Legendary Tales Stolen Life
° အသစ်ဆော့ခြင်နေတဲ့ Adventure သမားတွေတွက် Ukraine အခြေစိုက် Five BN ရဲ့ နောက်ဆုံးထွက် Hidden Object အမျိုးစား Puzzle Game တစ်ခုဖြစ်ပြီး အရင်က Game ဟောင်းတွေလို မဟုတ်တော့ဘဲ နောက်ဆုံးပေါ် ဖုန်းတွေတွက်ပါ Screen Fix ဖြစ်သွားတာကြောင့် အရမ်းသဘောကျစရာကောင်းတာပါ။ ဒါ့အပြင် PC မှာ Paid Game အနေနဲ့ ထွက်ခဲ့ပေမယ့်လည်း Mobile တွက် Free To Play ကိုမှ Microtransaction စနစ်နဲ့ Paid Hint ပုံစံပြောင်းလဲလာခဲ့တာပါ။ Android တွက်တော့ FTP အနေနဲ့ထွက်ထားပြီး iOS မှာတော့ Paid ကော Free အနေနဲ့ပါ နှစ်မျိုးထွက်ထားပါတယ်။ Paid ကတော့ $6.99 နဲ့ တန်းပေးဝယ်ရမှာဖြစ်ပြီး FTP ကတော့ In-Game Purchases ပုံစံနဲ့ သွားမှာပါ။
° ဒီဇာတ်လမ်းထဲမှာဆိုရင် မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်နှမ နှစ်ယောက်ဖြစ်တဲ့ Lucia နဲ့ Ulf ဟာ စားသောက်ဆိုင်လေးတစ်ခုကို ဖွင့်ပြီး အေးအေးချမ်းချမ်း နေခဲ့ကြပေမယ့် သူမရဲ့အကို အသက် ၁၈ နှစ်ပြည့်တဲ့နေ့မှာဘဲ ပျော်ရွှင်စရာတွေဟာ အဆုံးသတ်ခဲ့ပါတယ်။ အကြောင်းကတော့ နယ်မြေကို ကြီးဆိုးနေတဲ့ စုန်းမတစ်ယောက်ဟာ သူမရဲ့ အကိုဖြစ်သူကို လာရောက်ဖမ်းစီးတဲ့အချိန်မှာဘဲ ဘယ်လိုမှ မထင်ထားခဲ့တဲ့ အကိုဖြစ်သူဟာလည်း သမန်းဝံပုလွေတစ်ကောင်ဖြစ်နေခဲ့တယ်ဆိုတာကို သိခဲ့ရတာပါ။ မှော်အတတ်တွေအောက်မှာ မရုန်းနိုင်တော့တော့ အကိုဖြစ်သူဟာ နောက်ဆုံးမှာတော့ စုန်းမရဲ့ ဖမ်းဆီးခြင်းကို ခံသွားရပြီး သင့်အနေနဲ့ အကိုဖြစ်သူကို ပြန်ကယ်ဖို့တွက် ဒီ Game မှာ အရာရာကို တစ်ယောက်တည်း စွန်းစားရမှာပါ။
[- Review -]
Hidden object ဆိုတော့ ထုံးစံတိုင်း ဇာတ်လမ်းသွားကိုမှ Puzzle လေးတွေနဲ့ ရောစပ်ပေးထားတဲ့ Game အမျိုးစားတစ်ခုပါ။ ဒီလို Game တွေက အရင် အဟောင်းတွေမှာ Screen အပြည့်မဖြစ်တာမျိုးတွေ ကြုံခဲ့ရပေမယ့် အခု Game အသစ်တွေမှာတော့ Screen ratio အပြည့်နဲ့ တကယ်ကို HD version တွေ ထုတ်လာကြတာပါ။ အဲအချက်က Hidden object Fan တွေတွက် ဝမ်းသာစရာဖြစ်သလို Free To Play ကိုမှ In-App purchases စနစ်နဲ့ ထုတ်ပေးတာကြောင့် လူတိုင်းကစားနိုင်တာလည်း သဘောကျစရာကောင်းပါတယ်။ Hint တွေကို Paid လုပ်မှ သုံးလို့ရတာမျိုးဆိုတော့ Free To Play သမားတွေတွက် အတော် Challenge ဖြစ်တယ် ပြောရမယ်။
ဇာတ်လမ်းလေးကလည်း မဆိုးဘူးလို့ ပြောလို့ရသလို Cutscene တွေ Voice Actors တွေနဲ့ ထုံးစံတိုင်း Movie တစ်ခုလို ကစားရမှာမလို့ သဘောကျကြမှာပါ။ Hint တွေက Paid ဆိုပေမယ့် Admin ကတော့ Android သမားတွေတွက် Mod version ထည့်ပေးထားတယ်နော်။ ကြိုက်သလောက်သုံးလို့ရပေမယ့် အရသာပျက်မှာစိုးလို့ တအားကြီးတော့ မသုံးစေခြင်ဘူး။ တစ်ခါတလေ ဦးနှောက်ကိုလည်း Level မြင့်အောင် ဖြေရှင်းခိုင်းသင့်တာပေါ့။
Android version | 5 . 0 + |
Developer | Five BN Games |
Network | Offline |
Price | Free |
App version | 1.0.1 |
Release date | 25.10.2021 |
Download Link
Type | Size | Link |
Playstore |
890 MB |
Download |
Mediafire
|
860 MB ( Apk+Obb )Zip |
Download |
Apple iOS |
966 MB |
Download |
⭐ ( HELLO Rating = 7.4 / 10 ) ⭐
#HELLOYDB
Comments