Discounty Supermarket Manager
Game Info
Download

ဒီဂိမ်းအသစ်က တကယ် မင်မင်ရဲ့ အရင် အလုပ်အဟောင်းကိုတောင် ပြန်သတိရစေမိတယ်။ သူက
Stardew Valley နဲ့ Supermarket Simulator နှစ်ခုကို ပေါင်းပေးထားတာကြောင့်
ဇာတ်လမ်းသွားလည်း ပါဝင်သလို Management RPG ဂိမ်းကောင်းလေး တစ်ခုဆိုရင်လည်း
မမှားပါဘူး။

အဓိက Highlight ဖြစ်စေတာကတော့ လူတွေအဆင်ပြေအောင် ရောင်းမလား ? ဒါမှမဟုတ်
ပိုက်ဆံနောက်ပဲ လိုက်မလားဆိုတာပါ။ ဆိုင်တစ်ခု စီမံရတာက စီးပွားရေးအရကော၊
လူမှုရေးအရပါ ဘယ်လောက်အထိ စွန့်စားရနိုင်မလဲဆိုတာကို ဒီဂိမ်းမှာ
မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭𝐲: 𝐒𝐮𝐩𝐞𝐫𝐦𝐚𝐫𝐤𝐞𝐭 𝐌𝐚𝐧𝐚𝐠𝐞𝐫
=========================
ဒီဂိမ်းလေးကို Blomkest ဆိုတဲ့
ဆိပ်ကမ်းမြို့အိုလေးမှာ ဇာတ်အိမ်တည်ဆောက်ထားတာဖြစ်ပြီး ကိုယ့်ရဲ့ အဒေါ်က
ဒီမြို့မှာရှိတဲ့ တစ်ခုတည်းသော Discount Supermarket လေးဆီကို
အလုပ်လာလုပ်ဖို့အတွက် ကိုယ့်ကို လှမ်းခေါ်လိုက်ရာကနေ စတင်ထားတာပါ။ ဒါပေမယ့်
အခြေနေက ထင်သလောက်တော့ မရိုးရှင်းခဲ့ပါဘူး။ ဒီမြို့လေးရဲ့ လူတွေက
အသစ်ရောက်လာတဲ့သူတွေဆိုရင် သိပ်ပြီး အယုံအကြည် မရှိကြတာကြောင့် ကိုယ်က
ဒီကမြို့ခံတွေနဲ့ ရင်းနှီးအောင် လုပ်ပြီး သူတို့ရဲ့ ယုံကြည်မှုတွေကို ရအောင်
ယူပေးရမယ့်အပြင် တစ်ဖက်မှာလည်း ကိုယ့်အဒေါ်ရဲ့ နောက်ကွယ်က စီးပွားရေးအင်ပါယာ
ချဲ့ထွင်ချင်တဲ့ လျှို့ဝှက်ချက်တွေကိုပါ တဖြည်းဖြည်း
ဖော်ထုတ်သွားရမှာပဲဖြစ်ပါတယ်။

ဂိမ်းရဲ့ Main Theme ကတော့ အစမှာပြောခဲ့သလို People vs Profit ပါပဲ။ ကိုယ်က
ကိုယ့်ဆိုင်လေး ကြီးပွားဖို့အတွက်ချည်းပဲ ကြည့်နေမှာလား၊ ဒါမှမဟုတ်
မြို့လေးပြန်လည် စည်ကားလာဖို့အတွက် ကူညီပေးမလား ဆိုတာက ဒီဂိမ်းမှာ ကိုယ်တိုင်
ကစားရင်း ဆုံးဖြတ်ရမှာပါ။ နေ့ခင်းဘက်တွေမှာ ဆိုင်အလုပ်တွေနဲ့ ရှုပ်နေသလို၊ ညဘက်
ဆိုင်ပိတ်ချိန်ရောက်ရင်လည်း မြို့ထဲပတ်ပြီး မြို့ခံတွေနဲ့ စကားပြော၊ Quest
တွေလုပ်ရင်းကနေ ဒီမြို့ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရမယ့်
Narrative-driven RPG ကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜
————————————
Gameplay ပိုင်းကတော့ တကယ်ကို အသေးစိတ်ကျကျ လုပ်ပေးထားတာပါ။ ကိုယ့်ဆိုင်ကို
ကိုယ်တိုင် Design ဆွဲလို့ရတာကြောင့် ပစ္စည်းတင်မယ့် စင်တွေကို ဘယ်လိုထားမလဲ၊
Customer တွေ ဝင်ထွက်သွားလာရ လွယ်အောင် ဘယ်လို လမ်းကြောင်း ဖောက်မလဲ ဆိုတာကအစ
ကိုယ်တိုင် အသေးစိတ် စီစဉ်ရမှာပါ။ အဲဒါက ဒီတိုင်းကြည့်တော့သာ လွယ်တယ်လို့
ထင်ရပေမယ့် တကယ်အပြင်မှာ ဆိုင်တစ်ခုကို စီမံရပြီဆိုရင် အဲဒီလို အသေးစိတ်လေးတွေကအစ
လူတွေရဲ့ Behavior ပေါ်မူတည်ပြီး ပြင်ဆင်ရတာကြောင့် တကယ်ပညာသားပါပါတယ်။ နောက်ပြီး
ကြမ်းပြင်တွေ၊ နံရံတွေကိုပါ ကိုယ်ကြိုက်သလို ပြင်ဆင်ခွင့်ပါ ပေးထားပါသေးတယ်။

နောက်ထပ် အသက်ဝင်တဲ့ Mechanic တစ်ခုကတော့ Inventory Management နဲ့ Trade Deals
စနစ်တွေ ပါဝင်လာတာပါ။ ကိုယ်က ပစ္စည်းတွေကို ဒီတိုင်း ဝယ်တင်ရုံနဲ့တင် မဟုတ်ဘဲ၊
မြို့ထဲက Local ထုတ်လုပ်သူတွေဆီအထိပါ သွားပြီး ဈေးညှိရတာတွေ၊ သူတို့ဆီက
သီးသန့်ပစ္စည်းတွေကို ကိုယ့်ဆိုင်မှာ တင်ရောင်းနိုင်ခွင့်ရဖို့အတွက် ယုံကြည်မှု
တည်ဆောက်ရတာတွေအထိ လက်တွေ့ဆန့်တဲ့ အခြေနေမျိုးတွေကို စီမံရမှာပါ။

ဒါ့အပြင် ဆိုင်မှာ ပစ္စည်းတွေ ပြတ်မသွားအောင်လို့ Stock ကိုပါ အမြဲ စစ်ပေးနေရသလို
Customer တွေ Checkout မှာ တန်းစီမနေအောင်လည်း မြန်မြန် ရှင်းပေးနိုင်ဖို့က
အရေးကြီးနေပြန်ပါတယ်။ မဟုတ်ရင် လူတွေက စောင့်ရတာ ကြာလို့ဆိုပြီး စိတ်တိုကာ
အိမ်ပြန်သွားတတ်တာကြောင့် ဆိုင်ရှင်တစ်ယောက်အတွက် တော်တော်လေး လက်တွေ့ကျတဲ့
Challenge တွေကို မြင်တွေ့ရမှာပါ။ ဆုံးဖြတ်ချက်တွေ ချတဲ့အခါမှာလည်း
ကိုယ်ပေးလိုက်တဲ့ Offer တွေက Short-term အမြတ်ရဖို့လား ဒါမှမဟုတ် Social Goodwill
ရဖို့လားဆိုတာကို သေချာ ချိန်ဆရမယ့် စနစ်တွေအထိ အသေးစိတ် ပါဝင်တာပဲဖြစ်ပါတယ်။

𝐆𝐫𝐚𝐩𝐡𝐢𝐜𝐬 & 𝐒𝐨𝐮𝐧𝐝
——————————-
Graphics ပိုင်းမှာတော့ Crinkle Cut Games ရဲ့ ထုံးစံအတိုင်း အရမ်းကို
လှပသေသပ်တဲ့ Pixel Art Style လေးတွေကို သုံးပေးထားတာပါ။ ပြောရရင်
ဆိပ်ကမ်းမြို့လေးရဲ့ Vibe ကို Pixel Art နဲ့ ပုံဖော်ထားတာက တကယ်ကို သဘာဝကျပြီး
နွေးထွေးတဲ့ ခံစားချက်ကို မြင်တွေ့ရပါလိမ့်မယ်။ ဇာတ်ကောင်လေးတွေရဲ့
လှုပ်ရှားမှုတွေ၊ ဆိုင်ထဲက ပစ္စည်းလေးတွေရဲ့ အသေးစိတ်ပုံစံလေးတွေကအစ တော်တော်လေး
ချစ်စရာကောင်းတယ်လို့ မြင်မိတယ်။ Soundtrack အပိုင်းမှာလည်း ကိုယ်က ဆိုင်ထဲမှာ
အလုပ်ရှုပ်နေတဲ့အချိန် စိတ်ကို သာသာယာယာနဲ့ နားထောင်လို့ကောင်းမယ့် Cozy ဖြစ်တဲ့
BGM မျိုးလေးတွေကို သုံးပေးထားတာပါ။

𝐖𝐡𝐨 𝐒𝐡𝐨𝐮𝐥𝐝 𝐏𝐥𝐚𝐲 𝐓𝐡𝐢𝐬?
——————————-----
Stardew Valley တို့လို ဇာတ်လမ်းသွား Life Sim ဂိမ်းတွေကို သဘောကျတဲ့သူတွေ၊
ပြီးတော့ ကိုယ်ပိုင် စီးပွားရေးတစ်ခုကို စီမံခန့်ခွဲရတဲ့ Management / Job
Simulator ဂိမ်းတွေကို ကြိုက်တဲ့ သူတွေအတွက်တော့ ဒါက လုံးဝကို လက်လွတ်မခံသင့်တဲ့
ဂိမ်းကောင်းလေးတစ်ခုလို့ ညွှန်းချင်ပါတယ်။ အေးအေးဆေးဆေး ဇာတ်လမ်းလေးခံစားရင်း၊
ဦးနှောက်စားမယ့် စီမံခန့်ခွဲမှုလေးတွေ လုပ်ချင်သူတွေအတွက် အကြိုက်ဆုံး
ဂိမ်းတစ်ခုဖြစ်စေမှာပါ။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠
———————-
မင်မင်တို့ အနေနဲ့ကတော့ ဒီဂိမ်းလေးကို တော်တော်လေး သဘောကျမိတယ်။ ရိုးရိုး
Supermarket Simulator တွေနဲ့ မတူဘဲ ဇာတ်လမ်း အခိုင်အမာ ပါတာရယ်၊ ကိုယ်ချတဲ့
ဆုံးဖြတ်ချက်တွေက မြို့ခံတွေအပေါ် တကယ် သက်ရောက်မှု ရှိတာရယ်က ဂိမ်းကို ပိုပြီး
serious ဖြစ်စေတယ်။ အစပိုင်းမှာတော့ ပစ္စည်းတင်၊ ပိုက်ဆံရှင်းနဲ့ နည်းနည်း Grind
ရသလို ခံစားရနိုင်ပေမယ့်၊ နောက်ပိုင်း Trade Deal တွေပွင့်လာပြီး မြို့ရဲ့
လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါ လက်ကနေ မချချင်လောက်အောင်ကို
စွဲသွားစေလိမ့်မယ်။

𝐌𝐢𝐧𝐢 𝐓𝐢𝐩𝐬 𝐅𝐫𝐨𝐦 𝐀𝐝𝐦𝐢𝐧
——————————------
အစပိုင်းမှာ ပိုက်ဆံရဖို့ချည်းပဲ သိပ်မလောပါနဲ့။ NPC တွေနဲ့ Relationship
ကောင်းအောင် အရင် တည်ဆောက်ပါ။ ညဘက်ရောက်တိုင်း မြို့ထဲထွက်ပြီး မြို့ခံတွေနဲ့
စကားပြောတာတွေ၊ နောက်ပြီး စင်တွေကို ချတဲ့အခါ Customer တွေ ဝင်ထွက်ရ လွယ်ကူတဲ့
လမ်းကြောင်းမျိုး ဖြစ်အောင် သေချာ စဉ်းစားပြီးမှ ချတာမျိုးတွေ လုပ်စေချင်တယ်။
ဘာကြောင့်လဲဆိုတော့ ဂိမ်းထဲမှာ စင်တွေကို ပြန်ရွှေ့ရတာက နည်းနည်းလေး
လက်ဝင်လို့ပါ။


တကယ့်ကို မိသားစုကို Support ပေးဖို့ ကိုယ်ပိုင်စီးပွားရေးလုပ်နေရတဲ့ အချိန်တွေ၊ အထူးသဖြင့် Skincare နဲ့ Cosmetics ဆိုင်တွေမှာ Customer တွေကို နေ့စဉ် ဝန်ဆောင်မှုပေးနေရတဲ့ သူတွေဆိုရင် ဒီဂိမ်းက အရမ်းကို Relate ဖြစ်စေမှာပါ။ အလုပ်ဖိအားတွေ၊ ငွေရေးကြေးရေး တာဝန်တွေကြားမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာတွေကို ဖြေရှင်းရတာ၊ မြို့ခံတွေအပေါ် Empathy (ကိုယ်ချင်းစာတရား) အပြည့်ထားပြီး ဆက်ဆံရတာတွေက တကယ့် လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေနဲ့ အရမ်းကို တူလို့ တကယ့်ကို စွဲစွဲမြဲမြဲ ဆော့ဖြစ်မယ့် ဂိမ်းလေးပါ။
လုံးဝ Offline ဆော့လို့ရပါတယ်။ တစ်ခါဝယ်ပြီးရင် အကုန်ဆော့လို့ရတဲ့ Premium ပုံစံမို့လို့ ဂိမ်းထဲမှာ ထပ်ပြီး ပိုက်ဆံပေးရတာတွေ၊ Pay to Win ပုံစံတွေ လုံးဝ မပါပါဘူး။
GAME INFORMATION
Developer
Crinkle Cut Games / Snapbreak
Version
1.0.2
Release
August 2026
Updated
August 2026
Network
Offline
Platform
Android, iOS, PC
Download Size
631 MB
Total Size
850 MB
Monetization
Premium (Paid)
MANAGEMENT STRESS LEVEL[OPTIMIZED]
System Requirements
Mobile Specs
- Android8.0+
- iOS13.0+
- RAM4 GB
- SOCSnapdragon 662 +
- Arch64-bit ARM
PC Specs
- CPUIntel Core i3 or equivalent
- RAM4 GB
- GPUIntegrated Graphics or 1GB VRAM
- DirectXVersion 11
8.5
COZY MASTERPIECE
DOWNLOAD
Download from the official stores to support the developers.
Mod / Full Patch
This is for testing purpose only.
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...