Real Racing NEXT ( Early Access )

        လုံးဝကို မထင်ထားလွန်းလို့ ဘာပြောလို့ပြောရမှန်း မသိအောင်ထိ Suprise ဖြစ်ခဲ့တာပါ။ မင်မင်တို့ရဲ့ Legend Game ကြီးဖြစ်တဲ့ Real Racing ဟာ အခုလို Title အသစ်ဖြစ်တဲ့ Real Racing NEXT ကို ရုတ်တရက် ချပြလိုက်တော့ 8 နှစ်ကျော် စောင့်စားနေခဲ့ရတဲ့ Mobile Racing Fan တွေတွက်တော့ ထီပေါက်သလိုထိကို ဝမ်းသာရတာပါ။ လက်ရှိအချိန်ထိတော့ Early Access အနေနဲ့ Australia နဲ့ Canda မှာ Test ခွင့်ပေးထားပြီး Final Version မဟုတ်သေးတာတောင် လုံးဝကို လန်ပြန်ထွက်နေအောင် Epic Come back အနေနဲ့ ပေါ်လာခဲ့တာပါ။ သေချာတာကတော့ လွန်ခဲ့တဲ့ 8 နှစ်‌ကျော်က Game ကြီးက Graphic အကြမ်းကြီးနဲ့ ပြန်ရောက်လာတယ်ဆိုတာ အသေချာဘဲ။
            Game ရဲ့ UI တွေကစ အပြောင်းလဲတွေလုပ်ပေးထားပြီး အံ့ဩစရာကောင်းတာက အခု Test မှာတောင် Offline အနေနဲ့ ကစားလို့ရတာပါ။ Official Car တွေ၊ Road တွေကတော့ Graphic အမြင့်ဆုံးနဲ့ ပွဲထွက်လာခဲ့ပြီး Weather System ရဲ့ Environment Support ပေးမှုကြောင့် Game Graphic က တော်တော်ကြီးကို အိဖိန့်နေတာပါ။ အထူးသဖြင့် မင်မင်တို့ သဘောအကျဆုံး အပိုင်းတွေဖြစ်တဲ့ Real Car Engine Sound တွေနဲ့ Gear အတက်ကျ Auto , Manual အသံလေးတွေကို လုံးဝ လွမ်းနေတာ။ နောက်ပြီး ဒီ Game က မိုးရွာနေတုန်း Drive ရင် Road Reflection တွေ၊ Real Time Shadow Accurate တွေကစ သိသိသာသာကို အရမ်းသဘောကျစရာကောင်းတယ်။ ဒါတင်မဟုတ်သေးဘူး မင်မင်ကို Suprise ထပ်ဖြစ်စေတာက 120 fps ထိပါ ဒီ Game ကြီးက Support ပေးထားတာပါ။ 
            Early Access မလို့ Sponser Pass ကစ Premium ထိ အလကားရမှာဖြစ်ပြီး Trophies ပေါ်မူတည်ပြီးလည်း Gear Pack တွေ၊ New Car တွေကို Collect လုပ်နိုင်အုံးမှာပါ။ Graphic Settings တော့ Official ကြရင်တောင် ပါဖို့ရာ ရာခိုင်နှုန်းနည်းပြီး ကျန်တာကတော့ Control Type တွေကစ အရင် Game လိုဘဲ ထည့်ပေးထားတာပါ။EA က Optimize ကောင်းတော့ စိတ်ပူစရာမလိုဘူး။ ထူးခြားတာက Road Navigate ဒီဇိုင်းလေးတွေ ကြည့်ကောင်းလာတယ်။
လက်ရှိအထိ Official ထုတ်ထားတဲ့ System Requirements

OS : Android 6.0 (API 23) နဲ့ အထက်
RAM : 2 GB
CPU : Snapdragon 830+, Exynos 8895+
GPU : Mali G71+, Adreno 540+

အခု Test version ဟာ Android အတွက်ဘဲ ထွက်လာပြီး VPN ကျော်ပြီး ဆော့ရမှာပါ။ မင်မင်လည်း ဖိုင်ထုတ်ပေးခြင်ပေမယ့် Split Apks type မလို့ အဆင်မပြေတာပါ။ ဒီတော့ In Game ကြရင် 890 MB လောက် ထပ်ပြီး Download လုပ်ရမှာဖြစ်ပြီး Total Size ကတော့ 1.1 GB ရှိပါတယ်။ 

Game Information

Android version 6 . 0 +
Developer EA
Network Offline
Price Free
App version Early Access
Release date 15.9.2021

Download Link

Type Size Link

Playstore

23 MB

Download 

Mediafire

 

60 MB

( Apks File )

Download

Apple iOS

---

Coming Soon
 


Recommend VPN = HaloVPN

#HELLOYDB


⭐HELLO Rating ( 8.7/10 )⭐

Comments

Gipszaw said…
Gridautosport နဲ့ဘယ်ဟာပိုမိုက်လဲgraphic

လူကြည့်အများဆုံး GAMES