𝐑𝐞𝐝 𝐃𝐞𝐚𝐝 𝐑𝐞𝐝𝐞𝐦𝐩𝐭𝐢𝐨𝐧
ဂိမ်းလောကမှာ နှစ်ပေါင်းများစွာ လူပြောများခဲ့တဲ့ Rockstar Games ရဲ့
Masterpiece ကို ဖုန်းပေါ်မှာ ဒီလောက် Quality အပြည့်နဲ့ ပြန်မြင်ရတာဟာ
တကယ့်ကို Technical Miracle ပဲလို့ ပြောချင်ပါတယ်။ ဒီအခြေနေအရဆိုရင် Netflix
ဘက်က နှစ်မကုန်ခင် အလျှင်ထုတ်ပေးလိုက်တာမလို့၊ နောက်နှစ် 2026 မှာ ထုတ်ပေးမယ့်
ဂိမ်းတွေက တကယ် စိတ်ဝင်စားစရာကောင်းလာပါပြီ။
✮ 𝐑𝐞𝐝 𝐃𝐞𝐚𝐝 𝐑𝐞𝐝𝐞𝐦𝐩𝐭𝐢𝐨𝐧
ဂိမ်းကို စဖွင့်လိုက်တာနဲ့ ၁၉၁၁ ခုနှစ်၊ Wild West ခေတ်ကုန်ဆုံးခါနီး
အငွေ့အသက်ကို တန်းပြီးတော့ ခံစားရမှာဖြစ်ပြီး မင်မင်တို့ ကစားရမှာက John Marston
ဆိုတဲ့ လူဆိုးဟောင်းကြီး နေရာကနေမလို့ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ Classical
ဇာတ်ကြောင်းလေးတစ်ခုကို စီးမြောရမှာပဲ ဖြစ်ပါတယ်။
John က အေးအေးဆေးဆေး နေချင်ပေမယ့် ကံတရားကတော့ သူ့ကို မျက်နှာသာ မပေးခဲ့ပါဘူး။
ဘာကြောင့်လဲဆိုတော့ အစိုးရစုံထောက်တွေက သူ့သားမယားကို ပြန်ပေးဆွဲပြီး၊ သူ့ရဲ့
ဂိုဏ်းခေါင်းဆောင်ဟောင်းတွေဖြစ်တဲ့ Bill Williamson နဲ့ Dutch van der Linde
တို့ကို ပြန်လိုက်သတ်ခိုင်းခဲ့တာကြောင့် မိသားစုကို ကာကွယ်ဖို့အတွက်
မလုပ်ချင်တဲ့အလုပ်ကို မဖြစ်မနေလုပ်ရတဲ့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်အပြင်၊
ကိုယ့်မိသားစုအတွက် ဆရာသမားဟောင်းကိုပါ ပြန်သတ်နိုင်ပါ့မလားဆိုတဲ့ ရသစုံတဲ့
ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
✮ 𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
အားလုံးသိကြတဲ့အတိုင်း rockstar ရဲ့ သဘာဝကျတဲ့ Open World ကမ္ဘာကြီးထဲကို
ဝင်ကစားရမှာဖြစ်ပြီး Mobile Gamer တွေ မရင်းနှီးသေးမှာကတော့ Honor System
ပဲဖြစ်ပါတယ်။ သူက ကစားသူရဲ့ လုပ်ရပ်အပေါ်မူတည်ပြီး (ဥပမာ - လူကောင်းကိုကူညီမလား၊
လမ်းသွားလမ်းလာကို ဓားပြတိုက်မလား) စတဲ့ လုပ်ရပ်တွေပေါ်မူတည်ပြီး ဂိမ်းထဲက NPC
တွေရဲ့ ဆက်ဆံပုံတွေ ပြောင်းလဲသွားမှာမလို့ Modern ခေတ်က GTA ဂိမ်းတွေလို့
လိုက်သောင်းကြမ်းဖို့ အဆင်မပြေပါဘူး။
နောက်တစ်ခုက Dead Eye Targeting စနစ်ဖြစ်ပြီး ပစ်ခတ်မှု ဖြစ်နေတဲ့အချိန်မှာ
အချိန်ကို ခေတ္တနှေးလိုက်ပြီး တော့ ရန်သူတွေကို Mark လုပ်ကာ တစ်ချက်တည်းနဲ့
အကုန်သိမ်းပစ်လိုက်လို့ရတဲ့ ခံစားချက်က တကယ်ကို ဇာတ်ကားထဲက Cinematic ဆန်တဲ့ Pro
Gunslinger တစ်ယောက်ဖြစ်သွားသလို Satisfaction အပြည့် ပေးနိုင်မှာပဲဖြစ်ပါတယ်။
✮ 𝐀𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐞𝐚𝐭𝐮𝐫𝐞𝐬
ဒါတင်မကသေးဘူးနော်... ဒီ Mobile Version မှာက မူရင်းဂိမ်းအပြင် Zombie တွေနဲ့
တိုက်ခိုက်ရမယ့် Undead Nightmare DLC ပါ တစ်ပါတည်း ပါဝင်လာတာမလို့ Cowboy
ဂိမ်းကနေ Survival Horror ပုံစံမျိုးနဲ့ experience အသစ်ကိုပါ
ထပ်မံခံစားရမှာပဲဖြစ်ပါတယ်။
မင်မင်အနေနဲ့ဆိုရင်လည်း Zombie DLC က တကယ် ဇာတ်ကြောင်းတစ်ခုနဲ့
စိတ်ဝင်စားစရာကောင်းတာမလို့ ဆော့ဖြစ်အောင် ဆော့ကြည့်စေချင်တယ်။
⚠️ 𝐖𝐚𝐫𝐧𝐢𝐧𝐠
ဒီဂိမ်းက PC/Console Version ကို အပြည့်အဝ Port လုပ်ထားတာဖြစ်လို့
ဂရပ်ဖစ်ပိုင်းကတော့ ရှယ်လန်းပေမယ့် Touch Control နဲ့ Aim ချိန်ရတာတော့
နည်းနည်းတော့ Clunky ဖြစ်နိုင်ပါတယ်။ Controller နဲ့ ချိတ်ဆော့ရင်တော့ Experience
က တခြားစီ ခံစားရလိမ့်မယ်။
နောက်ပြီး ဖုန်းအနိမ့်တွေမှာ အပူချိန် အတက်မြန်တာကိုလည်း သတိပြုရမှာဖြစ်ပြီး
ဝယ်မဆော့တဲ့သူတွေအတွက်လည်း Apks File ကို Install တင်နည်းက နည်းနည်းလေး
ရှုပ်ထွေးနိုင်ပါတယ်။ အထူးသဖြင့် MIUI ဖုန်းတွေဖြစ်ပြီး လုပ်နည်းလည်း Download
Link ထဲမှာ တစ်ခါတည်း ထည့်ပေးထားတာမလို့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။
#HelloYDB #GameIntroduction #MyanmarGamer #RedDeadRedemption #RDRMobile #NetflixGames #OpenWorld #Cowboy #UndeadNightmare










Comments