Wobby Life
Game Info
Skip to Downloads

ဒီနေ့တော့ အဖွားက အိမ်ပေါ်ကနှင်ချလို့ အလုပ်ထွက်လုပ်ရတဲ့ ဂေါ်တော်မူ
ဂိမ်းကောင်းလေးတစ်ခုအကြောင်းကို ပြောပြပါမယ်။ ကိုယ်က GTA လည်း ဆော့ချင်တယ်၊
အခွီးလိုင်းလဲ သွားချင်တယ်ဆိုတဲ့သူတွေအတွက် Wobby Life ဂိမ်းလေးက စမ်းကို
စမ်းကြည့်သင့်ပါတယ်။

𝐖𝐨𝐛𝐛𝐥𝐲 𝐋𝐢𝐟𝐞
=========
ဂိမ်းက စစချင်းမှာတင် ကိုယ့်ရဲ့ အဖွားက "နင်
သိပ်ပျင်းလွန်းတယ်၊ အိမ်ပေါ်ကဆင်း၊ သွား အလုပ်သွားလုပ်" ဆိုပြီး အိမ်အပြင်ကို
ဝှီးကနဲ ကန်ထုတ်ခံလိုက်ရာကနေ စတင်ထားတာပါ။ ဒီလိုနဲ့ 𝐖𝐨𝐛𝐛𝐥𝐲 𝐈𝐬𝐥𝐚𝐧𝐝 ဆိုတဲ့
ကျွန်းကြီးပေါ်မှာ ကိုယ်က ဘဝကို သုညကနေ ပြန်စရမှာဖြစ်ပြီး ရည်ရွယ်ချက်ကတော့
ပိုက်ဆံရှာမယ်၊ ကိုယ်ပိုင်အိမ်ဝယ်မယ်၊ ကားတွေဝယ်မယ် စသဖြင့် ကျွန်းကြီးပေါ်မှာ
ရှိရှိသမျှ လျှို့ဝှက်ချက်တွေကိုပါ လိုက်ရှာရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီဂိမ်းရဲ့ အဓိက ရသက ဇာတ်လမ်းမဟုတ်ပါဘူး၊ ဘော်ဒါတွေနဲ့ အတူတူ ဆော့တဲ့အခါ
ဖြစ်လာမယ့် ကမောက်ကမ အလွဲအချော်တွေက အမှတ်တရအဖြစ်ဆုံးပါပဲ။ မြေပုံကလည်း
တော်တော်ကျယ်ပြီး မြို့ပြတွေ၊ တောတောင်တွေ၊ နှင်းတောင်တွေကနေ အခု နောက်ဆုံး
Update အသစ်တွေမှာဆိုရင် အာကာသထဲအထိပါ ရောက်ရှိသွားပြီပဲဖြစ်ပါတယ်။
ဂြိုလ်သိမ်တွေပေါ်မှာ သတ္တုသွားတူးမလား ဒါမှမဟုတ် ဒုံးပျံကြီးပဲ ဆောက်ကြမလား
စသဖြင့် လုပ်စရာတွေက ကုန်နိုင်စရာမရှိအောင်ကို များလွန်းတာပါ။

ခက်တာက Paid Game ဖြစ်နေတာကြောင့် Online Multiplayer ကစားမယ်ဆိုရင်
သူငယ်ချင်းတွေပါ အတူတူဝယ်ထားမှ အုပ်စုလိုက် ခွီးလို့ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့်
တစ်ယောက်တည်း သမားတွေလည်း အားမငယ်ပါနဲ့ ဒီ Open World ကြီးထဲမှာ လုပ်စရာ Mission
တွေက စုံမလုံနေတာမလို့ ပျင်းကို မပျင်းရပါဘူး။

𝐆𝐚𝐦𝐞𝐩𝐥𝐚𝐲 & 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐬
——————————-—
ဒီဂိမ်းရဲ့ 𝐌𝐞𝐜𝐡𝐚𝐧𝐢𝐜𝐬 တွေက 𝐇𝐮𝐦𝐚𝐧: 𝐅𝐚𝐥𝐥 𝐅𝐥𝐚𝐭 နဲ့ 𝐆𝐓𝐀 ကို ပေါင်းထားသလိုပါပဲ။
လမ်းလျှောက်ရင် ယိုင်တိုင်တိုင်နဲ့မို့လို့ အူယားစရာကောင်းပြီး ဂိမ်းထဲမှာ
ပါဝင်တဲ့ အလုပ်အမျိုးအစားပေါင်းကလည်း အခု 50 ကျော်အထိတောင် ရှိပါတယ်။ ဥပမာ
ပီဇာသွားပို့တာ၊ စူပါမားကတ်မှာ အလုပ်လုပ်တာ၊ အမှိုက်ကားမောင်းတာ၊ ရဟတ်ယာဉ်နဲ့
ကယ်ဆယ်ရေးလုပ်တာ၊ သရဲအိမ်မှာ သရဲသွားဖမ်းတာကနေ မိုင်းတွင်းထဲမှာ ရွှေတူးတာတွေအထိ
စုံနေအောင် မြင်တွေ့ရမှာပါ။ အလုပ်တစ်ခုလုပ်တိုင်း 𝐌𝐢𝐧𝐢-𝐠𝐚𝐦𝐞 လေးတွေလို
ဆော့ရတာဖြစ်တာကြောင့် ပိုက်ဆံတွေလည်း ရအုံးမှာပါ။

