Hitman Blood Money Reprisal

° Original ဖြစ်တဲ့ Hitman ရဲ့ Blood Money ဂိမ်းက Copies ပေါင်း 2.1 မီလီယံထိ ရောင်းချခဲ့ရတဲ့ အအောင်မြင်ဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး Feral Interactive ကနေ "Refinement” ဆိုပြီးတော့ Hitman Blood Money ကိုမှ Reprisal Title နဲ့ Mobile Port Version ကို ထပ်မံယူဆောင်လာပေးထားတာပါ။ ဘာတွေပြောင်းလဲသွားလဲဆိုရင် Story ကတော့ မူလ Original အတိုင်းဆိုပေမယ့် Reworking ပုံစံမျိုးနဲ့ Mobile Screen တွေအတွက် သီးသန့် Minimap အသစ်တွေ ၊ Instinct Mode တွေအပြင် Gameplay Improvement အတွက်ပါ နောက်ဆုံးထွက် series တွေကို inspired ယူထားတယ်လို့ သိရပါတယ်။ 
ဆိုတော့ ဒီဂိမ်းကို လူတိုင်း ၊ အထူးသဖြင့် Mobile Gamers တွေတိုင်း ကစားကြည့်သင့်သလားလို့ မေးရင် မင်မင်ကတော့ No လို့ ဖြေရမှာပါ ..!!!!
ဒီ Hitman တို့လို Stealth ဦးစားပေး Action ဂိမ်းတွေက သာမန်ကာလျှံမန်ကာ သွားဆော့လို့ မရပါဘူး။ ကိုယ်တာဝန်ယူထားတဲ့ Mission ကို သေချာနားလည်နေမှ ရမယ့်အပြင် စိတ်လက်မာန်ပါနဲ့ တွေ့ရာ အကုန် လိုက်ချနေရင်တော့ expose ဖြစ်ပြီး အခန်းတစ်ခုတည်းနဲ့တင် နာရီပိုင်းထိ ကြာသွားနိုင်ပါတယ်။ ဒါမှမဟုတ်လဲ ခဏခဏ အသတ်ခံရတာမျိုးပေါ့။ 
အဲဒါကြောင့် ဒီဂိမ်းက တစ်နည်းအားဖြင့်ဆိုရရင် ကိုယ့်ရဲ့ IQ နဲ့ တာဝန်တစ်ခုကို ဘယ်လောက်ထိ smart ကျကျ စီမံနိုင်မလဲဆိုတာကို စမ်းသပ်ကြည့်လို့ရပါတယ်။ Sandbox နီးပါးထိ ပစ်မှတ်ကို ကြိုက်သလို ရှင်းထုတ်ပစ်နိုင်တာကြောင့် ကိုယ်တိုင် kill မလား ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ အခြေနေပေါ်မူတည်ပြီး accident တစ်ခုကို ဖန်တီးပြီး kill မလားဆိုတာ ကိုယ့်ရဲ့ ကစားနိုင်တဲ့ စွမ်းဆောင်ရည်ပေါ်ဘဲ မူတည်ပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Hitman ဂိမ်းတွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုဖြစ်တဲ့ ဒီ Blood Money ကလည်း Players အတော်များများကို မထင်ထားတဲ့ Experience ပုံစံမျိုးနဲ့ မေ့မရနိုင်အောင်ကို ထင်ကျန်စေခဲ့တာပါ။ 

Hitman လို့ပြောလိုက်တာနဲ့ Agent 47 ကို မသိတဲ့သူ မရှိသလောက်ဖြစ်ပြီး ကမ္ဘာ့အတော်ဆုံး assassin တစ်ယောက်ဖြစ်တဲ့အပြင် ၊ သာမန်လူတွေထက်ပါ genetic ပိုင်းမှာ အများကြီး သာလွန်တာကြောင့် Smart အဖြစ်ဆုံး Genius Killer လို့ ဆိုရမှာပါ။ Emotional မရှိတာကြောင့် သူ့ကို ပေးအပ်တဲ့တာဝန်အပေါ်မှာ စနစ်ကျကျနဲ့ ၊ ဟာကွက်မရှိအောင်ကို ဆောင်ရွက်နိုင်တဲ့အပြင် သူ့ရဲ့ ပစ်မှတ်တိုင်းဟာလည်း ဘယ်သူသတ်လို့သတ်သွားမှန်း မသိတဲ့ထိကို အရမ်းကိုပိရိတဲ့သူတစ်ယောက်ပါ။ 
( Story )
----------
ဒီလို အတော်ဆုံးလုပ်ကြံသူတစ်‌ယောက်ဖြစ်တဲ့ Agent 47 ဟာ ဒီဂိမ်းထဲမှာတော့ Hitman Contracts ရဲ့ အဆက်အနေနဲ့ ပါဝင်လာမှာဖြစ်ပြီး ထူးခြားတာက Ending မတိုင်ခင်ထိ Game တစ်ခုလုံးဟာ Narrative ပုံစံမျိုးနဲ့ ဇာတ်ကြောင်းပြန်နေတာကို မြင်တွေ့ရမှာပါ။ FBI ရဲ့ Director ဟောင်းတစ်ယောက်ဟာ ဂျာနယ်လစ်တစ်ဦးနဲ့ ဆွေးနွေးနေတာဖြစ်ပြီး အဓိက သူတို့နှစ်ဦးပြောနေတဲ့ အကြောင်းအရာကတော့ Agent 47 ရဲ့ လုပ်ရပ်တွေကို အဖြစ်ပျက်တစ်ခုချင်းစီနဲ့ Player တွေကို ပြန်ပြီး ဝင်ကစားခိုင်းတဲ့ပုံစံမျိုးကို ကြုံရမှာပါ။ 
အဲဒီအချိန်တုန်းက Agent 47 ဟာ Myth တစ်ခုအနေနဲ့ နာမည်ကြီးနေခဲ့တာဖြစ်ပြီး Global Organisation တစ်ခုဖြစ်တဲ့ ICA ရဲ့ လက်အောက်‌ကနေ Diana ရဲ့ ညွှန်ကြားမှုတွေနဲ့ စာချုပ်အတိုင်း ပစ်မှတ်တွေကို လိုက်ရှင်းနေတာပါ။ ဒါပေမယ့် The Franchise ဆိုတဲ့ organization တစ်ခုဟာ ICA ရဲ့ လက်‌အောက်ခံတွေကို အဲဒီအချိန်တွင်းမှာ လိုက်လုပ်ကြံနေတာဖြစ်ပြီး နောက်ဆုံး Agent 47 နဲ့ Diana ဘဲကျန်တော့ထိ အခြေနေတွေဟာ ကမောက်ကမ ဖြစ်လာပါတယ်။ သမ္မတကိစ္စတွေထိ အဖြစ်ပျက်အားလုံးကို Agent 47 အပေါ် အပြစ်ပုံချခဲ့တာကြောင့် နောက်ဆုံး Diana ရဲ့ ဘယ်လို စီမံ‌မှုတွေနဲ့ Organization တစ်ခုလုံးကို ပညာသားပါပါ Agent 47 ကို အသုံးပြုပြီး ဖြုတ်ချသွားမလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ 

စိတ်ဝင်စားအောင် ထပ်ပြောရရင် အဓိကဇာတ်‌ကောင်ဖြစ်တဲ့ Agent 47 ဟာ သေသွားပါသေးတယ်။ 
( Gameplay )
----------------
Hitman ရဲ့ Gameplay တိုင်းက Stealth ဦးစားပေးထားတာကြောင့် ခေတ်သစ် လုပ်ကြံသူတစ်ယောက်အနေနဲ့ အတော်ကြီးကို မိုက်ပါတယ်။ ကိုယ့်ရဲ့ လုပ်ရပ်ပေါ်မူတည်ပြီး ပစ္စည်းတိုင်းဟာ လူသတ်လက်နက်ဖြစ်လာနိုင်သလို ၊ လူတိုင်းဟာလည်း ကိုယ်ဖြစ်လာနိုင်ပါတယ်။ ဝန်ထမ်းကနေ အရာရှိတွေထိ ရုပ်ဖျက်လို့ရပြီး ပစ်မှတ်ကို ရှင်းပစ်ဖို့အတွက် ပတ်ဝန်းကျင်အခြေနေတွေကို အသုံးချလို့ရတာပါ။ ဥပမာ သေနတ်အတုနဲ့ အစစ်လဲတာတွေ၊ မတော်တဆဖြစ်ပြီး သေအောင်လို့ တွန်းချတာတွေ၊ Gas အိုးဖောက်တာတွေ နောက်ပြီး အဆိပ်ခက်တာတွေထိ နည်းမျိုးစုံနဲ့ကို အသုံးပြုလို့ရတာပါ။ 
ဒီဂိမ်းမှာ အရမ်းမိုက်တာက Difficulty မတူကြပါဘူး။ Rookie ကနေ Pro အဆင့်ထိ ကိုယ့်ကိုကိုယ် အဆင့်မြင့်လုပ်ကြံရေးသမား ဖြစ်လာနိုင်လား မဖြစ်နိုင်ဘူးလားဆိုတာ စမ်းကြည့်လို့ရပါတယ်။ အခက်ဆုံးနဲ့ ကစားတဲ့သူတွေက လုံးဝကို အပြင်ကအတိုင်း လှုပ်ရှားရမှာဖြစ်ပြီး နည်းနည်းမှ အမှားခံလို့မရသလို ၊ မြေပုံတွေ ၊ရန်သူ တည်နေရာတွေကစ ဘာမှကို တွေ့ရမှာမဟုတ်ပါဘူး။ AI ရဲ့ သံသယဖြစ်မှုတွေက အမြင့်ဆုံးမှာဖြစ်ပြီး expose ဖြစ်လို့ အပစ်ခံရရင်တောင် 100% လက်တည့်ကြပါတယ်။ အဲကြောင့် ဒီဂိမ်းကို လျော့တော့မတွက်စေချင်ဘူး။ Easy မှာတောင် တိုင်ပတ်နေတာ ၊ Pro ဆိုရင်တော့ လှုပ်တောင် မရဖြစ်သွားနိုင်တယ်။ 
Graphic နဲ့ပတ်သတ်ပြီး HD Version လေးတွေအပြင် အနည်းငယ် improvement လုပ်ပေးထားတာကြောင့် ကြည့်ရ အဆင်ပြေစေပါတယ်။ P2 ထက်တော့ ပိုကြည့်ကောင်းတာပေါ့။ အကယ်လို့ Graphic အားမရရင် Setting, Graphic ထဲ ထပ်မြင့်လို့ရသေးတယ်။ UI တွေ Button အနေထားတွေကတော့ Mobile Version အတွက် အတော် ကောင်းမွန်တယ်လို့ မြင်မိတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Personal အရတော့ Spoiler ပါနိုင်တယ်။ ဘာလို့ဆို စာပို့သမားကို သတ်ပစ်တာကြီးကတော့ သိပ်အဆင်မပြေဘူးရယ်။ မင်မင်စဆော့တုန်းက‌ P2 မှာ မဟုတ်ဘဲ PC မှာ ဆော့ဖြစ်တာ။ Stealth တွေဘာတွေ နားမလည်သေးတဲ့ အချိန်‌ဆို‌တော့ စိတ်မရှည်ရင် GTA လို ဝုန်းဒိုင်းကျဲတော့တာဘဲ။ သေတာလဲ မနည်း ၊ အခန်းတစ်ခုအောင်ဖို့ဆို တစ်ရက်လောက်ရှိတယ်။ ဘာလို့ဆို Mission လည်း မဖတ် ၊ စကားလည်း နားမထောင်ဆိုတော့ တကယ်ကို ချာချာလည် လုပ်ချင်ရာလုပ်နေတာ။ ဒါတောင် rookie နဲ့ဆော့တာ၊ pro သာဆို အဲချိန်တုန်းက ဂိမ်းပါ ဖျက်ပစ်လောက်တယ်
ကျန်တာကတော့ နောက်ဆုံးပိုင်းကို ပိုသဘောကျတယ်။ အစက Diana ဆေးထိုးပေးမယ်ထင်တာ။ ဘယ်ဟုတ်မလဲ lip လေးနဲ့ ဆေးသုတ်ပြီး kiss ပေးလိုက်တာကြီးက ခုထိ ရင်ခုန်တုန်းဘဲ။ Game မှာ sexual ဆန်တာ ၊ Violence ဆန်တာတွေပါပေမယ့် Diana Kiss ပေးတာလောက် heart မထိဘူး။
Hitman ဂိမ်းက တကယ်က အကုန် sequel အတိုင်း ဆော့ရင်တော့ မဆိုးဘူးရယ်။ Mobile မှာက Sniper type ကလွဲရင် အခုမှ Blood Money ဘဲ ကွက်ထွက်လာတော့ လွယ်တော့ 
Apks ဖိုင်မလို့ Install တင်နည်းကို သေချာကြည့်ပေးပါနော်။ အထဲမှာ ထပ်ပြီး download လုပ်စရာ မလိုပါဘူး။ မသိတာရှိလဲ မင်မင်ဆီကို စာပို့ပေးထားနော် အားတဲ့ချိန် လာပြန်ဖြေပေးမယ်။ 

Game Information

Android version 10 . 0 +
Developer Feral Interactive
Network Offline
Price R$49.99
App version 1.0.1RC4
Release date Nov 30., 2023
Platform Android / iOS

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Click To Download 


How To Install Apks File


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project

Viva Project 2