Niffelheim Mobile

° ဒီနေ့ အသစ်ထွက်လာတဲ့ Game လေးက PC , Playing Station 4 , Xbox One နဲ့ Nintendo Switch တို့မှာ ထုတ်ပေးထားတဲ့ Survival RPG Game တစ်ခုဖြစ်ပြီး Vikings Stories တွေကို အခြေခံထားတာကြောင့် အရမ်းစိတ်ဝင်စားစရာကောင်းပါတယ် ။ ကြေငြာတုန်းကတော့ iOS တွက်လို့ ပြောခဲ့ပေမယ့် Release လုပ်ပြီး သိပ်မကြာခင်မှာဘဲ အခု Android တွက်ပါ Premium Game တစ်ခုအနေနဲ့ R$27.99 နဲ့အတူ Playstore ပေါ်ကို ရောက်ရှိလာခဲ့တာပါ။ တခြား Platforms တွေမှာပါ လူကြိုက်များခဲ့တာကြောင့် Mobile Player တွေတွက် အကြိုက်တွေ့စေမှာ သေချာပါတယ်။ 
° ဒီ Game ဟာ Scandinavian ဒဏ္ဍာရီကို အခြေခံထားပြီ စစ်ပွဲမှာ သေဆုံးသွားတဲ့ Viking တစ်ယောက်နေရာကနေ ကစားရမှာပါ။ ဟုတ်ပါတယ် သင်ဟာ အစကတည်းက သေဆုံးပြီးသားလူတစ်‌ယောက်ဖြစ်ပြီး Norse ဒဏ္ဍာရီတွေရဲ့ ယုံကြည်မှုတစ်ခုဖြစ်တဲ့ စစ်မှန်တဲ့ Warrior တွေရဲ့ တမလွန်ဟာ နတ်ဘုရားဖြစ်တဲ့ Odin နဲ့အတူ Valhalla မှာ စုံတွေ့ခွင့်ရမှာဖြစ်ပြီး သင်ရဲ့ ဝိဉာဉ်ကတော့ မထင်မှတ်ထားဘဲ Niffelheim ရဲ့ အမှောင်ကမ္ဘာထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဲဒါကြောင့် အမှောင်ကမ္ဘာထဲမှာ အသက်ရှင်ဖို့ရာတွက် ကြိုးစားရင်း Asgard ကို ရောက်ဖို့တွက် Portal အပိုင်းစတွေကိုပါ လိုက်လံရှာဖွေရမှာပါ။ ဒါ့အပြင် စိတ်ဝင်စားစရာကောင်းတာက ဒီကိုရောက်လာတဲ့ Viking တွေထဲမှာ သင်တစ်ယောက်တည်းမဟုတ်ပါဘူ။

ဒီတော့ တမလွန်ဘဝမှာတောင် Viking တစ်ယောက်တွက် နောက်ထပ် ဘယ်လို စိတ်ခေါ်မှုမျိုးတွေ ကြုံ‌တွေ့ရအုန်းမလဲဆိုတာ သိခြင်ရင်တော့ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ 
[- Review -]

Game က 2D Platform ပုံစံဖန်တီးထားပေမယ့် အရမ်းကို Detail ဖြစ်ပါတယ်။ Hand Drawn Graphic မလို့ Environment က အရမ်းကို ကြည့်ကောင်းပြီး နေ့ညအလိုက် ပြောင်းသွားတဲ့ ပုံစံတွေကစ တကယ်ကို အတော်လှတဲ့ Game တစ်ခုပါ။ Survival Game မလို့ အသက်ရှင်ဖို့ရာတွက် ရိက္ခာတွေကို တောထဲမှာ လိုက်စုရမှာဖြစ်ပြီး ကိုယ့်ရဲ့ နယ်မြေကိုပါ Strong ဖြစ်အောင်လို့ Building ပိုင်းတွေကစ ထည့်ပေးထားတာပါ။ Dungeon တွေကစ စိတ်ကြိုက် ဝင်တွယ်လို့ရပြီး ကိုယ့်ဘက်က Strong မဖြစ်သေးရင်တော့ Deep ဖြစ်တဲ့ထိ Explore လုပ်ဖို့ရာအကြံမပေးပါဘူး။ ဘာလို့ဆိုတော့ ဒီ Game မှာက သေသွားရင်တောင် ဝိညာဉ်ဘဝနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို လိုက်ရှာပေးရမှာဖြစ်ပြီး Items တွေပါ Drop နိုင်ချေရှိတာပါ။
သစ်ခုတ်၊ဘာညာတွေတွက် Crafting ပိုင်းတွေပါ ပါဝင်ပြီး ရလာတဲ့ သီးနှံ၊အသားတွေကိုပါ Cooking လုပ်လို့ရပါတယ်။ ဒါ့အပြင် Mining တွေ ၊ Hunting တွေကစ ပါဝင်တာကြောင့် Survival သမားတွေတွက်တော့ လုံးဝ အကြိုက်တွေ့စေမှာပါ။ Level တိုးလာတာနဲ့အမျှ ကိုယ့်ရဲ့ Character ပါ Strong ဖြစ်လာမယ့်အပြင် Skill Upgrade တွေကစ အများကြီးပါသေးတာကြောင့် အရမ်းမိုက်ပါတယ်။ Town ထဲက Trade လုပ်လို့ရတဲ့ Shop တွေအပြင် Quest တွေကနေပါ Rewards တွေပေးသေးတာကြောင့် ဆော့ရတာ အားရစရာကောင်းတယ်။ PC ပေါ်ကနေ ဆင်းလာတဲ့ Game တစ်ခုဖြစ်တာကြောင့် PTP ဖြစ်ပေမယ့် Mobile Game တွေမှာ တွေ့ရလေ့ရှိတဲ့ Microtransaction ပိုင်းတွေ လုံးဝပါဝင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တကယ်ဆော့မယ့်သူတွေတွက် ကျေနပ်စရာကောင်းတဲ့ Game တစ်ခုပါ။

Game Information

Android version 8 . 0 +
Developer Ellada Games
Network Offline
Price R$27.99
App version 1.5.4
Release date 30.11.2021

Download Link

Type Size Link

Playstore

504 MB

R$27.99

Mediafire

 

493 MB

( Apk+Obb )Zip

Download

Apple iOS

558 MB

Download


⭐ ( HELLO Rating = 7.5 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES