Portal Knights

° ဒီဂိမ်းက PC ကော Consoles ပိုင်းတွေမှာပါ အတော်လေး လူကြိုက်များခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အပြင် Mobile Platform ပေါ် ရောက်လာတဲ့အထိ Rating ကောင်းတွေကို တစ်ပုံကြီးသိမ်းပိုက်ထားတဲ့ Premium ဂိမ်းတစ်ခုပါ။ ဒေါ်လာ 4.99 $ နဲ့ Playstore ပေါ်မှာ ရောင်းချပေးနေပြီး Open World ဂိမ်းတစ်ခုဖြစ်တာနဲ့အညီ Minecraft ကိုမှ RPG Elements တွေနဲ့ ပေါင်းစပ်ထုတ်ပေးထားတာကြောင့် နာမည်ကြီး ဂိမ်းတစ်ခုဖြစ်တဲ့ Legend Of Zelda လိုမျိုး Vibe မျိုးကိုပါ ပေးစွမ်းနိုင်တဲ့ ဂိမ်းကောင်းတစ်ခုပါ။ Sandbox အနေနဲ့ ကိုယ်ပိုင် Creation ပိုင်းတွေလည်း လုပ်လို့ရသေးတာဆိုတော့ Graphic နဲ့ ပေါင်းလိုက်ရင်ကို အတော်လေး အားရစရာကောင်းတဲ့ ဂိမ်းကောင်းတစ်ခုလို့ ဆိုရမှာပါ။  
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီ Game က အချိန်ဖြုန်းလို့ကောင်းရုံတင်မကဘဲ ဆော့ရတန်စေတဲ့ ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ Minecraft ကိုမှ Graphic ကောင်းကောင်းနဲ့ Environment ကို ဖန်တီးထားတဲ့အပြင် Minecraft လိုမျိုး တစ်ဆက်တည်း Open World ကြီးတစ်ခုမဟုတ်ပေမယ့် Normal , Large သိပ်သည်းစနဲ့အတူ ကျွန်းပုံစံမျိုး Island တစ်ခုခြင်းစီတိုင်းကို World တစ်ခုအနေနဲ့ ဖန်တီးပြုလုပ်ပေးထားတာပါ။ 
အဲ့ဒါကိုမှ Story လေးနဲ့ RPG ဒီဇိုင်း ဖန်တီးပေးလိုက်ပြီး ဇာတ်လမ်းအရ ကျွန်းတစ်ခုစီတိုင်းကို သွားရောက်ဖို့ဆိုရင် Portal ဖြစ်တဲ့ ဂိတ်တံခါးတွေကို အသုံးပြုပေးရမှာပါ။ Minecraft သမားတွေအတွက် Portal ဆိုတာ ရင်းနှီးပြီးသားဖြစ်တာမလို့ ထူးဆန်းမယ်လို့တော့မထင်ပါဘူး။ ထူးခြားတာက ဒီဂိမ်းက RPG ကို Adventure အသွင်ယူထားတာမလို့ Quest တွေ Side Missions တွေကို NPC တွေဆီကနေ တစ်ခုပြီးတစ်ခု တာဝန်တွေပြီးမြောက်အောင် ကစားပေးရမှာပါ။ First Person ကော Third Person View ပါ ပါဝင်တော့ Camera အပိုင်းက ပြောစရာမလိုအောင် အဆင်ပြေပါတယ်။ 
ကျန်တာကတော့ Minecraft နဲ့ ဆင်တူတာကြောင့် သစ်ခုတ် ၊ မိုင်းတူးပြီး Block အတုံးတွေ Collect လုပ်တာတွေအပြင် Decorations အပိုင်းတွေ Craft အပိုင်းတွေကိုပါ မျိုးစုံ လုပ်ဆောင်ခွင့်ရမှာပါ။ အဲ့အပိုင်းကိုမှ ထပ်ပြီး RPG Elements တွေအနေနဲ့ Attributes အပိုင်း မြှင့်တင်တာတွေ နဲ့ Talents Unlock လုပ်တာတွေကိုပါ သီးသန့် လုပ်ဆောင်နိုင်ပါသေးတယ်။ နောက်ထပ် အားရစရာအပိုင်းတွေကတော့ Combat အပိုင်းတွေလည်း မဆိုးတဲ့အပြင် Boss Fight တွေကိုပါ သေချာလေး ဖန်တီးပေးထားတဲ့ ဂိမ်းကောင်းတစ်ခုပါ။ Customize အပိုင်းမှာလည်း Character စိတ်ကြိုက် ပြင်ဆင်လို့ရသေးပြီး Mage , Warrior နဲ့ Ranger Role တွေကိုပါ Class အလိုက် ရွေးချယ်လို့ရသေးပါတယ်။
အပေါ်ကအပိုင်းတွေက Main Game ရဲ့ Solo အပိုင်းတွေကို ပြောပြပေးထားတာဖြစ်ပြီး နောက်ထပ် ဒီဂိမ်းမှာ ပျော်စရာကောင်းတဲ့အပိုင်းတွေကတော့ Multiplayer နဲ့ Create Mode တွေကို အသုံးပြုလို့ရသေးတာပါ။ Multiplayer အနေနဲ့ Same WiFi အသုံးပြုပြီး လူ 4 ယောက်ထိ ပါဝင် ကစားနိုင်သလို အကယ်၍ ကိုယ်မနိုင်ခဲ့တဲ့ Boss Mission တွေရှိရင်တောင် အတူတူ ပြန် Fight လို့ ရပါသေးတယ်။ တစ်ခုရှိတာက အကယ်၍ Group Fight အနေနဲ့ ကစားခဲ့မယ်ဆိုရင် Epic Boss တွေဟာ အရင် Solo ကစားခဲ့တာထက် ပိုပြီး ကြမ်းလာမှာဘဲဖြစ်ပါတယ်။ ခက်ခဲပေမယ့် Fair ဖြစ်ပြီး ပျော်စရာကောင်းတာကြောင့် အတော်လေး သဘောကျစရာကောင်းပါတယ်။ 
ကျန်တဲ့ Create Mode မှာတော့ World အပိုင်းတွေကို ကျွန်းတစ်ခုခြင်းစီအလိုက် စိတ်ကြိုက် Building လုပ်လို့ရပါတယ်။ အပေါ်ပိုင်းအသွင်ပြင်တွေအနေနဲ့ သစ်တောလား၊ ဝါးတောလား ဒါမှမဟုတ် သဲကန္တာရတို့ နှင်းတောတွေအထိ စိတ်ကြိုက် Environment တစ်ခုကို ရွေးချယ်လို့ရပါတယ်။ သိပ်သည်းစ ထုထည်တွေကိုပါ ရွေးချယ်လို့ရပြီး မြေမျက်နှာ အသွင်ပြင်ကစ Ready Make တွေကိုပါ အသုံးပြုလို့ရသေးတာပါ။ Block နဲ့ Items တွေကိုပါ စိတ်ကြိုက် အသုံးပြုလို့ရသေးတာကြောင့် Minecraft Players တွေလည်း ဒီ Create Mode မှာ ဆော့ပျော်စေမှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Game က အတော်လေး ကောင်းတာကြောင့် Open World သမားတွေကနေစပြီး RPG သမားတွေ၊ Minecraft Players သမားတွေအထိပါ အကုန်လုံးကို ရောသမမွှေ ဖန်တီးပေးထားတာမျိုးပါ။ Gameplay အပိုင်းတင်မကဘဲ Graphic ကြီးကပါ အတော်လေး ကျေနပ်စရာကောင်းတာကြောင့် Water Reflection တွေဆိုရင် RTX On ထားသလိုထိပါ မြင်တွေ့ခံစားရမှာပါ။ Quality အဆုံးထိ တင်ကစားနိုင်တဲ့သူတွေက Color အပိုင်းတွေမှာ အရောင်စိုစိုနဲ့ တကယ် Consoles Quality အတိုင်း ကစားလို့ရပါတယ်။ နောက်ထပ် Gamepad ပါ Support ပေးသေးတာဆိုတော့ ဆော့ကိုဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုလို့ အကြံပေးချင်ပါတယ်။ 
[ Full Version ဖြစ်သလို Download Error အပိုင်းကိုပါ Fix ပြီးသား ထည့်ပေးထားပါတယ်။ Zip ဖိုင်ထဲမှာ Apk နဲ့ Obb ဖိုင် နှစ်ခုလုံး ချုံ့ထည့်ပေးထားတာမလို့ ဂိမ်းဖိုင် မရွေ့တတ်တဲ့သူတွေက Table Link အောက်က { Install တင်နည်း } စာတန်းလေးကို နိပ်ပြီး Tutorial ကြည့်လို့ရပါတယ်။ ]

Game Information

Android version 6 . 0 +
Developer 505 Games
Network Offline
Price $ 4.99
App version 1.5.2
Release date 2017
Platform Android / iOS

⭐ ( HELLO Rating = 8.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Ex Astris