Legendary Tales 2 Cataclysm
° Puzzle Adventure သမားတွေတွက် နောက်ထပ် Game သစ်လေးကတော့ Legendary Tales
Series ရဲ့ ဒုတိယမြောက် Title အသစ်ဟာ Mobile ပေါ်ကို ရောက်ရှိလာတာပါ။ အရင်
တင်ပေးခဲ့တဲ့ Legendary Tales Stolen Life ရဲ့ Universe ထဲမှာတင်ရှိနေတာဖြစ်ပြီး
ဒီတစ်ခါမှာတော့ Witch မလေးဖြစ်တဲ့ Scarlett ရဲ့ ဇာတ်ကြောင်းကို ဦးစားပေးထားတာပါ။
Stolen Life ရဲ့ အဖြစ်ပျက်အပြီး Scarlett ဟာ ခရီးတစ်ခုထွက်နေစဉ်မှာဘဲ ရှေ့ပြေး
နိမိတ်တစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ကျွန်းကြီးရဲ့ မီးတောင်တစ်ခုကြောင့်
ကပ်ဆိုးကြီးကျ ရောက်တော့မယ့် ဆိုတာပါ။ ဒီလိုနဲ့ Scarlett တစ်ယောက် အခြေနေကို
မသိလိုက်ခင်မှာဘဲ ဒီကပ်ဆိုးကြီးဖြစ်မလာဖို့တာဝန်ဟာ သူမအပေါ်ကို
ကျရောက်လာခဲ့ပါတယ်။
° ဒီတော့ Scarlett တစ်ယောက် ကပ်ဆိုးကြီးကို တားဆီးနိုင်ပါ့မလားဆိုတာကိုတော့
ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ ဒါ့အပြင် အရှေ့က ထွက်ထားတဲ့
ဇာတ်ကြောင်းနဲ့လဲ ဘယ်လိုတွေ ချိတ်ဆက်ထားအုံးမလဲဆိုတာ
အရမ်းစိတ်ဝင်စားစရာကောင်းတာပါ။
[- Review -]
Game က အရင် ထွက်ထားတဲ့ Stolen Life ကို ဆော့ဖူးရင်တော့ Character တွေက
ရင်းနှီးပြီးသားဖြစ်မှာပါ။ ပြီးတော့ အဆုံးထိ ကစားပြီးသွားတဲ့သူတွေက ပိုတောင်
ဇာတ်လမ်းကို ချိတ်ဆက်မိမှာပါ။ ဒီ Cataclysm အပိုင်းက Scarlett ကို
ဦးစားပေးထားပေမယ့် Character အချင်းချင်းက ချိတ်ဆက်နေသေးတာပါ။ Scarlett က အရင်
Title တုန်းက ဇာတ်ရံသဘောမျိူးလောက်သာ ပါခဲ့ပေမယ့် ဒီတစ်ခါတော့
အဓိကဇာတ်ကောင်နေရာကနေ ထည့်ပေးလာတာမလို့ ပိုတောင် Supernatural ဆန်တဲ့
အဖြစ်ပျက်တွေကို တွေ့မြင်ရမှာပါ။
ဘာလို့ဆို Scarlett ကလည်း စုန်းမလေးတစ်ယောက်ဆိုတော့ Witcher တွေ ၊
အစောင့်နတ်တွေအပြင် အရင် Title မှာတုန်းက မသိမသာမိတ်ဆက်ပေးသွားတဲ့ ကောင်လေးရဲ့
လက်စားချေခြင်တဲ့ အဖြစ်ပျက်တွေကြားမှာ ဘယ်လို Plot Twist တွေပါလာအုံးမလဲဆိုတာ
စိတ်ဝင်စားစရာပါ။ Hidden object အမျိုးစားဖြစ်ပြီး Puzzle တွေကစ အသစ်ဆန်းတွေ
အများကြီးဖြေရှင်းရအုံးမှာမလို့ သဘောကျကြမှာပါ။ Game က Free To Play ဆိုပေမယ့်
Microtransaction ပါဝင်ပြီး Hint တွေတွက် ပိုက်ပိုက်သုံးရမယ့် စနစ်မျိုးကို
ဖန်တီးထားတာပါ။ အဲဒါကြောင့် Hint အကူညီမပါရင် ပုံမှန်ကစားချိန်ဟာ
အရမ်းကြာမှာပါ။
အတိုချုံ့ ( ဆော့သင့်မဆော့သင့် )
- တစ်ခုနဲ့တစ်ခု ဇာတ်လမ်းအချိတ်ဆက်လုပ်ပေးထားတာမလို့ သဘောကျစရာကောင်းတယ်။
- ဒီနောက်ထွက်တဲ့ Series တွေက ဖုန်းတိုင်း Table တိုင်းနဲ့ Optimize
ဖြစ်တာကြောင့် Screen အပြည့်လည်းရတယ်။
- Hint မသုံးရင် တကယ် မျက်စိကော ၊ ဦးနှောက်ပါသွက်နေမှ ဖြေရှင်းနိုင်မှာပါ။
- Background Art လှရုံတင်မကဘဲ၊ Voice Actors တွေရဲ့ အသံသရုပ်ဆောင်မှုပိုင်းတွေကစ
ဇာတ်လမ်းတစ်ခုလို ခံစားရမှာပါ။
Size နည်းနည်းများတာကြောင့် အရင် Title မှာ ဆော့ဖူးလို့ သဘောကျတဲ့သူတွေတွက်သာ အခု
အသစ်ကို ဆက်ဆော့ကြည့်ကြဖို့ အကြံပေးပါတယ်။
Android version | 5 . 0 + |
Developer | FIVE-BN GAMES |
Network | Offline |
Price | Free |
App version | 1.0.1.958.1567 |
Release date | December 27, 2021 |
Download Link
Type | Size | Link |
Playstore |
800 MB |
Download |
Mediafire
|
786 MB ( SAI ) |
Download |
Apple iOS |
1.4 GB |
Download |
>> Install တင်နည်း <<
⭐ ( HELLO Rating = 7.6 / 10 ) ⭐
#HELLOYDB
Comments