Subnautica Below Zero

Thalassophobia ရှိတဲ့ မင်မင်အတွက်တော့ တကယ့်အသက်ရှုကြပ်စေတဲ့ ဂိမ်းပဲ..

စဉ်းစားကြည့်ရင် ရေလည်း ကြောက်တယ်၊ ရေအနက်ကိုလည်း ကြောက်တယ်၊ အေးလွန်းရင်လည်း
မနေတတ်တဲ့သူတွေအတွက်တော့ ဒီဂိမ်းက ယောင်လို့တောင် ဝင်မဆော့သင့်တဲ့ Horror
ဂိမ်းတစ်ခုပါပဲ။ Survival Movie တွေကြည့်ရင်တောင် အသက်ရှုကြပ်နေပါတယ်ဆိုမှ
ဒီဂိမ်းကြမှ Oxygen က မလောက်၊ ကိုယ်အပူချိန်ကျရင်လည်း အေးခဲပြီး
သော်ကေးအုံးမယ်ဆိုတော့ ပျော်ပျော်ကြီးကို survive လုပ်ရမှာပါ။ အဆိုးဆုံးက
ဘာလဲဆိုရင် ကမ္ဘာဦးအစက အကောင်ကြီးတွေနဲ့ပါ Surprise တိုက်အုံးမှာဆိုတော့ …

𝐒𝐮𝐛𝐧𝐚𝐮𝐭𝐢𝐜𝐚 𝐁𝐞𝐥𝐨𝐰 𝐙𝐞𝐫𝐨 ( 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 )
---------------------------------------
ဒီဂိမ်းရဲ့ ဇာတ်လမ်းက အရင်ဂိမ်းကနဲ့မတူဘဲ တော်တော်လေးကို
စိတ်ဝင်စားစရာကောင်းလာပါတယ်။ ကိုယ်က Alterra Corporation ရဲ့ လိမ်လည်မှုကို
မယုံကြည်တဲ့ ညီမလေး Robin Ayou နေရာကနေ ကစားရမှာဖြစ်ပြီး ကိုယ့်ရဲ့
အစ်မအရင်းဖြစ်သူ Sam တစ်ယောက် Planet 4546B ဂြိုဟ်ပေါ်မှာ ဘယ်လိုတွေ
သေဆုံးသွားခဲ့တာလဲ ဆိုတာကို သိဖို့အတွက် တရားမဝင် ခိုးဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကံဆိုးချင်တော့ ရောက်ရောက်ချင်းမှာပဲ ယာဉ်ပျက်ကျခဲ့ပြီး ဘာအကူအညီမှ
မပါဘဲနဲ့ အသက်ရှင်ဖို့ ကြိုးစား ရုန်းကန်ရမှာပဲဖြစ်ပါတယ်။

ဇာတ်လမ်းတစ်လျှောက်မှာ Precursor လို့ခေါ်တဲ့ ရှေးဟောင်းဂြိုဟ်သားတွေရဲ့
နည်းပညာတွေ၊ AL-AN ဆိုတဲ့ စိတ်ဝိညာဉ်တစ်ခုနဲ့ ချိတ်ဆက်မိသွားတာတွေ၊ Kharaa
ဗိုင်းရပ်စ်ရဲ့ ဆိုးရွားတဲ့ သက်ရောက်မှုတွေကို အသေးစိတ်
ဖော်ထုတ်ရမှာဖြစ်တာကြောင့် Story ပိုင်းကတော့ လုံးဝကို
ရုပ်ရှင်တစ်ကားကြည့်နေရသလိုအထိ ဆွဲဆောင်မှု ပေးမှာပဲဖြစ်ပါတယ်။

