Assault Bots

° ဒီ Game လေးက Battle တွေကို အုပ်လိုက်ကြီး တိုက်ခြင်တဲ့သူတွေတွက် သဘောကျစေရုံတင်မကဘဲ ကိုယ့်ရဲ့ Robot Vehicle တွေပါ စိတ်ကြိုက် ဖန်တီးလို့ရတာကြောင့် အရမ်းမိုက်တာပါ။ USA အခြေစိုက် Blayze Games LLC ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Bullet Force တို့ Forward Assault တို့လို Game ကောင်းတွေ ဆော့ဖူးရင်တော့ ဒီ Developer ကို အများစု သိကြမှာပါ။
° Online ကော Offline ပါ ဆော့လို့ရပြီး Gameplay Mode အနေနဲ့ Battlefield လိုမျိုး Conquest Mode တွေပါ ထည့်ပေးထားတာကြောင့် သဘောကျကြမှာပါ။ Offline မှာ Bots တွေနဲ့ဆိုပေမယ့် Difficult ပါ ရွေးချယ်လို့ရတာကြောင့် လျော့မတွက်သင့်ပါဘူး။ Online မှာလည်း Multiplayer တွက် ကိုယ်ပိုင် Room နဲ့ပါ အယောက် 20 ထိ တူတူဆော့လို့ရတာကြောင့် Big Map 6 ခုနဲ့တင် သဘောကျစရာကောင်းတာပါ ။ အမိုက်ဆုံးကတော့ ကိုယ့်ရဲ့ Vehicle တွေကို သယ်နိုင်တဲ့ ဝန်ပေါ်မူတည်ပြီး လက်နက်အစုံထည့်ပေးလို့ရသလို Drone ဒါမှမဟုတ် လေယာဉ်ပျံတွေထိပါ စိတ်ကြိုက် ပုံစံပြောင်းပြီး ကစားလို့ရတာ‌ကြောင့် အရမ်းမိုက်ပါတယ် ။ လက်နက်အသစ်တွေ ၊ တခြား Customize Feature တွေကစ အများကြီးအများကြီး ‌ထည့်ပေးထားတာကြောင့် ကိုယ့်စိတ်ကူးထဲက Unique Vehicle တစ်ခုကို ဖန်တီးရုံပါဘဲ။
° ဒါ့အပြင် Graphic ကစ စထွက်တုန်းကထက် လုံးဝကို Improve လုပ်ပေးထားပြီး Explosion တွေ၊ လက်နက်ကြီးထိတဲ့ Smoke Effect တွေကစ အရမ်းကြည့်ကောင်းလာတာပါ။ အယောက် 20 ထိ ပါဝင်မယ့် Battle Zone ကြီးတစ်ခုဖြစ်တာကြောင့် အနာဂတ်စစ်ပွဲထဲထိ တကယ်ရောက်နေသလို ခံစားရမယ်ဆိုတာ သေချာပါတယ်။ ဒါ့အပြင် Third Person View တင်မကဘဲ First Person View နဲ့ပါ ချိန်းပေးလို့ရတာကြောင့် Setting ပိုင်းမှာလည်း Option အတော်များများကို ပေးထားတဲ့ Game ကောင်းတစ်ခုပါ။ ဒီတော့ စိတ်ကြိုက် အနာဂတ် Battle ကြီးတစ်ခုကို စတင်ဖို့တွက် အခု Game လေးက စိတ်ကျေနပ်မှု ပေးမယ်ဆိုတာ သေချာပါတယ်။
[- Review -]

ဒီ Game က အကြောင်းမဲ့တင်ပေးတာတော့ မဟုတ်ပါဘူး။ ဘာလို့ဆို နောက်ထွက်လာမယ့် Game တွက် စာရေးရတာ အဆင်ပြေအောင် တစ်ခါတည်း တန်းတင်ပေးထားတာပါ။ တကယ်လည်း ဆော့ရတာ သဘောကျစရာကောင်းသလို Update မှာလည်း Fix အများကြီး ပြင်ပေးထားတာကြောင့် ဆော့ရတာ ကျေနပ်စရာကောင်းတယ်။ အထူးသဖြင့် ဒီလို Own Idea နဲ့ Create လုပ်ရတဲ့ Gameplay တွေဆိုရင် မင်မင်ကတော့ အရမ်းသဘောကျတယ်။ ကိုယ့်လက်နက် မကြိုက်ရင်တောင် အဖျက်ဆီးခံရတဲ့ Vehicle တွေထဲက လက်နက်တွေကစ ပြောင်းကိုင်ကြည့်လို့ရတယ်။ Map တိုင်းကလည်း ကျယ်တော့ မင်မင်ကတော့ ဆော့ကြည့်ဖို့ရာ အကြံပေးတယ်။

Game Information

Android version 4 . 4 +
Developer Blayze Games L.L.C.
Network Online / Offline
Price Free
App version 0.034
Release date 2021

Download Link

Type Size Link

Playstore

400 MB

Download

Mediafire

 

293 MB

( Apk+Obb )Zip

Download

Apple iOS

---

Coming Soon
 

⭐ ( HELLO Rating = 8.7 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES