One Hand Clapping

° ထွက်ထားတာမကြာသေးတဲ့ Game သစ်လေးဖြစ်ပြီး အရမ်းအရမ်းကို Unique ဖြစ်တဲ့ Adventure Game ကောင်းလေးတစ်ခုပါ။ Germany အခြေစိုက် HandyGames ကနေဘဲ ထပ်မံထုတ်လုပ်ပေးထားတာဖြစ်ပြီး PC , PlayStation , X box နဲ့ Nintendo Switch တို့မှာပါ အားပေးမှုအခိုင်မာရထားတဲ့ Premium Game ကောင်းလေးတစ်ခုဆိုလည်း မမှားပါဘူး။ ဒီ Game မှာ ထူးခြားတာက တခြား Game တွေနဲ့မတူဘဲ ကိုယ်ရဲ့ ပင်ကိုယ်အသံနဲ့ က‌စားပေးရမှာပါ။ Vocal Game လေးလို့ ပြောလို့ရပြီး Puzzle တွေကို ကိုယ်ရဲ့ အသံအနိမ့်အမြင့်နဲ့ Harmony လိုက်ပြီး ဖြေရှင်းပေးရမှာပါ။ တကယ်သဘောကျစရာကောင်းပြီး Relaxing ဖြစ်သလို တိတ်ဆိတ်နေတဲ့ ကမ္ဘာလေးမှာ သံစဉ်တွေ တစ်ဖန်မွေးဖွားလာဖို့အတွက် သင်ကိုယ်တိုင်ဘဲ သင့်ရဲ့ အသံစစ်စစ်နဲ့ ကူညီခွင့်ရမှာပါ။ အဆိုဝါသနာပါတဲ့ သူတွေတွက်တင်မကဘဲ ( ဒို၊ ရေ၊ မီ၊ ဖာ ) သံစဉ်လေးတွေ ဆိုတတ်ရုံနဲ့ ကစားနိုင်မှာပါ။ နားကြပ်လေးတော့ လိုမယ်နော်
[- Review -]

Game က တကယ်တကယ်ကို သဘောကျစရာကောင်းပြီး ဆော့တာ ကြာလာတာနဲ့အမျှ ပိုပိုပြီး စိတ်လှုပ်ရှားစရာကောင်းလာတာမျိုးပါ။ မင်မင်‌တို့ Game တွေ အများကြီး ဆော့ဖူးကြပေမယ့် ကိုယ်ရဲ့ လက်တွေကို သုံးပြီးတော့ဘဲ Character တွေကို ထိန်းချုပ်လို့ရခဲ့တာပါ။ ဒါပေမယ့် ဒီတစ်ခုကတော့ Character ကို လက်နဲ့ Control လုပ်နိုင်ရုံတင်မကဘဲ စွမ်းအားတွေကိုပါ ကိုယ့်ရဲ့ အသံနဲ့ ထိန်းချုပ်လို့ ရနေတာမျိုးပါ။ ပြောရရင် ဒီ Game ဆော့ရတာက ကိုယ့်ကိုကိုယ် Superpower တွေ ရလာသလိုမျိုးထိ ခံစားရစေတာအမှန်ဘဲ။
ဘာကြောင့်ဆို ဒီ Game ရဲ့ Setting တွေမှာကိုက Voice နဲ့ပတ်သတ်ပြီး Option အစုံနဲ့ အသံ အနီးအဝေး၊ အနိမ့်အမြင့်‌‌တွေထိ သေချာ စနစ်တကျ အာရုံခံပေးထားတာ။ နားကြပ်နဲ့ဆော့မှ အသံမရောမှာဖြစ်ပြီး ကိုယ့်ရဲ့ အသံကိုလည်း အကွာဝေး ငြိပေးလို့ရသေးတယ်။ ဒီတော့ ဒါတွေက တကယ် အရေးပါလို့လားဆိုရင် လုံးဝကို Suprise ဖြစ်အောင်ထိ ဆွဲခေါ်သွားမှာပါ။ အစပိုင်းဆော့ရင်တော့ အသံထွက်ရမှာ နည်းနည်းရှက်ကြမယ်ဆိုတာ သိပေမယ့် ခရီးဆက်လာတာနဲ့အမျှ ကိုယ့်ရဲ့ အသံကို ရဲရဲ အော်လာရဲတဲ့ထိ ဆွဲ‌ခေါ်သွားမှာပါ။ မယုံမရှိနဲ့ တကယ်မိုက်တယ်
အစက မင်မင်လည်း ရှက်တော့ရှက်တာပေါ့။ အသံနဲ့ ဆော့ရတာဆိုတော့ သိပ်မထွက်ခြင်ဘူး။ ဒါပေမယ့် တဖြည်းဖြည်း ဆော့ရင်းဆော့ရင်း လူကပါ ပတ်ဝန်းကျင်ကို မသိတော့တဲ့ထိ Game ထဲကို နစ်သွားတာ။ ဘာလို့ဆို တစ်ချို့အခန်းတွေက အသံအမြင့်ဆုံးထိ အော်ပေးရတာတွေရှိတယ်။ ဥပမာ ဒီ ဇာတ်ကောင်လေးကို အမှောင်ထုတွေ ဝိုင်းလာတဲ့အပိုင်းဆိုရင် သူက အရမ်းကြောက်ပြီး ငိုနေတော့ ကိုယ်ပါ သူ့နေရာ ခံစားမိလာတာ။ အဲတော့ ကိုယ်ပါ ယောင်ပြီး အော်မိရင်းကနေ ရုတ်တရက်ဆိုသလို ဒိန်းကနဲ့ အနောက်က Energy တန်းက တက်လာတော့ ကိုယ်ပါ အသံအမြင့်ဆုံးထိ အော်ချပစ်လိုက်တာ။ အဲချိန်မှာ လုံးဝမထင်ထားတဲ့ Energy တန်းကြီးက ပြည့်တက်သွားပြီး အုန်းကနဲ စွမ်းအင်တစ်ခုလို ပေါက်ကွဲထွက်လာတာ။ 
အရမ်းအားရသလို ပြောရရင် ကိုယ့်ရဲ့အပြင်ကအသံကြောင့် Game ထဲမှာစွမ်းအင်တစ်ခုလို ပေါက်ကွဲထွက်လာတာခံစားရတော့ နောက်ထပ် အသံထွက်ရမှာကို တကယ် ယုံကြည်မှုရှိလာတယ်။ အဲကနေ‌စပြီး အသံနဲ့ ပစ္စည်းရွေ့‌တာတွေ ၊ အသံနဲ့ အတားဆီးတွေ ဖယ်တာတွေ ၊ အသံရဲ့ အနိမ့်အမြင် Harmony တွေကိုလိုက်ပြီး လမ်းဖောက်တာတွေက အရမ်းအရမ်းကို ဆော့လို့ကောင်းလာတာ။ နားကြပ်တပ်ထားတော့ အပြင်က လူတွေ ကိုယ့်အသံဘယ်လိုကြားရမလဲမသိပေမယ့် ကိုယ်ကတော့ တကယ် Serious ဖြစ်ပြီး အသံအနိမ့်အမြင့်တွေနဲ့ သေချာဆော့တော့တာ။ တကယ်တစ်ချို့အခန်းတွေဆို အရမ်းရင်ထဲပါ feeling တစ်မျိုးထိ ခံစားခဲ့ရပြီး အဆောက်အဦးကြီးတွေကို အသံနဲ့ မတင်တဲ့အပိုင်းတွေ‌ဆိုရင် ကိုယ့်ကိုကိုယ်ပါ စွမ်းအားရှင်တစ်ယောက်လို ခံစားစေရတယ်။ 
အတိုချုံ့ ( အဓိကချက်များ )

- တကယ် ထူးထူးဆန်းဆန်းဆော့ခြင်တဲ့သူတွေတွက် လက်မလွတ်သင့်ဘူး။

- အသံကောင်းတဲ့သူတွေဆို ပိုတောင် ဆော့ကြည့်သင့်ပြီး ရှက်တတ်တဲ့သူတွေတွက်ပါ ပိုရဲလာအောင် ဆော့ပေးသင့်တယ်။ အစကပြောသလို ( ဒိုရေမီဖာ ) အော်တတ်ရုံနဲ့ သာမန်လူတွေတွက်လဲ ဆော့လို့ရတယ်။ 

- Graphic အရမ်းလှသလို Effect တွေ Sounds တွေကစ အတော်သဘောကျစရာကောင်းတယ်။ fps setting လည်းပါသလို Control လဲ Mobile တွက် Easy ဖြစ်တယ် ။

- Puzzle လေးတွေက တအားမခက်ပေမယ့် အသံနဲ့ ဖြေရှင်းရမှာမလို့ တစ်ချို့သူတွေတွက် အရမ်းခက်နိုင်တယ်။ 

+

Data သမားတွေတွက် Size နည်းနည်းများပေမယ့် တကယ်ဆော့ဖူးသင့်တဲ့ Game တစ်ခုမလို့ မင်မင်ကတော့ အကြံပေးတယ်။ $ 9.99 တန်တဲ့ Premium Game ဖြစ်သလို အကြိုက်တူရင် လုံးဝ နောင်တမရစေရဘူးဆိုတာ အာမခံတယ်။ 

Game Information

Android version 8 . 0 +
Developer HandyGames
Network Offline
Price $ 9.99
App version 0.13.43
Release date December 16, 2021

Download Link

Type Size Link

Playstore

547 MB

$9.99

Mediafire

 

547 MB

( Apks )

Download

Apple iOS

728 MB

$9.99
 
⭐ ( HELLO Rating = 8.9 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES