Slender Man Beyond Fear 3

° အသစ်ထွက်လာတဲ့ ဒီ Horror Game က India အခြေ‌စိုက် Developer ဖြစ်တဲ့ Jeep Studio ကနေ ဖန်တီးပေးထားတာဖြစ်ပြီး Size နည်းနည်းလေးနဲ့ တကယ်သဘောကျစရာ ကောင်းတာပါ။ Graphic ကောင်းကောင်းနဲ့ စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ကစားရမှာဖြစ်ပြီး လူသူမရှိဘဲ ၊ မည်သူတစ်ဦးတစ်ယောက်မှ မလာရဲတော့တဲ့ ဒီနေရာကြီးဟာ ဘာကြောင့် တိတ်ဆိတ်နေရတာလဲဆိုတာကို ကိုယ်တိုင် စူးစမ်းရှာဖွေရင်းက‌နေ ဘာတွေကြုံရအုံးမလဲ‌ဆိုတာကိုတော့ ကိုယ်တိုင်ဘဲ ဆော့ကြည့်လိုက်တော့နော်။ 
[- Review -]

Game က Size နဲ့မလိုက်အောင် တကယ်ဖန်တီးထားတာက အတော်မိုက်ပြီး Control UI တွေက သဘောကျစရာကောင်းတာပါ။ အထူးသဖြင့် Environment ကို ပုံဖော်ထားတာက အမှောင်ကို ဦးစားပေးထားတဲ့အပြင် Lighting ဖျော့ဖျော့လေးနဲ့ ကစားရတာမလို့ တကယ်စိတ်လှုပ်ရှားစရာကောင်းတာပါ။ 
Game ပုံစံက first person အမျိုးစားဖြစ်ပြီး လွတ်မြောက်ဖို့တွက် သဲလွန်စတွေရှာရင်းကနေ ဓာတ်မီးအတွက် ဓာတ်ခဲလိုက်စုရတာမျိုးတွေ၊ သော့လိုက်ရှာတာတွေအပြင် ၊ Camera တွေနဲ့ပါ Night vision ကို အသုံးပြုလို့ရအောင် လုပ်ပေးထားတာပါ။ 
Graphic Option မှာလည်း Texture နဲ့ Shadow အပြင် တခြားရွေးချယ်စရာတွေပါ ပါသေးတာကြောင့် Optimization ကောင်းကောင်းနဲ့ ကစားလို့ရပါတယ်။ 
အတိုချုံ့ 

  • - Size နည်းပေမယ့် လုံးဝအထင်သေးလို့မရပါဘူး။

  • - Graphic ကော Control ကစ အတော်သဘောကျစရာကောင်းတယ်။

  • - တစ်ခုရှိတာက ပတ်ဝန်းကျင်ကို သေချာမမြင်ရလောက်‌အောင် Game က အတော်ကို Dark ဖြစ်ပါတယ်။ 

Game Information

Android version 4 . 4 +
Developer Jee Studio
Network Offline
Price Free
App version 2.0
Release date March 9, 2022

Download Link

Type Size Link

Playstore

116 MB

Download

Apkcombo

[ Original ]

116 MB

( Apk Only )

Download

Apkpure

[ Original ]

116 MB

( Xapk )

Download

Apple iOS

---

Unavailable
 

>>  Install တင်နည်း <<

⭐ ( HELLO Rating = 7.2 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES