Tales From The Wasteland ( CBT )

          လောလောဆယ် Thai မှာ Close Beta Test နေတဲ့ Survival Game လေးတစ်ခုဖြစ်ပြီး FarHarbor Studio ဆိုတဲ့ Developer အသစ်ကနေ ဖန်တီးပေးထားတာပါ။ Game Developer ကလည်း အသစ်ဖြစ်သလို CBT အဆင့်ဘဲရှိသေးတာကြောင့် China နဲ့ လွတ်မလွတ်ကို Information အတိကျမသိသေးပါဘူး။ Official ဆိုလို့ Thai Server Facebook Account ဘဲ ရှိတာပါ။ 

           Game ပုံစံက Badlanders တို့လို့ Loot လုပ်ရမယ့် Survival အမျိုးစားဖြစ်ပြီး First Mission မှာတော့ Graphic တော်တော်မိုက်တယ်လို့ ပြောရမယ်။ CBT မလို့ တစ်ချို့ Feature တွေ Unlock မဖြစ်သေးပေမယ့် Control Setting ကစ တော်တော်စုံအောင် ထည့်ပေးထားတာပါ။ Character အနေနဲ့ သုံးယောက်ဘဲပါဝင်ပြီး Customize တော့ လုပ်လို့မရပါဘူး။ ကျန်တာကတော့ Dive နဲ့ Slide လုပ်တာတွေ ပါတော့ ပစ်ရခတ်ရတာ Challenge တော့ဖြစ်တယ်။ နောက်ပြီး Map ထဲမှာက Player တွေတင်မကဘဲ AI Enemy တွေပါ ထည့်ပေးထားတာပါ။ လောလောဆယ် Multiplayer Mode ကတော့ CBT မှာ မရသေးပါဘူး။

⚠️ Game က Playstore မှာတော့ CBT Test ခွင့်ရဖို့ လိုလိမ့်မယ်။ ဒါပေမယ့် ဆော့ခြင်တဲ့သူတွေတွက် SAI Zip ဖိုင် ထပ်ထည့်ပေးထားတယ်။ SAI Zip ကနေ Install မလုပ်တတ်ရင် Blog ထဲက Download Link ဇယားအောက်မှာ SAI Install တင်နည်းဆိုတာကို ကြည့်ပေးပါ။ HELLO ရဲ့ Fan တွေကတော့ သိပြီးသားထင်တယ်။

( ကျန်းမာရေး ဂရုစိုက်ပေးကြပါ။ Mask တပ် လက်ဆေးတွေက သိနေပြီးသားဆိုပေမယ့် အိမ်မှာနေရင်လည်း လုံခြုံရေးကို ဂရုစိုက်ကြပါ။ )
[ Review ]

ပြောရရင် ဒီလို Loot လုပ်တဲ့ Game တွေက တကယ်လောင်တယ်။ အထူးသဖြင့် ကိုယ်က အားရပါးရ အကောင်းစားတွေ တပ်သွားရင်ပေါ့။ သေရင် အကုန်ပြောင်ရော။ ဒါပေမယ့် ဒီ Game မှာက Safe Place နှစ်နေရာ ထည့်လို့ရတယ်။ သေရင်တောင် အဲနေရာမှာ ထည့်ထားတဲ့ ပစ္စည်းနှစ်ခုက ကိုယ့်စီပါလာမှာပါ ။ ဒီတော့ Zone ထဲမဝင်ခင် Equipment ကို သေချာစဉ်စားသင့်တယ်။ ပြီးတော့ ဟိုမှာ ရတဲ့ ပစ္စည်းတွေကလည်း Console Game စက်တွေ၊ VR Headset တွေတောင် ပါတာနော်။
Graphic က First Gameplay မှာတော့ တော်တော်သဘောကျတယ်။ Zombie Apocalypse မဟုတ်ဘဲ Sci-Fi ဆန်ဆန် Apocalypse လေးဆိုတော့ အသစ်ဆန်းဖြစ်တယ်။ အဲထိက သဘောကျပေမယ့် Map ထဲကျမှ နည်းနည်း ပျင်းစရာကောင်းသွားတာ။ သိပ် ထူးထူးခြားခြား မဖြစ်တော့သလို ခံစားရတာ။ Official ကြရင် Feature အသစ်တွေ ပါနိုင်ပေမယ့် လောလောဆယ် CBT ထိတော့ မဆိုးဘူးပြောရမယ်။ နောက်ပြီး Graphic Setting ရဲ့ Option က တစ်ခုဘဲ ပါသလို Low နဲ့ High ကြားမှာတောင် တော်တော်ကွာတယ်။ 
ကျန်တာကတော့ Lobby စနစ်လေးထည့်ပေးထားတာကို သဘောကျတယ် ။ Player တွေတွက် Test Gift လည်း ပေးထားသလို အများစုကလည်း Thai Player တွေကြီးဘဲ ရှိတာပါ။ နောက်ပြီး Lobby မှာတောင် နေရာ နှစ်ခုပေးထားတာ။ ချုံပြောရရင် မဆိုးဘူး အဆင့်မှာဘဲ ရှိတာကြောင့် Data ကုန်ဖို့ရာတော့ အကြံမပေးဘူး။ ကျန်တဲ့ WiFi သမားတွေတော့ စမ်းကြည့်သင့်တယ်။

Game Information

Android version Unknown
Developer FarHarbor Studio
Network Online
Price Beta
App version Beta
Release date Beta

Download Link

Type Size Link

Playstore

580 MB

Test

Apkpure

 

583 MB

( SAI )

Download

Apple iOS

---

Coming Soon
 



#HELLOYDB



Comments

လူကြည့်အများဆုံး GAMES