LATEST NEWS

Fetching news...

MA 3 – President Simulator PRO

MA 3 – President Simulator PRO

0% COMMUNITY SCORE
LOADING...
RATE:
PLATFORMS: Android iOS
Game Info
Skip to Downloads
ကိုယ်တိုင်သာ သမ္မတဖြစ်ခဲ့ရင် တိုင်းပြည်ကို ဘယ်လိုမျိုးအုပ်ချုပ်မလဲဆိုတာ လက်တွေ့ စမ်းကြည့်လို့ရပြီနော်..
ဒီဂိမ်းလေးက ကမ္ဘာ့မြေပုံစစ်စစ်ပေါ်မှာ အခြေခံထားပြီး ကိုယ်တိုင်က နိုင်ငံတစ်နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင်နေရာကနေ ဝင်ရောက် ကစားရမယ့် Grand Strategy Simulator ဂိမ်းကြီးပဲ ဖြစ်ပါတယ်။ သူက တကယ့် လက်တွေ့ကမ္ဘာက နိုင်ငံရေး အခင်းအကျင်းတွေ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့ စစ်ရေး ပဋိပက္ခတွေကို ပုံဖော်ထားတာမို့လို့ တော်ရုံလူတွေ ကစားနိုင်မယ့် ဂိမ်းမျိုးတော့မဟုတ်ပါဘူး။ 
MA 3 – President Simulator PRO  
➥ 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 ( 𝐀𝐧𝐝𝐫𝐨𝐢𝐝 / 𝐢𝐎𝐒 )

ကိုယ်က ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံပေါင်း ၁၈၀ ကျော်ထဲက ကိုယ်ကြိုက်နှစ်သက်ရာ နိုင်ငံတစ်ခုကို ရွေးချယ်အုပ်ချုပ်လို့ရပြီး နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေး အခြေအနေတွေကို လေ့လာရင်းနဲ့မှ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမြန်ဆုံး ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် တိုင်းပြည်ရဲ့ ဝင်ငွေတိုးလာအောင် အခွန်တွေ ကောက်ခံတာမျိုး‌တွေ၊ ရွှေနဲ့ ရေနံ စတဲ့ သဘာဝသယံဇာတပစ္စည်းတွေကို ထုတ်လုပ်ပြီး တခြားနိုင်ငံတွေနဲ့ပါ ကုန်သွယ်ရေး‌ လုပ်ဆောင်တာတွေအထိ ပါဝင်ပါတယ်။ ပြည်တွင်းရေး တည်ငြိမ်ဖို့အတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လုံခြုံရေးတွေကိုလည်း အမြဲ ဂရုစိုက်နေရမယ့်အပြင် နိုင်ငံတကာ ဆက်ဆံရေး Diplomacy အပိုင်းမှာလည်း ကုလသမဂ္ဂ (UN)မှာ အဆိုတင်သွင်းတာတွေ၊ တခြားနိုင်ငံတွေနဲ့ မဟာမိတ် ဖွဲ့တာတွေအထိ ကိုယ့်နိုင်ငံရဲ့ ဩဇာအာဏာကို ချဲ့ထွင်းရမှာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အရာအားလုံးက ကိုယ်ထင်ထားသလို ချောမွေ့နေမှာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စီးပွားရေးလေး နည်းနည်း ကောင်းလာတဲ့အခါ အကျိုးဆက်အနေနဲ့ ပြည်တွင်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာနိုင်သလို၊ ရုတ်တရက် ကူးစက်ရောဂါတွေ ဝင်‌ရောက်လာတာမျိုးတွေအထိလည်း ကြုံရနိုင်ပါတယ်။ အဆိုးဆုံးကတော့ ကိုယ့်ထက် အင်အားကြီးတဲ့ နိုင်ငံတွေက မျက်စိကျပြီး စစ်ကြေညာလာမယ့် အချိန်မျိုးတွေအထိ ရင်ဆိုင်ရနိုင်တာပါ။ အဲဒီလို အကျပ်အတည်းတွေကြားထဲကနေ ကိုယ့်နိုင်ငံကို ဘယ်လိုစီမံသွားမလဲဆို‌တာကတော့ ကစားတဲ့သူရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီး ပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။
𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐬

ကစားရမယ့်ပုံစံက စာရင်းဇယားတွေနဲ့ မြေပုံတွေကို အဓိကကြည့်ပြီး ဆုံးဖြတ်ချက်ချရမယ့် စနစ်မျိုးဖြစ်ပါတယ်။ သေသေချာချာ စဉ်းစားပြီးမှ အဆင့်တစ်ခုချင်းစီကို သွားရမယ့် Turn-based ပုံစံမျိုးအပြင် အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ စနစ်တွေကိုပါ ထပ်မံရောစပ်ထားတာကြောင့် ဒီဂိမ်းက လူတိုင်းအတွက်မဟုတ်ပဲ Strategy သမားတွေအတွက်သာ သဘောကျမှာပဲဖြစ်ပါတယ်။ Main Mechanic တွေအနေနဲ့ ဘာတွေပါမလဲဆိုရင်..
❖ နိုင်ငံရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို သေချာ တွက်ချက်ပြီး Budget တွေကို ဝန်ကြီးဌာန အသီးသီးဆီ ခွဲဝေပေးရတာမျိုးတွေလုပ်ရပါမယ်။ မဟုတ်ရင် ပြဿနာပေါ်လာတိုင်း တိုင်ပတ်နေပါလိမ့်မယ်။
❖ Military ကို အဆင့်မြှင့်တင်တာ၊ လက်နက်သစ်တွေ ထုတ်လုပ်တာအပြင် နျူကလီးယား ပရိုဂရမ်တွေအထိပါ တည်ဆောက်ခွင့် ပါဝင်မှာပဲဖြစ်ပါတယ်။
❖ နောက်ပြီး တခြားနိုင်ငံတွေကို Spy တွေ လွှတ်ပြီး သတင်းယူတာ၊ ဖျက်ဆီးရေး လုပ်ငန်းတွေ ဆောင်ရွက်တာမျိုးတွေအထိလည်း လုပ်လို့ရပါတယ်။
❖ ဒါကြောင့် အဓိက ဒီဂိမ်းရဲ့ Core တွေကတော့ Economic, Military, Diplomacy စတဲ့ Development သုံးခုကို Balance ဖြစ်အောင် အသေးစိတ် စီမံပေးရမှာဖြစ်တယ်ဆိုပေမယ့်
❖ ဒီ MA3 ရဲ့ Update တွေမှာ နောက်ထပ် အသစ်ပါဝင်လာတာကတော့ Space Program တွေအထိ ဝင်ရောက် စီမံရမှာပဲဖြစ်ပါတယ်။ ပြောရရင် ဂြိုလ်တွေအထိပါ တိုးချဲ့လို့ရတော့မှာပါ။ 

ဒါကြောင့် ဂိမ်းက လွယ်မယ်လို့တော့ မထင်လိုက်နဲ့နော်။ စီးပွားရေး အရမ်းကောင်းနေပြီး Military မရှိရင်လည်း သူများ သိမ်းတာ ခံရမှာဖြစ်သလို Military အရမ်းကြီးပြီး စီးပွားရေး မကောင်းရင်လည်း တိုင်းပြည်က ပြိုကွဲသွားနိုင်တာကြောင့် သေချာကို စိတ်နှစ်ကိုယ်နှစ် ကစားရမယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ 
𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞

ရုပ်ထွက်အပိုင်းမှာတော့ 3D ဂိမ်းတွေလို အလန်းစားကြီးတွေ မဟုတ်ပေမယ့်၊ ကမ္ဘာ့မြေပုံနဲ့ UI ဒီဇိုင်းတွေကို သပ်သပ်ရပ်ရပ်နဲ့ ကြည့်ကောင်းအောင် ဖန်တီးထားပါတယ်။ Data တွေ အများကြီးကို ကြည့်ရတာ ဖြစ်ပေမယ့် မျက်စိနောက်တာမျိုး မရှိဘဲ ရှင်းရှင်းလင်းလင်း သိမြင်နိုင်အောင် ပြင်ဆင်ထားတာမလို့ သဘောကျကြမှာပါ။ BGM နဲ့ Sound Effect အပိုင်းတွေမှာလည်း မဆိုးဘူးလို့ ပြောလို့ရသလို 2D Game အမျိုးစားမလို့ Device တိုင်းနဲ့ပါ အဆင်ပြေပြေ ကစားနိုင်မှာပဲဖြစ်ပါတယ်။
#အချိန်ပေးပြီးကစားရတာတန်ရဲ့လား?

Strategy ဂိမ်းတွေကို ကြိုက်တဲ့သူတွေ အတွက်ကတော့ အချိန်ပေးရတာ တကယ့်ကို တန်တဲ့ ဂိမ်းတစ်ခုပါ။ ပြည်တွင်းရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ စီးပွားရေးတွေကို တကယ့် လက်တွေ့ဆန်ဆန် တွေးတော ဆုံးဖြတ်ရတာမလို့ ဦးနှောက်ကို အများကြီး အလုပ်လုပ်ပေးရပါတယ်။ ဒါပေမယ့် စာတွေ အများကြီး ဖတ်ရတာ မကြိုက်တဲ့ သူတွေအတွက်ကတော့ နည်းနည်း ပျင်းစရာ ကောင်းနေနိုင်ပါတယ်။ အစပိုင်းမှာ Mechanics တွေကို နားလည်ဖို့ အချိန်နည်းနည်း ယူရနိုင်ပေမယ့် တကယ်နားလည်သွားရင်တော့ ဖုန်းကနေ လက်မခွာချင်လောက်အောင်ကို စွဲလမ်းသွားစေမှာပဲဖြစ်ပါတယ်။

𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐅𝐞𝐞𝐥𝐢𝐧𝐠 & 𝐆𝐚𝐦𝐢𝐧𝐠 𝐓𝐢𝐩𝐬

ဒီဂိမ်းကို ကစားရင်းနဲ့ အကြီးမားဆုံး ရလိုက်တဲ့ သင်ခန်းစာကတော့ အရာအားလုံးမှာ တစ်ဖက်စွန်းမဖြစ်ဖို့ ဂရုစိုက်ရမယ် ဆိုတာပါပဲ။ ကိုယ်က ကိုယ့်တိုင်းပြည် ကြီးပွားရေးအတွက်ပဲ ကြည့်ပြီး တခြားနိုင်ငံတွေကို အမြဲ ရန်စနေရင်လည်း တစ်နေ့မှာ ဝိုင်းအုံပြီး တိုက်ခိုက် ခံရနိုင်သလို၊ စစ်တပ်ကိုပဲ အားဖြည့်နေပြီး ပြည်သူတွေရဲ့ စားဝတ်နေရေးကို လျစ်လျူရှုထားပြန်ရင်လည်း ပြည်တွင်းစစ်တွေ ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဘယ်နေရာမှာမဆို ခေါင်းဆောင် တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လောက်တောင် အရေးပါသလဲ ဆိုတာကို ဒီဂိမ်းကနေ ယူတတ်ရင် သင်ခန်းစာရပါလိမ့်မယ်။
Mini Tips လေးတွေကို Beginners တွေအတွက် အထောက်ကူဖြစ်အောင် မင်မင်သိသလောက်ပြောပြပေးပါမယ်။

❖ အစပိုင်းမှာ စီးပွားရေးကို အရင် တည်ဆောက်ပါ။ အခွန်တွေကို အရမ်း မတိုးဘဲ ထုတ်လုပ်မှု Production ကို အားပေးပါ။
❖ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေး ကောင်းအောင် အမြဲ ဂရုစိုက်ပါ။ လိုအပ်ရင် အကူအညီလေးတွေ ပေးပြီး မဟာမိတ် ဖွဲ့ထားပါ။
❖ စစ်တပ်ကို အင်အားဖြည့်တဲ့အခါ အရေအတွက်ထက် လက်နက် နည်းပညာ Technology အပိုင်းကို အဆင့်မြှင့်တာမျိုးတွေ ဦးစားပေးပါ။
❖ UN မှာ ကိုယ့်နိုင်ငံရဲ့ ပုံရိပ်နဲ့ Reputation တွေကို အမြဲ မြှင့်တင်ပေးပါ။ နောက်ပြီး တခြားနိုင်ငံတွေကို Sanction လုပ်ချင်ရင် ကိုယ့်မှာ မဲအရေအတွက် လုံလောက်အောင်လည်း အရင်ဆုံး စည်းရုံးထားနိုင်ဖို့ လိုပါတယ်။
𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐒𝐜𝐞𝐧𝐞𝐬 & 𝐔𝐩𝐜𝐨𝐦𝐢𝐧𝐠 𝐏𝐥𝐚𝐧𝐬

ဒီဂိမ်းကို ဖန်တီးခဲ့တဲ့ Oxiwyle ဟာ Strategy နဲ့ Simulator ဂိမ်းတွေ ဖန်တီးတဲ့ နေရာမှာ နာမည်ကြီးတဲ့ စတူဒီယို တစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့ Modern Age (MA) series ဟာ ကစားသူတွေကြားမှာ တော်တော်လေး အောင်မြင်ခဲ့ပြီး အခု MA 3 မှာတော့ အရင် 2 နဲ့ 1 က လိုအပ်ချက်တွေကို အများကြီး ပြင်ဆင်ပြီး ထုတ်ပေးထားတာပါ။ ဂိမ်းထွက်ရှိပြီး ကတည်းက Download ဆွဲတဲ့ အကြိမ်ရေ သန်းချီ ရှိခဲ့ပြီး Community ဘက်မှာလည်း Positive Feedback တွေ အများအပြားရရှိထားတာပါ။
လောလောဆယ် Developer တွေဘက်က ဂိမ်းရဲ့ Diplomacy စနစ်ကို ပိုပြီး သဘာဝကျအောင်နဲ့ ပိုပြီး Balance ဖြစ်အောင် Update တွေ ဆက်တိုက် လုပ်ပေးနေပါတယ်။ Player တွေ တောင်းဆိုထားတဲ့ မဟာမိတ် နိုင်ငံတွေနဲ့ IR ကျဆင်းမှု မြန်ဆန်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ဖို့ အဓိက အာရုံစိုက်နေကြပါတယ်။ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံရေး စနစ်သစ်တွေ၊ အဆောက်အဦး အသစ်တွေနဲ့ ပြည်တွင်းရေး ပြဿနာ Events အသစ်တွေကို ထပ်မံ ထည့်သွင်းပေးသွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ သိရပါတယ်။
⬛ အချုပ်အားဖြင့် ပြောရရင်တော့ MA 3 - President Simulator PRO ဟာ ကိုယ်ပိုင် နိုင်ငံတစ်ခုကို စီမံခန့်ခွဲရတဲ့ အရသာကို အပြည့်အဝ ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး Strategy ဂိမ်းတစ်ခု ပဲ ဖြစ်ပါတယ်။
PRO ဗားရှင်းမှာ ကြော်ငြာတွေ လုံးဝ (လုံးဝ) မပါတော့ပါဘူး။ ပြီးတော့ နိုင်ငံပေါင်း 180 စလုံးကို အစကတည်းက လွတ်လွတ်လပ်လပ် ရွေးချယ်ကစားနိုင်သလို Game Speed ကိုလည်း စိတ်ကြိုက် မြှင့်လို့ရတဲ့ အားသာချက်တွေ ပါဝင်ပါတယ်။
GAME INFORMATION
Developer
Oxiwyle
Version
1.0.35
Release
January 2024
Updated
August 2026
Network
Offline
Platform
Android, iOS
Download Size
570 MB
Total Size
800 MB
System Requirements
Mobile Specs
  • Android6.0+
  • iOS11.0+
  • RAM2 GB
  • SOCSnapdragon 425
  • Arch64-bit ARM
8.6EXCELLENT STRATEGY
Graphics
80
Gameplay
95
Control
85
OFFICIAL STORES
Download from the official servers.
MOD VERSIONS
Download modified versions for free.
WHAT DO YOU THINK
🤩
ရှယ်ပဲ
0%
🙂
ကောင်းပါတယ်
0%
😐
မဆိုးပါဘူး
0%
🤮
မကောင်းဘူး
0%
CLICK TO VOTE
Discussion 0
Select Avatar
🎮 🕹️ 👾 ⚔️ 🚀 👽 🔥 🏆 🎯 🎲 💀 🤖 🌟
Replying to ...
Initializing...

လူကြည့်အများဆုံး GAMES