ပစ္စည်းမှန်သမျှကို ကိုင်ပေါက်ပြီး ဆွဲလို့ပါရတာကြောင့် ဘော်ဒါတွေနဲ့ဆော့ရင်
ခြေထောက်ကနေဆွဲပြီး ရဟတ်ယာဉ်ပေါ်ကနေ ပစ်ချတာမျိုးတွေပါ ယုတ်မာလို့ရပါတယ်။
အလုပ်လုပ်လို့ ရလာတဲ့ ပိုက်ဆံတွေနဲ့ ကား၊ ဆိုင်ကယ်၊ လှေ၊ ရဟတ်ယာဉ် စတဲ့
ယာဉ်အမျိုးအစားပေါင်း 𝟗𝟎 ကျော်အထိကို ဝယ်ယူနိုင်ပြီး နေစရာအတွက် တဲကုတ်လေးကနေ
အိမ်ကြီးအိမ်ကောင်းတွေအထိပါ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

ဒါတင်မကသေးဘူးနော် ကိုယ့်ရဲ့ 𝐖𝐨𝐛𝐛𝐥𝐲 ကောင်လေးကို 𝐂𝐥𝐨𝐭𝐡𝐢𝐧𝐠 𝐈𝐭𝐞𝐦𝐬 ပေါင်း 𝟐𝟓𝟎
ကျော်နဲ့ စိတ်ကြိုက် ပြင်ဆင်လို့ရပြီး တချို့ အင်္ကျီတွေကတော့ 𝐒𝐞𝐜𝐫𝐞𝐭 𝐌𝐢𝐬𝐬𝐢𝐨𝐧 တွေ
ပြီးမှ ရတာမျိုးတွေ ရှိတတ်ပါတယ်။ Multiplayer ကစားမယ့်သူတွေက ဘော်ဒါလေးယောက်အထိ
အတူတူကစားနိုင်တာကြောင့် တော်တော်ကြီးကို ပျော်စရာကောင်းမှာပဲဖြစ်ပါတယ်။

𝐀𝐮𝐝𝐢𝐨, 𝐕𝐢𝐬𝐮𝐚𝐥 & 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞
——————————-——-—----
ဂိမ်းရဲ့ 𝐀𝐫𝐭 𝐒𝐭𝐲𝐥𝐞 က လုံးဝကို 𝐂𝐚𝐫𝐭𝐨𝐨𝐧𝐢𝐬𝐡 ပုံစံ ဖြစ်ပြီး အရောင်အသွေး
စုံစုံလင်လင်နဲ့ကို မြင်တွေ့ရမှာပါ။ ဒီဂိမ်းကို 𝐔𝐧𝐢𝐭𝐲 𝐄𝐧𝐠𝐢𝐧𝐞 သုံးပြီး
Physics-based ပုံစံနဲ့ ဦးစားပေးထားတာကြောင့် Object အများစုက အသေတွေမဟုတ်ပဲ
ထိခိုက်မှုတွေ၊ လှုပ်ရှားမှုတွေကို သဘာဝကျကျ တုံ့ပြန်နိုင်မှာပဲဖြစ်ပါတယ်။
နောက်ပြီး 𝐁𝐆𝐌 ဖြစ်တဲ့ အသံပိုင်းမှာတွေလည်း ပေါ့ပေါ့ပါးပါးနဲ့ အလုပ်လုပ်တဲ့
နေရာပေါ်မူတည်ပြီး ပြောင်းလဲသွားအုံးမှာပါ။

