Northgard Mobile

            ဒီတစ်ခေါက်အသစ်ထွက်လာတဲ့ Game ကတော့ PC နဲ့ Console ကနေ ဆင်းလာတဲ့ Premium Game ကြီးတစ်ခုဖြစ်ပြီး Strategy သမားတွေတွက် လုံးဝ သဘောကျစေမယ်ဆိုတာ သေချာပါတယ်။ Norse Mythology ကိုအခြေခံထားပြီး Vikings တွေရဲ့ နယ်မြေသစ်တွက် ယှဉ်ပြိုင်မှုတွေကို ဒီ Game မှာ စိတ်ဝင်စားဖွယ်ကောင်းလောက်အောင်ထိ မြင်တွေ့ရမှာပါ။ ဇာတ်အိမ်ကအစ ၁၅ နာရီ အထက် ကြာမြင့်မှာဖြစ်ပြီး Deeply Explore လုပ်ခဲ့ရင်တောင် နာရီလေးဆယ်ထိ ရှိနိုင်တာကြောင့် အချိန်အတော်ပေးရမယ့် Strategy Game ကောင်းကြီးတစ်ခုပါ။ 
            ဒီ Game ရဲ့ Story ပိုင်းမှာဆိုရင် သင်က The High King Hargurorf ရဲ့ သားဖြစ်သူ Rig နေရာကနေ ကစားပေးရမှာပါ။ တစ်နေ့ အဖေဖြစ်သူက ညီလာခံအစည်းဝေးမှာ သူတို့ရှာတွေ့ခဲ့တဲ့ နယ်မြေတွေထဲကမှ အထူးဆန်းဆုံးနဲ့ အန္တရာယ်အများဆုံး နယ်မြေသစ်တစ်ခုဖြစ်တဲ့ Northgard ကို ရွက်လွှင့်ဖို့ရာ ဆုံးဖြတ်ခဲ့ချိန်မှာဘဲ Raven Clan ရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို မထင်မှတ်ဘဲ ခံခဲ့ရပါတယ်။ ဒါပေမယ့် သေခြင်ယောင်ဆောင်ခဲ့တဲ့ သင်ကတော့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပြီး အဖေဖြစ်သူတွက် သင်ကိုယ်တိုင် ကလဲ့စားလိုက်ချေရတော့မှာပါ။ Northgard မှာ ဘယ်လို ထူးဆန်းမှုတွေ ပြည့်နေမလဲဆိုတာ မသိပေမယ့် Raven Clan ရဲ့ လက်ထဲကို မရောက်ဖို့တွက် သင်ကိုယ်တိုင် ဦးဆောင်ရတော့မှာပါ။ 

( All DLC Include )
[ Review ]

Game က Story Mode တင်မကဘဲ Single Player အနေနဲ့ Clan အများကြီးကိုပါ သီးသန့် ရွေးချယ်ပြီး ကစားလို့ရပါတယ်။ Clan တစ်ခုစီတိုင်းမှာ အားသာချက်ကိုယ်စီရှိကြပြီး AI Players တွေတင်မကဘဲ Map ရဲ့ Size နဲ့ Type တွေပါ စိတ်ကြိုက် ရွေးချယ်ပြီး ဖန်တီးလို့ရတာပါ။ ဒါ့အပြင် Clan အချို့ရဲ့ DLC ကိုပါ ထပ်ပြီး ‌Purchased လုပ်လို့ရပါသေးတယ်။
Gameplay ကတော့ Strategy မလို့ စီမံခန့်ခွဲမှုက အရေးပါပြီး နယ်မြေသစ်ရှာတာတွေ၊ အစာလောက်အောင် စီမံရတာတွေအပြင် ပြည်သူတွေကို ကာကွယ်ဖို့တွက် တပ်သားစီမံရတာတွေကစ ဘက်ပေါင်းစုံကနေ Management လုပ်ပေးရမယ့် Game ကောင်းတစ်ခုပါ။ သဘောတရားကို နားလည်လွယ်ပေမယ့် Pro ကျဖို့ကတော့ အတော်ခက်တဲ့ Game တစ်ခုလို့ ပြောလို့ရတယ်။ 
ဒီတော့ PC နဲ့ Console ကနေ ဆင်းလာတဲ့ Game တစ်ခုဖြစ်တာကြောင့် Mobile မှာ ဖုန်း Requirements တော့ အတော်လိုပါတယ်။ တစ်ခါတလေ fps drop တာမျိုးတွေ၊ ဖုန်းပူတာမျိူးတွေ ကြုံရနိုင်ပြီး Graphic Options နဲ့ပတ်သတ်ပြီးလည်း အသေးစိတ်မပါတာကြောင့် ဖုန်းတိုင်းနဲ့တော့ အဆင်ပြေပြေ ဆော့နိုင်မှာမဟုတ်ပါဘူး။ သဘောကျစရာကောင်းတဲ့အပိုင်းဆိုလို့ Scale Setting ကို လိုသလို ချိန်ညှိလို့ရတာပါ။ 
Game လေးက ဆော့ကောင်းသလို Playstore မှာတော့ R$ 29.99 နဲ့ ရောင်းချပေးနေပြီး iOS မှာတော့ 5.99 $ နဲ့ ရောင်းချပေးနေတာပါ။ ဒါ့အပြင် In Game မှာပါ Clan တွေကို ထပ်ဝယ်ရသေး‌တာကြောင့် Strategy သမားတွေတွက် အရမ်းသဘောကျစေမယ်ဆိုတာ အာမခံတယ်။ 

Game Information

Android version 8 . 0 +
Developer Playdigious
Network Offline
Price R$29.99
App version 1.5
Release date 24.8.2021

Download Link

Type Size Link

Playstore

880 MB

R$29.99

Full version

 

1 GB

( Apks File )

Download

Apple iOS

880 MB

5.99$

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES