About HELLO
- HELLO YDB ဟာ Mobile Games သီးသန့် တင်ပေးရာ Page တစ်ခုဖြစ်ပြီး မြန်မာဘာသာ Review တွေနဲ့ စနစ်တကျ တင်ပေးနေပါတယ်။ Classic Games တွေကနေစပြီး Up To Date Games တွေထိ Information စုံလင်စွာနဲ့ သိနိင်သလို Free ကနေ Paid Game တွေထိ အလကား ဆော့ခွင့်ရအောင်ထိပါ Download Link တွေနဲတကွ တင်ပေးနေတာပါ။
- မတော်တရော် ( 18 + ) တွေ လုံးဝ တင်ပေးမှာမဟုတ်တာကြောင့် ကလေးလူကြီးကော ၊ မိန်းကလေးတွေပါ စိတ်ချလို့ရပါတယ် ။
- Game မှန်သမျှကို ကိုယ်တိုင်းဆော့ကြည့်ပြီးမှ တင်ပေးတာဖြစ်ပြီး Photo တွေကစ ကိုယ်တိုင်ဆော့ထားတဲ့ In Game SS တွေကိုဘဲ ဖော်ပြပေးတာပါ။ ဒါ့အပြင် Game တစ်ခုရဲ့ Information တွေတင်မကဘဲ ဇာတ်လမ်း ၊ Review ၊ အားသာချက် / အားနည်းချက်တွေကိုပါ စုံစုံလင်လင်ရေးပေးထားပါတယ်။ Online Game တွေရဲ့ In Game Download Size ထိပါ စနစ်တကျ ဖော်ပြပေးတဲ့ Page တစ်ခုပါ။
- Fake Photo တွေ မသုံးသလို Image ရဲ့ Size ကိုပါ Quility အနေတော်နဲ့ Data စားသက်သာအောင်ထိပါ Edit ပြီးမှ တင်ပေးထားတာပါ။ First Image မှာ Game ရဲ့ Main Photo ကို အပြည့်ဖြစ်အောင်ထိ 16:9 ratio ကိုက်အောင်တင်မကဘဲ Online လား Offline လား သိနိုင်အောင်လို့ပါ တစ်ခါတည်း ထည့်ပေးထားပါတယ်။ လိုအပ်ပါက Text တွေ၊ Image png တွေထိပါ သေချာပြင်ဆင်ပြီး ကြည့်ကောင်းအောင်ထိ အချိန်ပေး Edit လုပ်ပေးတာကြောင့် သဘောကျမယ်လို့ မျှော်လင့်ပါတယ်။
- အရေးသားပိုင်းမှာပါ ဖတ်ရတဲ့သူကို မျက်စိမရှုပ်အောင်လို့ စာပုဒ်အခွဲ၊ ဝါကျအခွဲတွေနဲ့ စာလုံးပေါင်းတွေကစ တတ်နိင်သလောက် မှန်မှန်ကန်ကန် ဖြစ်အောင် ရေးပေးထားပါတယ်။ အရင်က ဖတ်ရတာ စက်ရုပ်ကြီးတစ်ခုလို ခံစားနေရပေမယ့် နောက်ပိုင်း စာတွေမှာတော့ ဘေးနားက လာပြောနေသလိုထိ ခံစားရအောင် Informal နည်းနဲ့ ကြိုးစားရေးပေးထားပါတယ်။
ရေးပေးထားတဲ့ Game Post တွေမှာ အခြေခံအားဖြင့် အောက်ကအတိုင်း ခွဲရေးပေးထားပါတယ်။
- ပထမ = Intro / Information
- ဒုတိယ = ဇာတ်လမ်း / Graphic / Gameplay
- တတိယ = Important Note
ပထမနဲ့ ဒုတိယက အလှည့်ပြောင်းရှိနိုင်ပေမယ့် တတိယဖြစ်တဲ့ Important Note ကတာ့ လုံးဝမပြောင်းသလို အရမ်းလည်း အရေးကြီးပါတယ်။ အထူးသဖြင့် Game Fix နည်းတွေ၊ Download Requirement Size တွေကို ဖော်ပြပေးတဲ့ အပိုင်းပါ။
- အရင်က တစ်ဆင့်ခံ Link တွေထည့်ပေးပေမယ့် နောက်ပိုင်း Game တွေမှာ Online ကလွဲပြီး Official Link နဲ့ ကိုယ်ပိုင် Mediafire ကနေ တင်ပေးထားမှာပါ။
- Mobile Game နှစ်သက်သူတွေတွက် အထောက်ကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
Comments