Ryuko Legend of Shadow Hunter

° အခုဆို အများစုဆော့ခြင်နေကြတဲ့ RPG Game လေးဟာ Free To Play အနေနဲ့ Android ပေါ်ကို Official ထွက်လာခဲ့ပါပြီ။ ဆွစ်ဇာလန်နိင်ငံ အခြေစိုက် Horizon Games Developer ကနေ ထုတ်‌လုပ်ပေးထားတာဖြစ်ပြီး အရင်က ထုတ်ပေးခဲ့တဲ့ Takashi Ninja Warrior နဲ့တင် အောင်မြင်မှု အတော်ရခဲ့တာပါ။ ဒီတစ်ခါ Game မှာလည်း အရင်ကထက် ပိုကောင်းတဲ့ Features အသစ်တွေနဲ့အတူ Ryuko ဆိုတဲ့ Shadow Hunter ကောင်မလေးတစ်ယောက်ကို ထုတ်ပြခဲ့ပြီး မျက်လုံးကို အဝတ်စည်းပေးထားတဲ့ ဒီဇိုင်းကြောင့် Official မထွက်ခင်မှာတင် အရမ်း Hot ဖြစ်ခဲ့တယ်ဆိုတာ မမှားပါဘူး။
° Game ရဲ့ ဇာတ်အိမ်ကို Medieval Japan ခေတ်မှာ ဇာတ်အိမ်တည်ထားပြီး အဖိုးဖြစ်သူကို လိုက်ရှာရမယ့် မြေးမလေး တစ်ယောက်နေရာကနေ ကစားရမှာပါ။ ဟိုအရင်တုန်းက Kurome ဆိုတဲ့ ဒီနယ်မြေဟာ Ninja Warrior တွေပြည့်နေတဲ့ အေးချမ်းတဲ့ ဒေသတစ်ခုဖြစ်ပြီး ‌တစ်နေ့မှာတော့ ထူးဆန်းတဲ့ မှော်အစွမ်းတွေနဲ့အတူ အများစုဟာ ရုတ်တရက်ကျိန်စာသင့်ခဲ့ပါတယ်။ ကျိန်စာအသင့်ခံရတဲ့သူရဲ့ မျက်လုံးဟာ အမဲရောင်ကို ပြောင်းလဲသွားခဲ့ပြီး Demon အဖြစ်နဲ့ မျက်လုံးခြင်းစုံမိသူတိုင်းကို ပြောင်းလဲသွားစေတာကြောင့် Ryuko ဟာ သူမရဲ့ မျက်လုံးတွေကို အဝတ်စည်းထားခဲ့တာပါ။ ကြာလာတာနဲ့အမျှ ကျိန်စာဟာ နယ်မြေတစ်ခုခြင်းစီကို ပိုကူးစက်သွားခဲ့ပြီး အချိန်မှီရပ်တန့်ဖို့နဲ့ အဖိုးဖြစ်သူကို လိုက်ရှာဖို့တာဝန်ဟာ ဒီ Game ရဲ့ အဓိက ဇာတ်လမ်းလေးဖြစ်လာခဲ့ပါတယ်။
° Gameplay ဟာ Action RPG အမျိုးစားဖြစ်တာကြောင့် Third Person View နဲ့တင် အများစု သဘောကျကြမှာပါ။ အတော်များများ ဆော့ခြင်နေကြတဲ့ Storyline Type မျိုးတင်မကဘဲ နယ်မြေတွေကိုပါ Open World ဆန်ဆန် စိတ်ကြိုက် Explore လုပ်လို့ရတာကြောင့် အရမ်းကို မိုက်တယ်လို့ပြောလို့ရတယ်။ Combat တွေကစ Weapon အစုံချိန်းလို့ရပြီး Counter Slide တွေပါ Skill ကျကျ အသုံးပြနိုင်တာကြောင့် Stealth လုပ်တာတွေကို သဘောကျတဲ့ Fan တွေတွက်တော့ အကြိုက်တွေ့စေမှာပါ။ Difficult မြင့်တဲ့ Game တစ်ခုဖြစ်တဲ့အပြင် Graphic ကစ Phone ပေါ်မူတည်ပြီး Optimized တန်းလုပ်ပေးတာကြောင့် Performance ပိုင်းကတော့ အပြည့်ဝရစေမယ့် Game ကောင်းတစ်ခုပါ။ Blood Effect တွေ ၊ တိုက်ရင်းခိုက်ရင်း ပတ်ဝန်းကျင်ပေါ်လိုက်ပြီး ဖုန်ထသွားတာတွေကစ Detail ဖြစ်တာကြောင့် အရမ်းသဘောကျမှာ အာမခံတယ်။ Size လည်း နည်းတော့ လုံးဝကို လက်မလွတ်သင့်တာနော်။
[- Review -]

အမှန်တိုင်းပြောရရင် Official မှာ မင်မင်တော့ နည်းနည်းလေး စိတ်ပျက်မိတယ်။ မကောင်းဘူး မဟုတ်ဘူး အကုန် Graphic Effect ကစ Beta တုန်းကထက် တော်တော်လေး Improve လုပ်ပေးထားပေမယ့် Energy System ကြီးကို ချဲ့ပစ်လိုက်တော့ ဆော့ရတာ နည်းနည်း Feel ကျဲသွားတယ်။ အရင် ဆော့တုန်းက တွေ့ရာ Box တိုင်းကို လိုက် ဓားနဲ့ ခွဲလို့ရပေမယ့် အခု Official ကျတော့ Energy ပေးမှ ခွဲလို့ရတာမျိုးပါ။ အဆိုးဆုံးကတော့ နယ်မြေ တစ်ခုရောက်ဖို့ရေး Energy မပြည့်မချင်းထိုင်စောင့်နေရတော့ တော်တော်လေး ဆိုးသွားတယ်။
အကြံပေးရရင် တစ်သက်မှတ်တည်းမသွားဘဲ တစ်နေရာရောက်တိုင်း လိုက်စူးစမ်းပါ။ အရေးကြီးဆုံးကတော့ Checkpoint ဖြစ်တဲ့ နတ်စဉ်နားရောက်တိုင်း Reset လုပ်ပေးဖို့ မမေ့နဲ့။ နောက်ပြီး တကယ်လို့ သေသွားရင်တောင် ကျကျန်ခဲ့တဲ့ ပစ္စည်းတွေကို အဲဒီသေတဲ့နေရာမှာတင် သွားပြန်ယူလို့ရတယ်။ တခြား Features တွေကတော့ ဆော့ရင်းနဲ့ တဖြည်းဖြည်းနားလည်လာမှာမလို့ သိပ်ရှင်းပြစရာမလိုဘူး။ Damage အများကြီး ထိတိုင်းလည်း ရန်သူကို မလန့်နဲ့ အထာကျရင် ဆက်တိုက် မလှုပ်နိုင်အောင် Counter Dash တွေနဲ့ သတ်လို့ရတယ်။

Game Information

Android version 5 . 0 +
Developer Horizon Games
Network Offline
Price Free
App version 1.0.22
Release date 28.10.2021

Download Link

Type Size Link

Playstore

173 MB

Download

Mediafire

 

143 MB

( Compressed  )

Download

Apple iOS

---

Coming Soon
 

⭐ ( HELLO Rating = 8.7 / 10 ) ⭐

#HELLOYD

Related Posts

  • Behind The Frame             ဒီတစ်ခါ အသစ်ထွက်လာတဲ့ Indie Game လေးက ဒီလ ရဲ့ အကောင်းဆုံးနဲ့ ဆော့ကြည့် အသင့်ဆုံး Game ကောင်းလေးတစ်ခုဖြစ်ပြီး PC ကော Mobile မှာပါ တန်းတူထွက်လာတဲ့ Paid Game ကောင… Read More
  • Air Attack 2           အရမ်း မိုက်တဲ့ Arcade Shooter Game လေးဖြစ်ပြီး အမှတ်တရတွေ အများကြီး သတိရစေမယ်လို့ ထင်ပါတယ်။ ဖုန်းတွေ ပေါ်ခါစတုန်းက ဒီ Game ရဲ… Read More
  • Titan Glory             အသစ်ထွက်လာတဲ့ ဒီ Game လေးက Fan တွေ မျှော်လင့်နေတဲ့ Atypical ရဲ့ နောက်ထပ် အမိုက်ဆုံး Game ကောင်းတစ်ခုဖြစ်ပြီး Graphic ဦ… Read More
  • WILL A Wonderful World           ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Game လေးကတော့ လူတိုင်းဆော့နိုင်မယ့် Game မျိုးတော့မဟုတ်ပါဘူး။ PC နဲ့ Console ပေါ်မှာလည်း ထွက်ပေးထားပြီး တခြား Game တွေနဲ့ မတူဘဲ Unique ဖြစ… Read More
  • Blade & Soul 2 ( Korea )           ဒီ‌နေ့ထွက်လာတဲ့ Game အသစ်လေးက တောင်ကိုရီးယားအခြေစိုက် NCSOFT ရဲ့ MMORPG Game တစ်ခုဖြစ်ပြီး အရင်ကထွက်ထားတဲ့ Blade & Soul ရဲ့ Sequel အနေနဲ့ဘဲ 2 အနေနဲ့ ဆက်ထွက်လာတာပ… Read More

Comments

လူကြည့်အများဆုံး GAMES