မလုပ်သေးပေမယ့် Australia မှာတော့ ဒီ Game လေးကို စတင်ကစားလို့ရနေပါပြီ ။ Korea အခြေစိုက် NEXON Company ကနေ ထုတ်လုပ်ပေးထားပြီး KonoSuba ရဲ့ ပထမဦးဆုံး Mobile Game လို့လည်း ပြောလို့ရပါတယ်။ နာမည်ကြီး Comedy Series ဖြစ်တဲ့ KonoSuba ဟာ Mobile တွက် RPG ပုံစံနဲ့ ထုတ်လုပ်ပေးထားပြီး ဇာတ်ကောင်အသစ်‌တွေ၊ ဇာတ်လမ်းအသစ်တွေနဲ့ ဆော့ကစားရမှာဆို‌‌တော့ အရမ်းသဘောကျမှာတော့ သေချာတယ်။ သဘောကျဆို ဇာတ်လမ်းကစ Main Story တင်မကဘဲ ဇာတ်ကောင် 19 ယောက်လုံးရဲ့ သီးသန့် Chapter တွေပါ တွေ့မြင်ရအုံးမှာဆိုတော့ မရယ်ရမှာတော့ ပူစရာကိုမလိုဘူး။ နောက်ပြီး Plot တိုင်းကို Voice Actor တွေနဲ့ပါ အပြည့်ဝ ဖန်တီးထားတာကြောင့် Aqua မရဲ့ အသံကြီးနဲ့တင် ဆော့သင့်နေပြီလို့ အကြံပေးတယ်။ ထုံးစံတိုင်း မချောသုံးယောက်ကတော့ တလွဲတွေကြီးဘဲ။ 

            ဇာတ်လမ်းကိုပြောရရင် တစ်နေ့ Kazuma တို့အဖွဲ့က မြို့ရဲ့အရေးပေါ်ကြေငြာချက်ကြောင့် မြို့ထိပ်မှာ တခြားသူတွေနဲ့ အတူတူ လူသွားစုကြတာပေါ့။ ထုံးစံတိုင်း ဂေါ်ဖီရာသီလာတော့ Defence မလုပ်နိုင်တဲ့အဆုံး Darkness မက ထိပ်ကနေ ခံပေးပြန်ရော။ လုံးဝ မခံနိုင်တော့တဲ့ အချိန်ကြမှ Megumin မက Explosion ကြီးနဲ့ ဝုန်းထည့်လိုက်တာ။ ကြည့်ရတာ ဇာတ်လမ်းအဟောင်းလို့ထင်ရပေမယ့် လုံးဝမဟုတ်ဘူး။ ဘာလို့ဆိုတော့ Megumin မ မွှေလိုက်တဲ့ Explosion Damage က Dancer တွေရဲ့ ပွဲကြည့်စင်ပါ ပေါက်ကွဲသွားတာ။ နောက်နေ့ကြတော့ ဇာတ်ကောင်အသစ်တွေဖြစ်တဲ့ Dancer သုံးယောက်က Kazuma တို့အဖွဲ့နဲ့ ပေါင်းပြီး Difficult မြင့်တဲ့ quest ကို လုပ်ဖို့ လာတောင်းဆိုကြ‌တာပေါ့။ အစကတော့ Kazuma လည်း သူတို့ရဲ့ ပွဲ့ကြည့်စဉ်က Megumin မ လက်ချက်နဲ့ ကြွသွားတယ်ဆိုတာ မသိဘူး။ ‌
          ပြောရရင် Dancer ‌တွေလည်း Megumin လက်ချက်ဆိုတာ မသိဘူးပေါ့။ နောက်ဆုံး Aqua မနဲ့ တိုင်ပင်မှ လိပ်ပြာမလုံတာကြောင့် အဖွဲ့ နှစ်ခုပေါင်းပြီး Higher Quest ကို သွားလုပ်ကြတာ။ ထုံးစံတိုင်း တလွဲတွေကြီးနော်။ အဆိုးဆုံးက Dancer မတွေထဲက နှစ်ယောက်က ပိုဆိုးတယ်။ Erika ဆိုတဲ့ တစ်ယောက်က သူ့ကို Cute ဖြစ်တယ်လို့ပြောရင် လုံး၀ကို အဟုတ်ကြီးမှတ်ပြီး မြှောက်တက်နေတာ။ Megumin မကလည်း အဲဒါကို အမြင်ကတ်တော့ နှစ်ယောက်သား စကားနိုင်ထိုးကြတာ ရယ်နေရတာ။ အဆိုးဆုံးက Cielo ဘဲ။ အဲကောင်မလေးက Aqua မလို Archa Priestess ဘဲ။ ဒါပေမယ့် သူ့ကို ယောင်္ကျားလေး တစ်ယောက်က လာထိရင် ယောင်ပြီး Spell တွေ ကျွေးကျွေးလွတ်တာ။ အဲတော့ ဘယ်သူရှိရမလဲ Kazuma က အမှုမဲ့အမှတ်မဲ့ သွားထိတိုင်း ဟိုကလည်း Spell တွေနဲ့ ယောင်ယောင်ပြီး အုပ်လွှတ်တာ။ ပြောရရင် Kazuma ဘဝက အရင်ကထက်တောင် ပိုဆိုးနေတာ။ ဒီတော့ Main Chapter က 5 ခုထိတောင် ပါသလို Character သီးသန့် Chapter တွေကလည်း အရမ်း ရယ်နေရတာ။ Aqua မဆိုရင် Toilet Goddess ဆိုပြီး နာမည်ကြီးသွားသေးတယ်။ ရယ်ရတာ အူကိုနာလို့။ 

            Gameplay က Turn Base RPG ပုံစံမျိုးမဟုတ်ဘဲ Stamina နဲ့ဘဲ ဆော့ရမယ့် ပုံစံမျိုးပါ။ ပြောခြင်တာက တစ်ဖက်ပြီးမှ တစ်ဖက်ချရတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ Character က Stamina မြန်ရင်မြန်သလို Basic Attack , Skill နဲ့ Main Ability တွေကို သက်ဆိုင်ရာ Cooldown အတိုင်း သုံးပေးလို့ရတယ်။ Group အနေနဲ့ ကိုယ်ကြိုက်တဲ့ 5 ယောက်ကို အသင်းဖွဲ့ပေးလို့ရပြီး ကျန်တဲ့ ဘာညာကွိကွ Sub-Member တွေကတော့ အောက်စာပိုဒ်မှာဘဲ ရှင်းပြတော့မယ်။ စိတ်ဝင်စားအောင်ပြောရရင် Aqua မက ဒီထဲမှာ Useless မဟုတ်တော့ဘူး။ တကယ်မျက်နှာပြောင်တိုက်တာကမှ Darkness နဲ့ Megumin ။ Darkness မ ဆိုရင် ခုတ်တိုင်းလွဲ နည်းနည်းလေးတောင် Damage မထွက်ဘူး Miss တွေကြီးဘဲ။ Megumin ဆိုရင် Main Ability ဖြစ်တဲ့ Explosion သုံးပြီးတာနဲ့ သခင်မက Battle မှာဆက်မပါဘဲ ကြွသွားရော။ နောက်ဆုံး Stage မဟုတ်ရင် Megumin မ ကို Explosion သုံးကို မသုံးခိုင်းရဲဘူး ။ ဒီတော့ KonoSuba Fan တွေတွက် ဆော့ကို ဆော့ကြည့်သင့်တယ်။ ကျန်တဲ့ အသေးစိတ်ကို အောက်မှာ ရေးပေးထားတယ်။

( Game က Australia ကို VPN ကျော်မှ ရမှာပါ။ Account က Facebook ကော Google ကော ပါပေမယ့် NEXON Account က ပိုအဆင်ပြေမယ်ထင်တယ်။ နောက်ပြီး In Game မှာ 2.2 GB ထိထပ်ဆွဲရမယ်။ iOS သမားတွေကတော့ Official Release ကြမှ ပါလာမယ်ထင်တယ်။ )

Recommend VPN = Kiwi VPN


Gameplay
========
Gameplay Mode က Main Quest , Free Quest နဲ့ Battle Arena ဆိုပြီးပါပါတယ်။ ကျန်တဲ့ Event Quest ကတော့ ပါမလာသေးဘူး။ Mission တိုင်းမှာ လိုအပ်တဲ့ Power Amount ကို Suggest ပြပေးသလို ရနိုင်မယ့် Reward တွေကိုလည်း တန်းပြပေးထားတာပါ။ Main Quest မှာ Normal နဲ့ Hard နှစ်မျိုးရှိသလို ရနိုင်တဲ့ Reward တွေကလည်း မတူကြပါဘူး။ Free Quest ပိုင်းမှာလည်း သက်ဆိုင်ရာ Exp , Gold တွေကို Farming လုပ်လို့ရသလို Limit နဲ့ပေးတဲ့ Quest တွေလည်း နေ့စဉ် လုပ်ပေးလို့ရတယ်။ Mission တွေက 100% Complete မှ Skip Tickets တွေကို သုံးလို့ရတာ။ မနိုင်သေးတဲ့ Mission တွေကို Skip လုပ်လို့မရဘူး။ ဘာလို့ Skip Tickets က လိုသလဲဆိုရင် Material တွေ လိုခြင်တိုင်း အလွယ်သုံးလို့ရအောင်ပါ။
Gameplay က အပေါ်ကပြောသလို Stamina အပြည့်မြန်တဲ့သူက Basic Attack ဖြစ်ဖြစ် Spell ဖြစ်ဖြစ် ကြိုက်တာ သုံးလို့ရတယ်။ Auto လည်းပါသလို Fast Forward Time လည်း သုံးလို့ရတယ်။ Power မမြင့်ရင် အကြံတော့ မပေးဘူး။ Main Ability တွေက All Hit နဲ့ Only Hit ပုံစံအမျိုးမျိုးကွဲသလို သက်ဆိုင်ရာ Classic အတိုင်း စနစ်တကျ သုံးတတ်ဖို့လည်း လိုတယ်။ Group မှာ လူ ၅ ယောက်ထည့်‌ထားလို့ရပေမယ့် Battle ကြရင် အရှေ့သုံးယောက်ဘဲ အရင်ထွက်တာပါ။ တစ်ယောက်သေမှ နောက်တစ်ယောက်ဝင်တာမျိုးပေါ့။ 
နောက်ထူးခြားတာက Job Mode လေးထည့်ပေးထားတာ။ အဲကောင်လေးက ကိုယ့်ရဲ့ ပိုနေတဲ့ Character တွေကို အလုပ်လုပ်ခိုင်းထားလို့ရတယ်။ Job သုံးခုပါသလို ရတဲ့ Reward ကလည်း များတယ်။

Story
=====
Story ပိုင်းကတော့ Main Quest တွေ အောင်မှ ကြည့်လို့မယ့် Visual Novel တွေပါ။ Main Story , Character Story, KonoSuba Story နဲ့ Event Story ဆိုပြီး မျိုးစုံရှိတယ်။ ဇာတ်လမ်းကြည့်ပြီးတိုင်း Reward တွေလည်း ပေးတာကြောင့် အရမ်းမိုက်တယ်။ 

Character
========
Character အကုန်လုံးပေါင်း ၁၉ ယောက်ထိ ထည့်ပေးထားပြီး New face တွေပါ တွေ့မြင်ရမှာပါ။ တစ်ယောက်ခြင်းစီကို Sub-Member နှစ်ဦးစီ ထည့်ပေးလို့ရပြီး Weapon တွေ Jewelry တွေကစ ထပ်ထည့်လို့ရတယ်။ Gacha ကရတဲ့ Card တွေပေါ်မူတည်ပြီး Sub-Member မှာ character တူတိုင်း +10 တိုးပေးတယ်။ တကယ်လို့ တစ်ပုံစံတည်းတူတဲ့ Card နှစ်ခုရှိခဲ့ရင် Reserves လုပ်ပြီး Skill Upgrade လုပ်ပေးလို့ရတယ်။ Level Max ဖြစ်သွားရင်လည်း Promote မှာ Level Limit ထပ်ချဲ့‌ပေးလို့ရတယ်။ 
ကျန်တာကတော့ ရတဲ့ Card ပေါ်မူတည်ပြီး Skin တွေ Background တွေ နောက်ပြီး Voice တွေကစ Unlock ဖြစ်မှာပါ။ 

Gacha
======
Recruit ဖြစ်တဲ့ Gacha ပိုင်းကတော့ နည်းနည်း ထူးခြားတဲ့ စနစ်လေးပါတယ်။ အဲဒါကတော့ Free Quartz နဲ့ Paid Quartz ဆိုမျိုး နှစ်မျိုးခွဲထားတာပါ။ Free Quartz က Game ဆော့ရင်း ရလာတဲ့ Quartz တွေပေါ့။ Paid Quartz ကတော့ Real Money နဲ့ Purchased လုပ်ရမယ့် Quartz တွေပါ။သူက Special Gacha မှာ Paid Quartz ကို သုံးပေးရပြီး Free Quartz ကိုသုံးလို့မရဘူး။ Free Quartz သုံးလို့ရတာက Premium Gacha မှာဘဲ သုံးလို့ရတာ။ ဘာကွာလဲဆိုတော့ level အမြင့်ဆုံး Character ရနိုင်ချေများတာပေါ့။ ဒါပေမယ့် Free Quartz က လုံးဝ တအားပေးတာနော်။ Beginner Mission Complete ရင်တောင် 10 ခါ နှိုက်လို့ရတယ်။ မင်မင်တောင် High Level တွေ တော်တော်ရထားတာ။ Money နဲ့ ပတ်သတ်တာဆိုလို့ Quartz ဘဲရှိတာ။ 

Craft & In Game Shop
==================
Craft ပိုင်းမှာက သက်ဆိုင်ရာ Character တွေရဲ့ Classic Weapon တွေကို Create လုပ်လို့ရပြီး Upgrade နဲ့ Selling တွေလည်း လုပ်ပေးလို့ရတယ်။ ပိုသဘောကျတာက လိုအပ်တဲ့ Material တွေကို ရဖို့တွက် Mission တွေပါ အတိကျ Recommend ပေးထားတာပါ။ အဲတော့ အဓိကက ကိုယ် Farm နိုင်သလောက်ဘဲ။

In Game Shop မှာက Wiz မလေး ကိုယ်တိုင် ရောင်းပေးတာဖြစ်ပြီး Exchange တွေလုပ်လို့ရတယ်။ ဥပမာ - Adventure နဲ့ Arena Mode က ရတဲ့ Medals တွေကို ပစ္စည်းတစ်ခုခုနဲ့ လဲပေးလို့ရတာမျိုးပေါ့။ Adventure Medals တွေက ကိုယ်မသုံးတော့တဲ့ Character တွေကို Release လုပ်ပေးရင်လည်း ရတယ်။
[ Review ]

Game က PTW မဟုတ်တော့ သဘောကျစရာကောင်းတယ်။ Gacha စနစ်ပါပေမယ့် Character တွေတွက်ဘဲ ပါတာ။ ကျန်တာတွေက ကိုယ် Farm ရင် Farm သလောက်ဘဲ။ နောက်ပြီး Dialogue တွေကစ Voice Actors တွေနဲ့ လုပ်ပေးထားတော့ လုံးဝ စိတ်ကျေနပ်စရာကောင်းတယ်။ 

တစ်ခုရှိတာက Story Chapter တွေ ပြီးသွားရင်တော့ Game က ပျင်းစရာကောင်းသွားနိုင်တယ်။ Event Story တွေ ပါလာရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် KonoSuba Fan တွေ‌တွက်တော့ သဘောကျစေမှာ သေချာတယ်။ မင်မင်လည်း အစကတော့ 3D RPG ထွက်စေခြင်တာ။ ဒါပေမယ့် 2D အတိုင်းလေးဘဲ ထုတ်ပေးတော့လည်း မပေါ့တော့ဘူးပေါ့။ တော်ကြာ 3D Character ကြမှ ဖင်ချွန်းသွားရင် ဒုက္ခ။

Game Information

Android version 6 . 0 +
Developer NEXON Company
Network Online
Price Free
App version 2.5.0
Release date 21.7.2021

Download Link

Type Size Link

Playstore

180 MB

Download

QooApp

 

183 MB

( SAI )

Download

Apple iOS

---

Coming Soon
 


#HELLOYDB


Comments

လူကြည့်အများဆုံး GAMES