𝐎𝐩𝐭𝐢𝐦𝐢𝐳𝐚𝐭𝐢𝐨𝐧 အနေနဲ့ PC မှာရော Console တွေမှာပါ တော်တော်လေး Stable ဖြစ်ပြီး အခု
ထွက်လာတဲ့ 𝐌𝐨𝐛𝐢𝐥𝐞 𝐕𝐞𝐫𝐬𝐢𝐨𝐧 မှာတော့ FPS ငြိမ်ရင်တောင် ဖုန်းပူတာမျိုးလေးတွေ
အနည်းနဲ့အများ Device ပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

𝐁𝐞𝐡𝐢𝐧𝐝 𝐓𝐡𝐞 𝐆𝐚𝐦𝐞
——————————-
ဒီဂိမ်းကို 𝐑𝐮𝐛𝐛𝐞𝐫𝐁𝐚𝐧𝐝𝐆𝐚𝐦𝐞𝐬 ဆိုတဲ့ အင်ဒီစတူဒီယိုလေးကနေ ဖန်တီးခဲ့တာဖြစ်ပြီး
𝐂𝐮𝐫𝐯𝐞 𝐆𝐚𝐦𝐞𝐬 ကနေ Publish လုပ်ပေးထားတာပါ။ သေးသေးလေးကနေ စတင်ခဲ့တယ်ဆိုပေမယ့်
အခုဆိုရင် 𝐒𝐭𝐞𝐚𝐦 မှာ 𝐎𝐯𝐞𝐫𝐰𝐡𝐞𝐥𝐦𝐢𝐧𝐠𝐥𝐲 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 ရတဲ့အထိ
အောင်မြင်လာခဲ့တာပဲဖြစ်ပါတယ်။ ဂိမ်းထဲမှာ လူတိုင်း စိတ်ဝင်စားစေမယ့် 𝐒𝐞𝐜𝐫𝐞𝐭 𝐑𝐨𝐨𝐦
တွေ၊ ဂြိုလ်သားတွေအပြင် လျှို့ဝှက် ဂူတွေအထိပါ အများကြီး ထည့်ပေးထားတာမလို့
Explore လုပ်ရတာနဲ့တင် တော်တော်ပျော်စရာကောင်းနေတာပဲဖြစ်ပါတယ်။


ရပါတယ်။ Mobile ဗားရှင်းသစ်မှာ Google Play Games PC ကနေတစ်ဆင့် ချိတ်ဆက်ပြီး ဖုန်းနဲ့ PC အတူတူ Cross-play ဆော့လို့ရအောင် စီစဉ်ပေးထားပါတယ်။
မဟုတ်ပါဘူး။ အလုပ်လုပ်တာက ပိုက်ဆံရှာဖို့ သီးသန့်ပါ။ ကျန်တဲ့အချိန်တွေမှာ မြေပုံအနှံ့ လျှောက်သွားပြီး Secret တွေရှာတာ၊ အာကာသထဲသွားတာ၊ ဒါမှမဟုတ် ဘော်ဒါတွေနဲ့ ကားပြိုင်မောင်းတာ စသဖြင့် ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ Open World Sandbox ဂိမ်းစစ်စစ်ပါ။
GAME INFORMATION
Developer
RubberBandGames
Version
1.0.0 (Mobile) / 0.9.3 (PC/Console)
Release
July 2020
Updated
August 2026
Network
Online Multiplayer & Local
Platform
Android, iOS, PC, PS, Xbox, Switch
Download Size
~2 GB
Total Size
2.5 GB
Monetization
Premium (Paid)
FUN FACTOR OVERLOAD[HEAVY LOAD]
System Requirements
Mobile Specs
- Android9.0+
- iOS13.0+
- RAM4 GB (Recommended 6 GB)
- SOCSnapdragon 720G / Helio G90T or better
- Arch64-bit ARM
PC Specs
- CPUIntel Core i7-6700 or AMD equivalent
- RAM8 GB
- GPUGeForce GTX 1060 or AMD Radeon RX 480
- DirectXVersion 11 / Version 12
71%
Graphics
82%
Gameplay
85%
Control
8.6
Fun TO PLAY
PREMIUM GAME NOTICE
Official ဝယ်ဆော့မှ Multiplayer ကစားလို့ရပါမယ်။
Download
Download from the official servers to support the developers.
Google Play Store$8.99 (Price may vary by region)Apple App Store$8.99 (Premium Game)Steam Version$19.99 - $29.99PlayStation StoreAvailable for PS4 & PS5Xbox StoreOptimized for Xbox Series X|SNintendo eShopIncludes local wireless co-op
MOD VERSIONS
Discussion
0
Select Avatar
🎮
🕹️
👾
⚔️
🚀
👽
🔥
🏆
🎯
🎲
💀
🤖
⚡
🌟
Initializing...