The Coma Cutting Class

° ဒီ Game ဟာ Playstation , Xbox နဲ့ Nintendo Switch တို့မှာ ထုတ်ပေးထားတဲ့ Survival Horror Game တစ်ခုဖြစ်ပြီး Mobile မှာပါ Release လုပ်ပေးခဲ့တာပါ။ တောင်ကိုရီးယားအခြေစိုက် Devespresso Games ကနေ ထုတ်လုပ်ဖြန့်ချီပေးတာဖြစ်ပြီး Page မှာလည်း 2019 မှာတုန်းက တင်ပေးခဲ့ပါသေးတယ်။ အရမ်းကောင်းလွန်းတဲ့ Game တစ်ခုမလို့ Repost အနေနဲ့ အခုပြန်တင်ပေးတာဖြစ်ပြီး မဆော့ရသေးတဲ့သူတွေတွက်တော့ ဆော့ကိုဆော့ကြည့်သင့်တယ်လို့ အကြံပေးခြင်တာပါ။ Playstore မှာလည်း အခုထိ R$ 15.99 နဲ့ ရောင်းချပေးနေတဲ့ Rating မြင့် Paid Game လေးမလို့ အရမ်းသဘောကျကြမှာပါ။
° ဒီ Game မှာဆိုရင် သင်က အသက် 17 နှစ်အရွယ် ကျောင်းသားသစ်ဖြစ်တဲ့ Youngho Choi နေရာကနေ ကစားပေးရမှာဖြစ်ပြီး Final Exam မ‌ဖြေခင် ညမှာ အိမ်မက်ဆိုးတွေနဲ့ အတူ စိတ်ဂယောင်ခြောက်ခြားဖြစ်နေခဲ့တာပါ။ နောက်နေ့ မနက် စာမေးပွဲဖြေဖို့ Sehwa High ကျောင်းကို ရောက်တဲ့အချိန်မှာတော့ Uniform မတူတဲ့ Yaesol ဆိုတဲ့ ထူးဆန်းတဲ့ ကောင်မလေးတစ်ယောက်နဲ့ စုံခဲ့ပြီး ဖြစ်ခြင်တော့ ကျောင်းမှာလဲ လူသေမှုတစ်ခုဟာ မထင်မှတ်ဘဲ ဖြစ်ပွားနေခဲ့တာပါ။ ကျောင်းသားတစ်ယောက် ကျောင်းဝန်းထဲမှာတင် Suicide လုပ်သွားခဲ့ပြီး တစ်ကျောင်းလုံးဟာလည်း ဆရာ၊ဆရာမပါမကျန် အကုန် အုံ့အုံ့ကျက်ကျက်ဖြစ်နေခဲ့ပေမယ့် စာမေးပွဲဟာ ပုံမှန်တိုင်းဘဲ ဆက်ကျင်းပခဲ့ပါတယ်။ Final Exam ဖြစ်တာနဲ့အညီ Major 4 ခုစလုံးကို တစ်နေ့တည်းမှာတင် အပြီးဖြေရမှာဆိုတော့ အများစုဟာလည်း Stress ကြောင့် Suicide သွားတယ်လို့ ထင်ခဲ့ကြတာပါ။
° ထူးဆန်းတာက Suicide လုပ်သွားတဲ့ ကောင်လေးအလောင်းရဲ့ နေရာမှာ ဆွဲကြိုးလေးတစ်ခုကျကျန်နေခဲ့ပြီး သင်ကတော့ အတန်းပိုင်ဆရာမရဲ့ ပစ္စည်းအထင်နဲ့ ပြန်ပေးဖို့ရာ ကောက်ယူခဲ့ပါတယ်။ အတန်းပိုင်ဆရာမ Ms Song ဟာ တစ်ကျောင်းလုံးက K-pop Idol လို့ သတ်မှတ်ရ‌လောက်အောင်ထိကို Body ကောင်းကောင်းနဲ့ အရမ်းချောအရမ်းလှတဲ့ ဆရာမ‌တစ်ယောက်ဖြစ်ပြီး ကျောင်းသားတွေပေါ်လည်း အရမ်းဂရုစိုက်တတ်တဲ့ ဆရာမတစ်ယောက်ပါ။ ‌နောက်ဆုံး စာမေးပွဲ‌ဖြေမယ့် အခန်းဝကျမှ ဆရာမ Ms Song နဲ့ သင်ဟာ စုံခဲ့ပြီး စားမေးပွဲ‌ ဖြေပြီးရင် သူနဲ့လာတွေ့ဖို့ရာလည်း မှာခဲ့ပါတယ်။ သင့်အတွက်တော့ ဒါဟာ ပစ္စည်းပြန်ပေးဖို့တွက် အခွင့်ရေးကောင်းတစ်ခုလို့ ထင်ခဲ့ပေမယ့် အခြေနေတွေဟာ ကြိုတွေးထားသလို‌တော့ မဟုတ်ခဲ့ပါဘူး။
° စာမေးပွဲ‌ဖြေနေရင်း ရုတ်တရက် မျက်ခွံတွေလေးပြီး အိပ်ပျော်သွားခဲ့တာကြောင့် ပြန်နိုးလာတဲ့ အချိန်မှာတော့ ညသန်းခေါင်‌ကျော်အချိန်ကြီး ကျောင်းဝန်းထဲမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့တာပါ။ ဒီလိုနဲ့ အိမ်ပြန်ဖို့ အတန်းအပြင်ထွက်လိုက်တဲ့အချိန်မှာ‌‌တော့ လုံးဝ မထင်မှတ်ထားတဲ့ အဖြစ်ပျက်ကြီးကို နှလုံးခုန်ရပ်မတန့် ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ အတန်းပိုင်ဆရာမ Ms Song ဟာ သင့်ကို လိုက်သတ်ဖို့ ကြိုးစားနေတာဖြစ်ပြီး လက်ထဲမှာလည်း သွေးတွေ တစ်စက်စက်နဲ့ အရင်က သင်သိခဲ့တဲ့ အတန်းပိုင်ဆရာတစ်ယောက်ပုံစံမဟုတ်တော့ဘဲ အရမ်းကို သွေး‌ဆာနေတဲ့ ဘီလူးသရဲစီးနေသလိုထိကို ရယ်သံကြီးနဲ့အတူ သင့်နောက်ကို အသားကုန်လိုက်လာတာပါ။ ဒီကျောင်းဝန်းကြီးထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပေမယ့် သေချာတာကတော့ သင် ဒီကျောင်းကြီးကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာပါ ? ဆရာမ Ms Song ကကော ဘယ်လိုဖြစ်သွားတာလဲ ? သရဲဝင်စီးခံရတာလား ဒါမှမဟုတ် Psycho ဆန်တဲ့ ဆရာမတစ်ယောက်ဆိုတာလား သိခြင်ရင် ကိုယ်တိုင်ဘဲ ဆော့ကြည့်တော့နော်။

( အကြောက်လွန်တတ်တဲ့ စိတ်ရှိရင် မဆော့ကြဖို့ရာ သတိပေးပါတယ် )
[ Review ]

အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းပိုင်းတင်မကဘဲ Gameplay ကပါ အရမ်း Challenge ဖြစ်ပြီး ကြောက်စရာကောင်းတာပါ ။ 2D Platform ပုံစံနဲ့ ဖန်တီးပေးထားပြီး ကျောင်းဝန်းကြီးတစ်ခုလုံးကို တစ်ယောက်တည်း Explore လုပ်ရမှာဆိုတော့ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို အမှောင်ချပေးထားပြီး ဓာတ်မီးတဝင်းဝင်းနဲ့ လိုက်ရှာရမယ့် 2D Graphic လို Game မျိုးကတောင် သင့်ကို အသံနဲ့တင် နှလုံးခုန်ရပ်မတန့်ခံစား‌စေရမှာပါ။ ရုတ်တရက်ထွက်လာတဲ့ Jump Scare တွေက သင့်ကို ဘယ်ပြေးလို့ပြေးရမှန်းမသိအောင်ထိကို ပြာယာခက်စေမှာဖြစ်ပြီး Control ကစ Stamina နဲ့အတူ ပြေးတာ ၊ Quick Roll လုပ်တာတွေကစ ထည့်‌ပေးထားတာပါ။ ပြောင်ရရင် အသက်အောင့်တာတွေကစ ပါသေးတော့ Horror Game တစ်ခုကို အပီပြင်ဆော့ရစေမှာ အာမခံတယ်။
နောက်ပြီး Survival မလို့ HP အတွက် ကျောင်းဝန်းတစ်လျှောက်လုံးထိကိုပါ Coin နဲ့ စားစရာတွေ လိုက်ရှာပေးရအုံးမှာပါ။‌ ဒါ့အပြင် သဲလွန်စ Note တွေကစ ဇာတ်လမ်းကို ပို Deep အောင် လမ်းပြပေးမှာမလို့ ဒီ Game က ဆော့ရတာ တကယ်ကိုတန်ပါတယ်။ Save စနစ်က In Game မှာတင် Manual Saved လုပ်ပေးရမှာဖြစ်ပြီး ရောက်တဲ့နေရာတိုင်း သတိမလွတ်ဖို့တွက် အရမ်းအရေးကြီးပါတယ်။ Size နည်းနည်းလေးနဲ့ အရမ်း‌ဆော့ကောင်းတဲ့ Game တစ်ခုမလို့ Horror Fan တွေက ဆော့ကို ဆော့ဖူးသင့်တာပါ။ Spoiler ဖြစ်မှာစိုးလို့ ဆက်မပြောခြင်ပေမယ့် ဒီ Game ဟာ သင်ထင်ထားသလို မဟုတ်ပါဘူး။ သိတယ်မလား Asia Horror တွေက တကယ်ကို Vibe အပြည့် ခံစားရတယ်။

Game Information

Android version 6 . 0 +
Developer Dodam Games
Network Offline
Price R$ 15.99
App version 1.0.2
Release date 2019

Download Link

Type Size Link

Playstore

200 MB

R$ 15.99

Mediafire

 

130MB

( Apk+Obb )Zip

Download

Apple iOS

800 MB

4.99 $
 


⭐ ( HELLO Rating = 8 / 10 ) ⭐

#HELLOYDB

Comments

Unknown said…
Coma2ပါတင်ပေးပါနော်

လူကြည့်အများဆုံး GAMES