GTA San Andreas The Definitive Edition

° GTA ရဲ့ Definitive Edition လည်း ထွက်လာပြီဆိုတော့ လူသိ အများဆုံးနဲ့ nostalgia အဖြစ်ဆုံးကို ပြောပါဆိုရင် San Andreas ကိုဘဲ ညွှန်ရမှာပါ။ P2 ခေတ်ကတည်းက မဆော့ဖူးတဲ့သူ မရှိလောက်တဲ့ထိ ကားသူခိုးဂိမ်းဆိုပြီး နာမည်အရမ်းကြီးခဲ့တာကြောင့် Story Mission တွေကိုလည်း အစအဆုံး အောင်မြင်ပြီးသား သူတွေ အတော်များများကို ရှိကြမယ်လို့ ထင်ပါတယ်။ 
ဒါပေမယ့် တစ်ခုရှိတာက အဲခေတ်အဲအခါတုန်းက ဒီ ကားသူခိုးဂိမ်းဆိုတာနဲ့ကို လူအများစုက Violence ဆန်တဲ့ ဂိမ်းတစ်ခုလို့ ထင်‌ထားကြတာပါ။ မြို့ထဲမှာ လျှောက်သွားပြီး လူတွေကို Killing လုပ်တာတွေ ၊ လုယက်မှုတွေကြောင့် ရဲလိုက်ဖမ်းတာတွေကစ အကုန်လုံးဟာ လူဆိုးတစ်ယောက်အသွင်‌အနေနဲ့ ကစားရတာကြောင့် လူကြီးမိဘတွေအနေနဲ့တော့ သိပ်ပြီး ဘဝင်ကျခဲ့ကြမှာ‌တော့ မဟုတ်ပါဘူး။ 
အမှန်တကယ်လည်း ကစားတဲ့သူတွေအနေနဲ့ ကိုယ်အပြင်မှာ မလုပ်နိင်တဲ့ အရာတွေကို စိတ်ဖြေဖို့အတွက် ကိုယ့်ရဲ့ Wild ဆန်တဲ့ စိတ်တွေကို ဖွင့်ကစားကြတာများပါတယ်။ GTA ကစားတိုင်း ဘယ်သူမှ Traffic မကြည့်သလို ကိုယ့်ကားမဟုတ်သ၍ တွေ့ရာ ဝင်ကြုံးခဲ့ကြတာ ငယ်ငယ်က မင်မင်အပါဝင် အကုန်လုံးနီးပါးပါဘဲ။ ဆိုတော့ ဘယ်လိုစိတ်နဲ့ဘဲ ကစားကစား Polite စိတ်နဲ့ကစားတဲ့ သူဆိုတာ ရှားတဲ့အပြင် ကိုယ်လုပ်ချင်တာ လုပ်လို့ရနေသ၍ Mission အပြင် ဇာတ်လမ်းက ဖော်ပြနေတဲ့ Real-life တွေကိုပါ သတိမမူခဲ့ကြတာများပါတယ်။ 
ဟုတ်ပါတယ်။ GTA ရဲ့ Gameplay ဆိုတာက အပြင်နဲ့ အနီးစပ်ဆုံး တူအောင် ကစားနိုင်တဲ့ ဂိမ်းတစ်ခုဖြစ်လို့ လူတိုင်း သဘောကျကြတယ်ဆိုပေမယ့် ဂိမ်းကနေ ဖော်ပြနေတဲ့ အဖြစ်ပျက်တွေကလည်း အပြင်လောကရဲ့ အမှန်တရားတွေကိုပါ ကွက်ကွက်ကွင်းကွင်း ထိုးပြနေတယ်ဆိုတာကိုပါ သိထားရမှာပါ။ 
အကယ်လို့ သင်ဟာ မဆော့ဖူးတဲ့ အပြင်လူတစ်ယောက်အနေနဲ့ စဉ်းစားမယ်ဆိုရင် ဒီဂိမ်းမှာ ကိုယ်ထိန်းချုပ်ရတဲ့ ဇာတ်ကောင်ဟာ လူဆိုး၊ လူမိုက်အသွင်နဲ့ လုပ်ချင်တာလုပ်ခွင့်ရနေတော့ သူ့အတွက် Final Boss ဒါမှမဟုတ် Villain ဆိုတာ ပါကောပါရဲ့လားလို့ တွေးကောင်းတွေးမိနိုင်ပါတယ်။ 
ဒါဟာ GTA ရဲ့ အဓိက အကောင်းဆုံးအပိုင်းဖြစ်ပြီး Gangster Life ဖြစ်နေတယ်ဆိုရင်တောင်မှ Real Life တစ်ခုမှာ ကြုံတွေ့ရနိုင်တဲ့ သစ္စာဖောက်ခံရမှုတွေ၊ ပိုက်ဆံရဲ့ အရေးပါမှုတွေအပြင် ခြောက်ချခံရတာကနေ ခြိမ်းခြောက်ခံရတာတွေအထိ တကယ်ကို ဘဝရဲ့ ဖိအားပေါင်းစုံကို လူအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးကနေ မြင်တွေ့ရမှာပါ။ လူတွေ အားကိုးပြီး လုံခြုံတယ်လို့ ထင်နေကြတဲ့ အထက်အဖွဲ့စည်းနဲ့ ဥပဒေရဲ့ မာယာတွေကိုလည်း Gangster Life တစ်ခုမှာ ပိုပြီးတော့ မြင်တွေ့ရနိုင်တာကြောင့် GTA လိုမျိုး ဂိမ်းတွေဟာ အမှန်တရားဘက်တော်သားရဲ့ အလင်းနေရာထက် အမှောင်ဘက်ခြမ်းက ခါးသီးတဲ့ အမှန်တရားမျိုးတွေကို ပိုပြီး‌တော့ မြင်တွေ့ရစေမယ့် ဂိမ်းမျိုးပါ။ တစ်ခါတလေ လူကောင်းတွေရဲ့ ရန်သူဟာ လူဆိုးဆိုပေမယ့် ၊ လူဆိုးတွေရဲ့ ရန်သူဟာလဲ မာယာများပြီး လူကောင်းလို့ ဟန်ဆောင်ထားတဲ့ သူတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ 