Gameplay Mechanics တွေကတော့ အရင်ကထက်ကို အဆင့်မြှင့်သွားပြီး ရေအောက်မှာ
အောက်ဆီဂျင်ကို ဂရုစိုက်ရုံတင်မကဘဲ၊ ကုန်းပေါ်ရောက်ရင်ပါ ကိုယ်အပူချိန် Body Heat
ကို ထိန်းသိမ်းရမှာပါ။ မဟုတ်ရင်တော့ သဘာဝကျကျ အေးခဲပြီး သော်ကေးသွားမှာပေါ့။
ဒါ့အပြင် အရင်က Cyclops သင်္ဘောကြီးတွေအစား၊ အခုအခါမှာ Seatruck ဆိုတဲ့ အမိုက်စား
Modular ယာဉ်အသစ်တွေကို သုံးရမှာပါ။ ရထားတွဲတွေလိုပဲ ကိုယ်လိုချင်တဲ့ အခန်းတွေကို
နောက်ကနေ တန်းစီပြီး ချိတ်ဆက်သွားလို့ရတဲ့ စနစ်က လုံးဝကို အရမ်းမိုက်တယ်လို့
ပြောရမယ်။ Storage အခန်း၊ အိပ်ခန်းအပြင် ငါးမွေးကန် ကအစ စိတ်ကြိုက်
တပ်ဆင်လို့ရမှာဖြစ်ပြီး Base building မှာလည်း Large Rooms တွေနဲ့
မှန်ခေါင်မိုးတွေအထိပါ ထပ်ပါလာလို့ ကိုယ်ပိုင် ရေအောက်အခြေစိုက်စခန်းကိုလည်း
စိတ်တိုင်းကျ တည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။

Biome Design တွေကတော့ တကယ့်ကို မှော်ဆန်ပြီး Twisty Bridges လို လင်းလက်နေတဲ့
နေရာတွေကနေစလို့၊ အမှောင်ထုထဲက ကြောက်မက်ဖွယ် Shadow Leviathan ကြီးတွေ ကျက်စားရာ
Crystal Caverns တွေအထိ နေရာတိုင်းက လှပပြီး အန္တရာယ်များနေတာပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ ခေါင်းပေါ်မှာက ရေခဲပြင်ကြီးတွေ ဖုံးလွှမ်းနေပြီး
အောက်ခြေမှာတော့ မမြင်ရတဲ့ အန္တရာယ်တွေက အချိန်မရွေး ကိုက်ဖြတ်ကြဖို့ရာ
စောင့်နေလို့ပါ။ ဒီလို အလှအပနဲ့ အကြောက်တရားကို တပြိုင်နက်တည်း ခံစားရစေဖို့
Unknown Worlds အဖွဲ့က Unity Engine ကို အကောင်းဆုံး အသုံးချထားတာဟာ
တကယ်ချီးကျူးစရာကောင်းပြီး Sound Design တွေကလည်း တကယ့်ကို
နားကြပ်နဲ့တပ်ဆော့မယ်ဆိုရင် ပိုပြီး အသက်ဝင်နေတာပဲဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမယ့် အချက်တွေလည်း ရှိနေပါတယ်။ ဒီဂိမ်းက Jumpscares တွေထက်စာရင်၊
စိတ်ပိုင်းဆိုင်ရာ ဖိအားပေးနိုင်တဲ့ Psychological Terror ကို အဓိက
ပုံဖော်ထားထားတာပါ။ အဲဒါကြောင့် အပေါ်မှာ မင်မင်ပြောခဲ့သလို Thalassophobia
ရှိသူတွေအတွက် လုံးဝကို အသက်ရှူကျပ်စေမယ့် ဂိမ်းမျိုးဆိုတာကို ကြိုပြီး
အသိပေးချင်ပါတယ်။ နောက်ပြီး Land Exploration အပိုင်းတွေမှာလည်း နည်းနည်း Clunky
ဖြစ်ပြီး လမ်းပျောက်ဖို့ အရမ်းလွယ်ပါတယ်။ Mobile နဲ့ ဆော့မယ့်သူတွေ အနေနဲ့ကတော့
ဖုန်းအပူချိန်တက်တာနဲ့ Battery စားတာကို သတိထားဖို့ လိုအပ်ပါတယ်။

Controller Support အပြည့်အဝ ပါဝင်တဲ့အတွက် ဖုန်းမှာ Touch နဲ့ ဆော့ရမှာ
အဆင်မပြေဘူးဆိုတဲ့ သူတွေအတွက်လည်း လုံးဝကို အိုကေပါတယ်။ ဒီဂိမ်းက 100%
Single-player Offline ဖြစ်ပြီး Multiplayer တော့မရပါဘူ။ ကိုယ့်ဘာသာကိုယ်
တစ်ယောက်တည်း ရေခဲသမုဒ္ဒရာထဲမှာ Survival Horror Vibe ကို အပြည့်အဝ ခံစားရမယ့်
ဂိမ်းမျိုးပါ။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞
---------------------
မင်မင် အကြိုက်ဆုံးကတော့... ဖင်တုန်တဲ့အထိ လန့်ခဲ့ရတဲ့ Crystal Caverns ထဲက
အတွေ့အကြုံပါပဲ။ အမှောင်ကျနေတဲ့ ရေအောက်လှိုဏ်ဂူကြီးထဲမှာ ခရမ်းရောင် Crystal
ကြီးတွေက အရောင်တလက်လက်နဲ့ တကယ့် Galaxy ထဲ ရောက်သွားသလို ခံစားနေတုန်းမှာပဲ
Shadow Leviathan ကြီးက အနောက်ကနေ ရုတ်တရက် ပေါ်လာတော့ တစ်ကိုယ်လုံးကို
တုန်တက်သွားတာပဲ။ တကယ်ပါ ဒီလို Adrenaline Rush မျိုးက တခြားဘယ်ဂိမ်းမှာမှ
မရနိုင်တဲ့ စွဲဆောင်မှုတစ်ခုလို့ ပြောရမှာပဲ။ ဂြိုလ်သားတာ မကြောက်တာ၊ ရေအောက်က
အကောင်တွေကိုတော့ ရေမဲမဲကြီး မြင်တာနဲ့တင် သွေးတက်နေပြီ။

✑ ဒီတော့ မင်မင်လို ရေအနက်ကြောက်တဲ့သူတွေကောရှိကြလား ?
✑ အရင်က Subnautica ကို ဆော့ဖူးတဲ့ Veteran Player တွေအနေနဲ့ရော Seatruck နဲ့
Cyclops ဆိုရင် ဘယ်ဟာကို ပိုသဘောကျကြလဲ?

မဆော့ရသေးရင်လည်း HELLOYDB မှာ PC ရော Mobile ပါ ဒေါင်းလို့ရအောင်
တင်ပေးထားတယ်နော်။ အခုပဲ စမ်းဆော့ကြည့်ပြီး Comment မှာ ပြန်လာ Share ပေးကြပါဦး။

မရပါ။ တစ်ယောက်တည်း အသက်ရှင်ဖို့ကြိုးစားရမယ့် ဂိမ်းပါ။
ရပါတယ်။ Official Controller တွေနဲ့ဆိုရင် တန်းကစားရုံပါ။
Game Information
Developer
Unknown Worlds Entertainment
Version
1.0 (Mobile Release)
Release
March 10, 2026
Updated
March 2026
Network
Offline
Platform
MOBILE, PC, PS4/5, Xbox, Switch,
Download Size
2 GB
Total Size
2.41 GB
SYSTEM IMPACT
[BALANCED]
Mobile Specs
- AndroidAndroid 11.0+
- iOSiOS 15.0+
- RAM6GB Minimum
- SOCSnapdragon 8 Gen 1
- ArchARM64
PC Specs
- CPUIntel Core i3 / AMD Ryzen 3 2.6Ghz+
- RAM8 GB
- GPUIntel HD 530 / NVIDIA GTX 650 Ti / AMD Radeon HD 7770
- DirectXVersion 11
8.5
AMAZING
IMPORTANT NOTE
Important Note = Android သမားတွေက Apks File နဲ့ သွင်းရမှာမလို့ ( Install ဘယ်လိုတင်ကြမလဲ ?) ဆိုတာကို နိပ်ပြီး သေချာကြည့်ပေးကြပါ။
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...