Maid Of Sker

❝ ဖြစ်ရပ်မှန်နဲ့ Mythology ပေါင်းထားတာမလို့ ဂိမ်းက တကယ်ကောင်းပေမယ့် Mobile Version မှာ ပြီးပြီးရော ဖြစ်သလို ထုတ်ပေးလိုက်တာကြောင့် အတော်လေး စိတ်ပျက်မိတာ အမှန်ပါပဲ ❞

" Hi Everyone .... "

ဒီနေ့ HELLO YDB ကနေ ပြောပြပေးမယ့် ဂိမ်းအသစ်လေးကတော့ PC ကော ၊ Consoles မှာပါ နာမည်ကောင်းရထားတဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်တဲ့ Maid Of Sker ရဲ့ Mobile Version လေးပဲ ဖြစ်ပါတယ်။

Mobile မှာ မနေ့ကမှ ပူပူနွေးနွေး ထွက်ထားတဲ့ ဂိမ်းအသစ်လေးဖြစ်တာကြောင့် အခုမှ စဆော့မယ်ဆိုတဲ့ သူတွေအတွက် ဒီဂိမ်းလေးက ဆော့သင့်လား ၊ မဆော့သင့်ဘူးလား နောက်ပြီး ဘယ်လို လူတွေအတွက်ဆိုတာကို ပြောပြပေးသွား‌မယ်နော်။

❖ 𝐌𝐚𝐢𝐝 𝐎𝐟 𝐒𝐤𝐞𝐫 : 𝐌𝐨𝐛𝐢𝐥𝐞 ❖
====================

အရင်ဆုံး ဒီဂိမ်းလေးက Horror အမျိုးစားဆိုပေမယ့် ပိုပြီး တိတိကျကျပြောရရင်တော့ Mysteries ဆန်ပြီး ဂီတ သံစဉ်တွေနဲ့ ဆက်နွယ်နေတာကြောင့် အရမ်းကိုမှ စိတ်ဝင်စားစရာကောင်းတဲ့အပြင် ဖြစ်ရပ်မှန်ကော ၊ Mythology တွေနဲ့ပါ ကိုးကားထားတာကြောင့် တကယ်ကို ဇာတ်အိမ် အမိုက်စားကြီးကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

အဲဒါကြောင့် ဂိမ်းဇာတ်လမ်းလေးကို မပြောပြခင် ဒီဂိမ်း‌ကနေ Inspired ယူထားတဲ့ ဖြစ်ရပ်မှန်အကြောင်းရာလေးတွေကို ပိုသိရအောင်လို့ အရင်ပြောပြပေးပါမယ်။

𝘼𝙗𝙤𝙪𝙩 𝙏𝙧𝙪𝙚 𝙎𝙩𝙤𝙧𝙮 & 𝙁𝙖𝙘𝙩

ဒီဂိမ်းရဲ့ ဇာတ်လမ်းကို ရှေးတုန်းက Welsh တို့ ၊ British တို့ရဲ့ ဓလေ့ပုံပြင်တွေကနေ inspire ယူထားတာဖြစ်ပြီး အဓိက ကိုးကားထားတာ‌ကတော့ ယခုအချိန်ထိ Wales မှာ တည်ရှိနေတဲ့ Sker House ဆိုတဲ့ သမိုင်းဝင် အဆောက်အဦးကြီးကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။

အဲဒီအဆောက်အဦးကြီးက 1872 ခုနှစ်မှာ R.D. Blackmore ရေးခဲ့တဲ့ ဝတ္ထုရှည်ကြောင့် နာမည်ကြီးခဲ့တာဖြစ်ပြီး ၊ ဒေသခံတွေရဲ့ အဆိုအရ တစ္ဆေခြောက်တယ်ဆိုပြီးတော့ပါ အဲဒီခေတ်ဝန်းကျင်က လူပြောများခဲ့တာပဲဖြစ်ပါတယ်။

အကြောင်းကတော့ 1700 ဝန်းကျင်တုန်းက ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတဲ့ Elizabethan ဆိုတဲ့ မိန်းကလေးရဲ့ ဝိညာဉ်ဟာ အဲဒီ အဆောက်အဦးရဲ့ ပထမထပ်မှာ မကြာခဏ လှမ်းကြည့်နေတတ်တယ်လို့ ပြောစမှတ်ပြုကြတာကြောင့် အခုလို အထင်ကရဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

အဆိုအရ Elizabethan ဟာ လက်သမား ကောင်လေးတစ်ယောက်နဲ့ ချစ်ကြိုက်မိခဲ့ပြီး ထွက်ပြေးဖို့ စီစဉ်နေချိန်မှာပဲ အဖေဖြစ်သူရဲ့ အတင်းအကြပ်စီစဉ်မှုတွေကြောင့် ရင်ကွဲနာကျပြီး သေဆုံးခဲ့ရတယ်လို့ ပြောထားတာပါ။ သေဆုံးသွားချိန်မှာတောင် Elizabethan ရဲ့ ဝိညာဥ်ဟာ အဲဒီ အပေါ်ထပ် ပြတင်းပေါက်လေးမှာပဲ အမြဲစောင့်နေခဲ့တယ်ဆိုပြီး နာမည်ကြီးလာခဲ့တာပဲဖြစ်ပါတယ်။