° GTA ဂိမ်းတွေဟာ Violence ဆန်တယ်လို့ သတ်မှတ်မယ်ဆိုရင်တောင် အမှန်တရားဟာ ခါးတတ်တာကြောင့် လူတိုင်းနီးပါးရဲ့ အကြိုက်ဖြစ်နေမယ်ဆိုတာကို လက်ခံနေရအုံးမှာပါ။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

မင်မင်အနေနဲ့ကတော့ GTA တွေထဲမှာ SA က ပိုပြီးတော့ လူဆော့များခဲ့ကြမယ်လို့ ထင်မိတယ်။ အဓိက ဇာတ်ကောင်ဖြစ်တဲ့ CJ ကလည်း Iconic Character တစ်ယောက်ဖြစ်ခဲ့တာကြောင့် Graphic နဲ့ Gameplay ဘဲ improve ဖြစ်သွားတဲ့ ဒီ Definitive Edition မှာ Mission အကုန်လုံး ထိုင်ပြောနေမယ်ဆိုရင် အခေါက်အခေါက် အခါအခါ အောင်ပြီးသား‌သူတွေက CJ ပြောသလိုဘဲ " Ah..Sh** Here we go again " ဆိုပြီး ပြောနေကြမယ်ထင်ပါတယ်။ ဆိုတော့ မင်မင်ကတော့ အခုတစ်ခါ ပြန်ဆော့မယ်ဆိုရင်တောင် ဒီ GTA SA အောင်မြင်ခဲ့တယ်ဆိုတာက အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ Event တွေကိုပါ မှီငြမ်းထားတယ်ဆိုတာကို သိထားစေချင်တယ်။ 
ဒီ GTA SA မှာက အပြင်မှာ တကယ်ရှိတဲ့ မြို့တွေ ၊အဖြစ်ပျက်တွေ အတော်များများကို အခြေခံထားတာပါ။ ဂိမ်းက 1992 ခုနှစ်ကို နေရာယူထားပေမယ့် တကယ်က 1990 အစောပိုင်းကာလတုန်းက အခြေနေတွေကို အခြေခံထားတာမျိုးပါ။ အဲခေတ်တုန်းက Street Gangs တွေကြားက အပြိုင်အဆိုင် ပြဿနာဖြစ်ခဲ့တာတွေ ၊ သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ Crack epidemic ကြောင့် American Inner City တွေမှာ အကြမ်းဖက်မှု မြင့်တက်တာတွေ ၊ ရာဇဝတ်မှုတွေ တိုးပွားလာတာတွေကစ အကုန်ပါဝင်ပါတယ်။ နောက်ပြီး အဲခေတ်တုန်းက နာမည်ကြီးခဲ့တဲ့ LAPD Rampart scandal ရဲ့ Police corruption ဖြစ်တဲ့ ရဲတွေရဲ့ အကျင့်ပျက်ချစားမှုတွေကိုပါ ဂိမ်းရဲ့ ဇာတ်အိမ်ထဲကို ထည့်သွင်းပေးထားတာပါ။ ဒါ့အပြင် 1992 ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Los Angeles riots ကိစ္စတွေထိပါ အဖြစ်ပျက်အတော်များများကို မြင်တွေ့ရမှာမလို့ အခုတစ်ခါ GTA SA ကို ပြန်ဆော့မယ့်သူတွေအတွက် အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ Based On True Story ထဲမှာ ပါဝင်နေရတယ်ဆိုတဲ့ Feeling မျိုးကိုရအောင် ဆော့စေချင်ပါတယ်။ 
ဇာတ်လမ်းကို အလွယ်ဆုံးပြောရရင်တော့ အဓိက ဇာတ်ကောင်ဖြစ်တဲ့ CJ ဟာ သူ့အမေ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် Los Santos ကို ပြန်လာချိန်မှာဘဲ ရဲအဖွဲ့တစ်ခုရဲ့ မတရားဖမ်းဆီးမှုကြောင့် CJ ဟာ ရှိသမျှ အကုန်ပါသွားတဲ့အပြင် ခြိမ်းခြောက်မှုကိုပါ ခံလိုက်ရပါတယ်။ ပိုဆိုးတာက အကျင့်ပျက်နေတဲ့ ရဲအဖွဲ့ရဲ့ ခြိမ်းခြောက်မှုတင်မကဘဲ သူ့မိသားစုတွေကပါ ဖရိုဖရဲနဲ့ အဖွဲ့စည်းကပါ ယိုင်နဲ့နေတာကြောင့် CJ တစ်ယောက် သူ့အဖွဲ့စည်းကို ပြန်ထူထောင်ရင်း လူဆိုးဂိုဏ်းကနေ မူးယစ်အမှောင်ဂိုဏ်းတွေအထိ အထက်အဖွဲ့စည်းရဲ့ အသုံးချခံရမှုတွေကိုပါ ဘဝဇာတ်ခုံမျိုးစုံနဲ့ မြင်တွေ့ရမှာပါ။ သူငယ်ချင်းမိတ်ဆွေ ပြဿနာကနေ မိသားစုပြဿနာတွေထိ စုံလင်နေအောင် မြင်တွေ့ရမှာမလို့ CJ တစ်ယောက် ဘယ်လို ဖိအားတွေနဲ့ ဘယ်လိုလုပ်ရပ်တွေထိပါ ကျူးလွန်ရမယ်ဆိုတာကို Gangster Life တစ်ယောက် အနေနဲ့ ကစားရမယ့် ဂိမ်းကောင်းလေးတစ်ခုလို့ ပြောချင်ပါတယ်။ 
Gameplay ပိုင်းမှာဆိုရင်လည်း လူတိုင်းနဲ့ မစိမ်းတာကြောင့် အများစုသိထားတဲ့အတိုင်း Open World ကြီးထဲမှာ စိတ်ကြိုက်ကစားရမှာဖြစ်ပြီး အခု Definitive Edition ကတော့ Graphic ပိုင်းတွေမှာ အရင်ထွက်ထားတာထက် Deep ဖြစ်တဲ့ Field Of View တွေကြောင့် အဝေးရှုခင်းတွေကို ပိုမြင်ရမယ်အပြင် Reflection တွေ Lighting တွေ ပိုကောင်းလာပြီး Character resolution နဲ့ texture တွေကပါ မြင့်တင်ထားတာကြောင့် အရင်ကနဲ့ မတူတဲ့ Environment အတွေ့ကြုံတစ်ခုကိုပါ ခံစားရစေမှာပါ။ မူရင်းအတိုင်း Original ကို Game Engine အသစ်တစ်ခုပေါ်မှာ ရေးဆွဲထားတာကြောင့် ရှေးမူမပျက်ပေမယ့် Modern Mechanic ပိုင်းလေးတွေကြောင့်ပါ ကစားရတာ အရင်ကထက် ပိုအဆင်ပြေသွားစေပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

မင်မင်အနေနဲ့ကတော့ Game ရဲ့ Graphic ပိုင်းလေးတွေ နည်းနည်း ပြောင်းလဲသွားတာကို သဘောကျပေမယ့် အမှန်တိုင်း ဝန်ခံရရင်တော့ Optimization မဖြစ်လို့ကို သိပ်ဘဝင်မကျပါဘူး။ Mobile Version မှာက အတော်လေး အမှောင်ဘက်ကို ရောက်နေပြီး Classic Light ကြောင့် မသိသာပေမယ့် Off ထားရင်တော့ ကြည့်ရတဲ့ Graphic Environment က အဝေးကဆို လှပေမယ့် အနီးကျရင်တော့ တော်တော်မှောင်ကျသွားတာကို မြင်ရမှာပါ။ Realistic ဆန်အောင် လုပ်ထားတယ်လို့ ပြောလို့ရပြီး Definitive Edition ဆိုတော့ တခြား Fire Effects တွေ၊ Smoke Effects တွေမှာ ပိုသိသာလာပြီး Next Generation ကို ကိုးကားပြီး လုပ်ထားပေမယ့် Mobile မှာက Optimization အဆင်မပြေတော့ Mood အပြည့်နဲ့ ဘယ်ဟာကို ခံစားပြီး ဆော့ရမလဲတောင် မသိတော့ပါဘူး။ ဇာတ်လမ်းက သိပြီးသားမလို့ Graphic ကို အားကိုးပြီး ဆော့ပါတယ်ဆိုမှ ပြန်ထွက်တာ ၊ ဖုန်းပူတာ ၊ တစ်ခါလေ fps ကျတာတွေက အတော်လေး mood ပျက်စေတယ်။ 
တစ်ခုရှိတာက အရင်က မင်မင်တို့ အကုန်ဆော့ခဲ့တုန်းက Resolution ကောင်းကောင်းနဲ့ FPS stable ပုံစံမျိုးတွေ ကစားခဲ့ကြတော့ အခု အဲလိုဂိမ်းကိုမှ Optimization အဆင်မပြေတဲ့ပုံစံနဲ့ ကစားလိုက်ရတဲ့အချိန်မှာ အားမလို အားမရဖြစ်မိတာတော့ အမှန်ဘဲ။ ဖုန်းအရမ်းကောင်းလို့ အဆင်ပြေတယ်ဆိုရင်တောင် 100 မှာ 35 လောက်ဘဲ ရှိတာမလို့ ကျန်တဲ့ အဆင်မပြေတဲ့သူတွေက Resolution လျော့ဆော့မယ်ဆိုရင်တောင် ဝါးတိဝါးတားနဲ့ အတော် Feel အောက်စေတာ အမှန်ဘဲ။ မင်မင်သဘောကျတာဆိုလို့ PC ရဲ့ cheat code တွေ သုံးလို့ရတာလေးက Mobile အတွက် အားရစရာတစ်ခုလို့ ပြောရမှာပါ။ အားမရတဲ့အပိုင်းလေးတွေကိုသာ လက်ခံလိုက်ရင် Mobile အတွက် ထုတ်ပေးတာကော ၊ Graphic လေးကပါ မှီအောင် လုပ်ပေးထားတော့ ဘာဘဲဖြစ်ဖြစ် မဆိုးဘူးလို့ ဆိုရမယ့် အနေထားတစ်ခုပါ။ အားမရရင် အရင် Original ကိုသာ ပြေးဆော့ကျပေါ့။ 
⚠️ Game က အရင်ဆုံး Resources File အရင် ဆွဲမှာမလို့ ကိုယ့်ဖုန်းရဲ့ Storage မှာ အနည်းဆုံး 13 GB ကနေ 20 GB ထိ လွတ်နေဖို့ လိုပါတယ်။ ဆွဲမယ့် ပမာဏက 6 GB ဝန်းကျင်တင်‌ဆိုပေမယ့် ဆွဲပြီးလို့ File Extraction လုပ်တဲ့အချိန်မှာ နေရာထပ်စားမှာမလို့ storage များများ လွတ်လေ ကောင်းလေပါ။

လိုအပ်တဲ့ Storage ပမာဏ မရှိလျှင် Download ကို ဆွဲခွင့်ပေးမှာမဟုတ်ပါဘူး။ အချိန်တစ်ခုထိ စောင့်ရပေမယ့် ဒါကလည်း File Size နဲ့ ယှဉ်ရင် ပေးသင့်ပါတယ်။ 

--------------

ဆွဲထားပြီးသားကို Zip ထုတ်ပေးဖို့ဆိုတာကလည်း အခု Download ဆွဲမယ့် resources file တွေက storage အတွင်း data ထိ ပို့မှာမလို့ Root မရှိတဲ့ ဖုန်းဆိုရင်လည်း အဆင်မပြေဘူးရယ်။

အဲကြောင့် အဆင်မပြေတာရှိရင် မင်မင်တို့ဆီ လာမေးလို့ရတယ်။ အားတဲ့ချိန် ချက်ချင်းဖြေပေးမယ်။

Game Information

Android version 11 +
Developer NETFLIX
Network Offline
Price Paid Account
App version 1.72.42919648
Release date Dec 7., 2023
Platform Android / iOS

⭐ ( HELLO Rating = 8.6 / 10 ) ⭐


 Click To Download 



Install တင်နည်းကြည့်ရန် နိပ်ပါ

How To Install SAI File


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project 2

Ex Astris