Quarantine Gate

ရောဂါရှိမရှိ တစ်ယောက်ချင်းစီကို လိုက်စစ်ပေးရတဲ့ ဒီဂိမ်းလေးက Quarantine Zone ဆိုတဲ့ နာမည်ကြီး ဂိမ်းကို Reference ယူထားတာဖြစ်ပြီး အပျော်သဘောနဲ့ ဖန်တီးထားတာမလို့ အပျင်းပြေကစားချင်တဲ့သူတွေအတွက် စမ်းကြည့်သင့်ပါတယ်။

ရောဂါပျံ့နေတဲ့အပိုင်းကနေ ဝင်လာတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို ရောဂါပိုး ပါမပါ အသေးစိတ်လိုက်စစ်ပေးရမှာဖြစ်ပြီး ၊ အပူချိန်မှန်မမှန် တိုင်းတယ်ဆိုတာထက် အင်္ကျီအတွင်းပိုင်းအထိပါ ဖောက်မြင်ရတဲ့ ( ယောကျ်ားထုကြီးအကြိုက် ) နည်းပညာကြောင့် ဒီဂိမ်းက လူတိုင်းစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။

ပြောရရင် ကိုက်ခံထားရတဲ့ ဒဏ်ရာရှိမရှိ၊ ဒါမှမဟုတ် ကူးစက်ခံထားရတဲ့ လက္ခဏာရှိမရှိကို သေချာကြည့်ပေးရတာဖြစ်တာကြောင့် ပေါ့သေးသေး ဂိမ်းတော့မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်ချို့လူတွေကြ အကိုက်ခံထားရတာမျိုးမဟုတ်ပဲ ၊ ဒီတိုင်း ကူးစက်ခံထားရတာတွေလဲ ပါနိုင်တာကြောင့် ကိုက်ရာတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရသလို ၊ တစ်ခါလေ နေမကောင်းတဲ့လူကိုလည်း ရောဂါပိုးရှိတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်တတ်ပါတယ်။

အဲဒါကြောင့် ဂိမ်းကလွယ်တယ်လို့ထင်ရပေမယ့် တကယ်တွေးကြည့်ရင် ကိုယ့်ကြောင့် Virus ရှိတဲ့သူကို မရှိပါဘူးဆိုပြီး ဝင်ခွင့်ပေးလိုက်လို့ နောက်ဆက်တွဲဖြစ်လာမယ့် Outbreak ကြီးကို တွေးကြည့်ရုံနဲ့ကို တကယ်တာဝန်ကြီးတဲ့ Position တစ်ခုလို့ မင်မင်ကတော့ မြင်မိတယ်။

ဆိုးတာက Casual အမျိုးစားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ပဲ ကစားတယ်ဆိုရုံလောက်ပဲ အဆင်ပြေစေပြီး Endless ဒါမှမဟုတ် Loops ပုံစံလေးဖြစ်နေတာကြောင့် ကြာကြာဆော့ရင် ပျင်းသွားစေမယ့်အထဲမှာတော့ ပါပါတယ်။

Game Information
Android version 7 . 0 +
Developer Space Horse Play
Network Offline
Price Free
App version 0.1.1
Release date May 28, 2025
Platform Android
Ram At least 4GB +
SOC Snapdragon 600 +
Helio G80 +



#HELLOYDB #HORROR #Quarantine #GameReview #MobileGameReview 

Comments

လူကြည့်အများဆုံး GAMES