တကယ်က ဝတ္ထုနာမည်ကြီးတယ်ဆိုတာထက် အဲဒီခေတ်ဝန်းကျင်တုန်းက ဖြစ်ပျက်ခဲ့တဲ့ တခြားအဖြစ်ပျက်တွေနဲ့ပါ ပေါင်းပြီး တိုက်ဆိုင်ကုန်တာကြောင့် အခုလို နာမည်ကြီးပြီး သမိုင်းကျန်ခဲ့တဲ့အထိ ပြောစမှတ် ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ဂိမ်းရဲ့ ဇာတ်အိမ်ဘက်ကို ပြန်လှည့်ပြောရရင် Developer တွေက အဲဒီ အဖြစ်ပျက်တွေကို တစ်ခုတည်းအဖြစ်နဲ့ ပေါင်းစပ်ပြီး Mythology တွေနဲ့ပါ ကိုးကားလိုက်တာကြောင့် အခု Maid Of Sker ရဲ့ ဇာတ်အိမ်ဟာ ပိုပြီး ဆန်းကြယ်လာတာပဲဖြစ်ပါတယ်။

ဒါ့အပြင် Developer တွေက ဂိမ်းရဲ့ Gameplay ကိုပါ လူတိုင်းနဲ့ ရင်းနှီး‌အောင်လို့ Outlast, The Evil Within 2 နဲ့ Silent Hill တို့ကို inspired ယူပြီး ဖန်တီးပေးထားတဲ့အပြင် auto save စနစ်ကစ Resident Evil ဂိမ်းတွေကို မှီငြမ်းထားတယ်လို့ သိရပါတယ်။

➥ ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )

ဒီ Maid Of Sker ဂိမ်းရဲ့ ဇာတ်လမ်းက အပေါ်မှာ ပြောခဲ့တဲ့ ဖြစ်ရပ်မှန်လေးနဲ့ နည်းနည်း ဆင်တူပြီး ဇာတ်အိမ်ကိုတော့ 1898 ခုနှစ်မှာ တည်ပေးထားတာပဲဖြစ်ပါတယ်။ သင်က Thomas Evans ဆိုတဲ့ Musician တစ်ယောက်နေရာကနေ ပါဝင်ရမှာဖြစ်ပြီး ရည်းစားဖြစ်တဲ့ Elisabeth ပို့လိုက်တဲ့ စာကြောင့် Sker ဆိုတဲ့ Hotel ကြီးဆီကို အရောက်သွားပေးရမှာပါ။

အကြောင်းကတော့ သူမရဲ့ မိသားစုတွေဟာ ထူးထူးဆန်းဆန်းတွေ ပြုမူနေကြပြီး သူမကိုယ်တိုင်ကပါ အန္တရာယ်တွေကြားမှာ ပိတ်မိနေတာကြောင့် အမြန်ဆုံးလာခဲ့ဖို့ရာ မှာလိုက်တဲ့အပြင် စာနဲ့အတူ ပါလာတဲ့ လည်ဆွဲလေးရဲ့ သံစဉ်ကိုပါ Counter လုပ်ဖို့အတွက် tune အသစ်ကို ရေးခိုင်းခဲ့တာပဲဖြစ်ပါတယ်။

အဲဒီ လည်ဆွဲဟာ သူမ အမေပိုင်ဆိုင်တဲ့ ပစ္စည်းလေးဖြစ်တဲ့အပြင် Elizabeth ကိုယ်တိုင်ကလည်း အဲဒီ Hotel ပိုင်ရှင်ကြီးရဲ့ သမီးဖြစ်နေတာမလို့ သူမကို သွားတွေ့ဖို့ အဲဒီကို ရောက်ရှိသွားချိန်မှာတော့ အရာအားလုံးဟာ တိတ်ဆိတ်ဆွေးမြေ့နေတဲ့အပြင် Hotel ကြီးကပါ ခြောက်ကပ်ပြီး သစ်ပင်တွေ ၊ နွယ်တွေ ထူထပ်နေတာကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုတာ ကိုယ်တိုင်ပဲ ဆက်ကစားကြည့်လိုက်တော့နော်။

Ending နှစ်ခုပါတာကြောင့် သေချာလေး ဆုံးဖြတ်ဖို့တော့ လိုလိမ့်မယ်။ 

Gameplay ကလည်း လိုရင်းတိုရှင်းပြောရရင်တော့ First Person ကိုမှ အနီးစပ်ဆုံး မြင်သာအောင်ပြောရရင် A Quiet Place ဇာတ်လမ်းထဲကလိုမျိုး အသံမထွက်အောင် ကစားရမှာမလို့ အရမ်းကိုမှ မိုက်တယ်ဆိုတာမျိုးပဲ ပြောချင်ပါတယ်။ Graphic ကလည်း Mobile Version က လွဲရင် အတော်ကို ဆွဲဆောင်မှုရှိတဲ့ထဲမှာ ပါဝင်ပြီး တစ်နေရာနဲ့တစ်နေရာ Atmosphere ပြောင်းသွားတာတွေကစ ကွက်ကွက်ကွင်းကွင်းနဲ့ကို thrilling ဖြစ်စေတဲ့ Vibe မျိုး ရရှိစေမှာပဲ ဖြစ်ပါတယ်။

➥ ( - 𝙋𝙚𝙧𝙨𝙤𝙣𝙖𝙡 𝙎𝙪𝙢𝙢𝙖𝙧𝙮 - )
======================

မင်မင်အနေနဲ့ Personal အရတော့ အပေါ်ဆုံးမှာ အစပျိုးခဲ့သလိုပဲ ဂိမ်းက မိုက်တယ် ၊ Mobile Version မှာ Port လုပ်ထားတဲ့ Quality ကြီးကိုက တကယ်စုတ်ပြတ်သတ်တာကြောင့် ဂိမ်းရဲ့ နဂို Original Vibe တောင် ပျောက်သွားတဲ့ထိ စိတ်ပျက်မိတာပါ။

ပုံမှန်ဆို မင်မင်အနေနဲ့က Mobile အတွက် Port Game တစ်ခုထွက်လာပြီဆိုတာနဲ့ အရမ်းမိုက်ကြောင်း ၊ ဘယ်လောက်ထိ‌ ကောင်းကြောင်းကို အမြဲ ပြောပြနေကြဆိုပေမယ့် ဒီတစ်ခါတော့ နည်းနည်းလေး ရုပ်ပေါက်လာမိတယ်လို့ ဆိုရမှာပဲ။

Mobile ရဲ့ Hardware တွေ မမှီလို့ဆိုပြီး ပြောရင်လည်း Graphic အမြင့်ဆုံးတောင် ဂိမ်းရဲ့ Resolution က မျက်မှန် တပ်ထားသလားအောင့်မေ့ရလောက်အောင် Texture တွေက ပြန့်ကျဲပြီး Pixels မငြိမ်တာမျိုးတွေ ဖြစ်နေတာဆိုတော့ မသိရင် 360p ကြီးနဲ့ ကစားနေရသလိုကြီးကို ခံစားနေရတာ အမှန်ပဲ။

Game Port လုပ်တာနဲ့ ပတ်သတ်ပြီး အသေးစိပ်မသိပေမယ့် အခုဟာက PC Version ကို Mobile အတွက် Optimizing အဆင်ပြေရင်ပြီး‌ရောဆိုပြီး Graphic ဘာညာ ၊ ဂိမ်း Quality အကုန် ဘာမှ အဆင်ပြေမပြေ မကြည့်တော့ပဲ တန်းထုတ်ပေးလိုက်သလိုမျိုးဖြစ်နေသလို ခံစားမိလာရတယ်။

ဒီပြဿနာက မင်မင်တင်မဟုတ်ဘူး တခြား နိုင်ငံကလူတွေပါ iOS သမားတွေအထိ Negative တွေ တက်လာကြပြီ။ ပိုဆိုးတာက Paid Game ဖြစ်နေတော့ ပြန်ရတာနဲ့ မတန်လို့ ဘက်ပေါင်းစုံက အသံထွက်လာတာမျိုးဖြစ်နေတယ်။

ဒီတော့ မင်မင်အနေနဲ့ အကြံပေးရရင်တော့ ဒီဂိမ်းကို ဆော့မယ်ဆိုရင် PC တွေ ၊ Console တွေရဲ့ Quality ကို သွားမကြည့်ပဲ ဒီတိုင်း အပါ်မှာ မင်မင်ပြေခဲ့သလို သူ့ရဲ့ ဇာတ်အိမ်နဲ့ Gameplay ကိုသာ focus ထားပြီး ဆော့စေချင်တယ်။ Graphic က‌လည်း Mobile အတွက် ပုံမှန်ပါပဲဆိုပြီး ဖြေသိမ့်ရင်းနဲ့ပေါ့။ ဒါပေမယ့်လည်း ပြောလို့သာ ပြောတာ ဂိမ်းက Optimization ကို မကောင်းတာမလို့ Requirements ကတော့ အတော်ကို လိုမယ်ဆိုတာ အသိပေးချင်ပါတယ်။

Game Information

Android version 8 . 0 +
Developer Wales
Network Offline
Price Paiid Account
App version 1.1
Release date Sep 12., 2024
Platform Android / iOS / PC / Consoles

⭐ ( HELLO Rating = 6.6 / 10 ) ⭐


 Download 


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES