Caravan SandWitch
Game Info
Download

ညီမလေးရေ... နင်ဘယ်မှာလဲ? ပျက်စီးနေတဲ့ကမ္ဘာကြီးထဲမှာ ကားဝါလေးတစ်စီးနဲ့ ချစ်ရတဲ့သူကို လိုက်ရှာရမယ့် ခရီးစဉ်လေးတစ်ခုကို စိတ်ဝင်စားမယ်ဆိုရင် ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ အချစ်၊ သံယောဇဉ်နဲ့ သဲကန္တာရထဲက လွမ်းမောဖွယ် ခရီးစဉ်လေးတစ်ခုကို ပုံဖော်သွားမယ့် Caravan SandWitch ဆိုတဲ့ ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။

Caravan SandWitch ဆိုတာ ရန်သူတွေကို ပစ်ခတ်စရာ၊ သတ်စရာ လုံးဝမလိုဘဲ ကားလေးတစ်စီးနဲ့ လွတ်လွတ်လပ်လပ် စူးစမ်းလေ့လာရမယ့် Cozy Game အမျိုးစားလေးပါ။ စိတ်အေးလက်အေးနဲ့ လှပတဲ့ရှုခင်းတွေကို ခံစားရင်း ပျောက်ဆုံးနေတဲ့ ညီမလေးကို ရှာဖွေရမယ့် ဇာတ်လမ်းမျိုးလေးဖြစ်တာကြောင့် အလုပ်ပန်းလို့ စိတ်အပန်းဖြေချင်တဲ့ သူတွေအတွက် လုံးဝကို Chill ဖြစ်စေမှာပဲဖြစ်ပါတယ်။
ဒီဂိမ်းလေးထဲမှာ မင်မင်တို့က Sauge ဆိုတဲ့ ကောင်မလေးတစ်ယောက် နေရာကနေ ကစားရမှာပါ။



ဒီဂိမ်းရဲ့ အဓိက ဇာတ်ဆောင်လေးကတော့ Van ကားလေးဖြစ်ပြီး သွားစရာလာစရာ ယာဉ်တစ်စီးမျိုးတင် မဟုတ်ဘဲ၊ လမ်းမှာတွေ့တဲ့ ပစ္စည်း Components တွေကိုပါ ကောက်ယူနိုင်ပြီး Upgrade လုပ်ရတာမျိုးတွေအထိပါ ပါဝင်ပါတယ်။ ဥပမာ - ရှေ့မှာ လမ်းပိတ်နေရင် ကားနောက်က Grappling Hook နဲ့ ချိတ်ပြီး ဆွဲဖွင့်တာမျိုးတွေ၊ Radar နဲ့ ပတ်ဝန်းကျင်ကို Scan ဖတ်ပြီး လျှို့ဝှက်ချက် ရှာဖွေတာမျိုးတွေပါ လုပ်လို့ရပါတယ်။ နောက်ပြီး Sauge ကိုယ်တိုင်ကလည်း ကားပေါ်ကဆင်းပြီး တောင်တက်တာ၊ Zipline စီးတာတွေအပြင် စက်ရုံဟောင်းတွေထဲ ဝင်ပြီး Hack လုပ်ရတဲ့ Puzzle လေးတွေကလည်း ခေါင်းအရမ်းမစားဘဲ အေးအေးဆေးဆေး ကစားရမှာပဲဖြစ်ပါတယ်။ Open World ဆန်တဲ့ Map အကျယ်ကြောင့် Explore လုပ်ရတာလည်း သဘောကျကြအုံးမှာပါ။


ဒီဂိမ်းလေးကို ဖန်တီးခဲ့တဲ့ Studio Plane Toast ဆိုတဲ့ Indie Studio လေးရဲ့ ရည်ရွယ်ချက်က လူတိုင်းအတွက် နွေးထွေးတဲ့ ကမ္ဘာလေးတစ်ခု ဖန်တီးပေးချင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဂိမ်းထဲမှာ လူသားတွေတင်မကဘဲ ဖားနဲ့တူတဲ့ ဒီ Reinetos တွေ၊ နောက်ပြီး Consortium က ထားခဲ့တဲ့ စက်ရုပ်တွေ အကုန်လုံးကအစ အချင်းချင်း ရိုင်းပင်းကူညီကြတဲ့ အငွေ့အသက်တွေကိုပါ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂိမ်းမှာက Game Over ဆိုတာမျိုးလည်း မရှိသလို၊ အချိန်လုပြီး လုပ်ရတဲ့ Mission တွေ ဆိုတာမျိုးလည်း မပါဝင်ပါဘူး။ လျှို့ဝှက်ချက်တွေ အနေနဲ့ SandWitch လို့ခေါ်တဲ့ ဒဏ္ဍာရီလာ စုန်းမတွေရဲ့ အကြောင်းတွေ၊ Consortium ရဲ့ ရက်စက်တဲ့ စမ်းသပ်မှု မှတ်တမ်းတွေကိုတော့ ဂြိုဟ်ရဲ့ ထောင့်စွန်းတွေမှာ ရှာဖွေတွေ့ရှိနိုင်ပါသေးတယ်။


မင်မင် အကြိုက်ဆုံးကတော့... တကယ့်ကို ငြိမ်းချမ်းတဲ့ ခံစားချက်ပါပဲ။ တစ်နေကုန် အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းလာသမျှကို ဒီဂိမ်းထဲဝင်ပြီး Van ကားလေး မောင်းလိုက်တာနဲ့ စိတ်တည်ငြိမ်ပြီး Chill ဖြစ်သွားသလို ခံစားရတယ်။ နဂိုကတည်းက အခုလို Explore လုပ်ရတာတွေကို သဘောကျတာလည်း ပါမှာပေါ့။ နောက်ပြီး ဒီဂိမ်းမှာ ညီမဖြစ်သူကို ရှာရင်းနဲ့ တွေ့ရတဲ့ ဇာတ်ကောင်တွေရဲ့ နောက်ကြောင်းတွေ၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့ ပေးထားတဲ့ Message တွေကလည်း မင်မင်တို့ရဲ့ ရင်ထဲကို တိုက်ရိုက်ထိမှန်စေတာကြောင့် ကစားကို ကစားကြည့်သင့်တယ်လို့ Recommend ပေးချင်ပါတယ်။


လုံးဝ မပါဝင်ပါဘူး။ ဒီဂိမ်းက Relax ဖြစ်ဖြစ်နဲ့ ကားမောင်းပြီး ရှုခင်းကြည့်၊ ပဟေဠိလေးတွေ ဖြေရှင်းပြီး စူးစမ်းရတဲ့ Cozy Game အမျိုးအစား ဖြစ်ပါတယ်။
GAME INFORMATION
Developer
Studio Plane Toast
Version
1.0.4
Release
September 2024
Updated
October 2024
Network
Offline
Platform
PC, PS5, Switch, Mobile
Download Size
800 MB
Total Size
1 GB
Controller
Full Support
Multiplayer
Singleplayer Only
A purely solo, story-driven emotional journey.
Language
English
Monetization
Premium (Paid)
SYSTEM IMPACT[HEAVY LOAD]
System Requirements
Mobile Specs
- AndroidAndroid 10+
- iOSiOS 18.0
- RAM8 GB
- SOCSnapdragon 870+
- Arch64-bit ARM
PC Specs
- CPUIntel Core i3-6100
- RAM8 GB
- GPUGTX 960
- DirectXVersion 11
CAN YOUR PHONE RUN IT?
LOADING...SYNCING DATABASE...
Select your processor below to instantly check if your device can handle this game.
SOC Tier Rank
--
AnTuTu Score
--
Awaiting Selection...
9.4
MASTERPIECE
OFFICIAL DOWNLOADS
Mod Crack File
This is for testing purpose only.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...