Babel Rising 3D

° စိတ်ညစ်လို့ဘဲဖြစ်ဖြစ် ၊ လူတွေကို စိတ်ကုန်လာလို့ဘဲဖြစ်ဖြစ် မကျေနပ်တာတွေကို အားရပါးရ တစ်ထိုင်တည်း ပေါက်ကွဲချင်ရင်တော့ အခုဂိမ်းလေးဟာ သင့်ကို နတ်ဘုရားတစ်ယောက်အနေနဲ့ စိတ်ကြိုက် သောင်းကျန်းခွင့်ရမှာပါ။ ခေါင်းမာတတ်တဲ့ လူသားတွေကို မိုးကြိုးနဲ့ ပွတ်ပေးလို့ ရရုံတင်မကဘဲ ကပ်ဘေးကြီးတွေဖြစ်တဲ့ ဆူနာမီတွေ ၊ မုန်တိုင်းကြီးတွေအပြင် မီး မိုးတွေပါ ရွာချလို့ရသေးတာကြောင့် ရှိရှိသမျှ နတ်ဘုရားအစွမ်းတွေနဲ့ ဗြောင်းဆန်နေအောင် ကစားလို့ရမှာပါ။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

အလွယ်ပြောရရင် နတ်ဘုရားမကြိုက်တဲ့အရာကို လူ့ပြည်က ဘုရင်ဖြစ်တဲ့ NABU က အတင်း ကန့်လန့်လိုက်တိုက်နေတော့ ဒေါသထွက်ပြီး သူတို့ တည်ဆောက်မယ်ဆိုတဲ့ Babel Tower ကြီးတွေကို မဖြစ်မြောက်အောင်လို့ ဝုန်းဒိုင်းကျဲ ပေးရမှာပါ။ ဝုန်းဒိုင်းကျဲတာတောင် ရိုးရိုးမဟုတ်ဘူးနော် မိုးကြိုးတွေ ၊ လေမုန်တိုင်းတွေတင်မကဘူး ဆူနာမီကြီးတွေနဲ့ပါ တစ်မြို့လုံးမြုပ်သွားတဲ့ထိ အသားကုန်တွယ်တာ။ 
ဒါပေမယ့်လည်း လူတွေဆိုတာ ခေါင်းမာတတ်တဲ့အမျိုးဆိုတော့ ဘယ်လောက်ကပ်ဘေးကျကျ ရွဲ့ပြီးတော့ကို အသေခံဆက်လုပ်ကြတာပါ။ ပြောရရင် လူဦးရေတိုးပွားမှုနှုန်းကလည်း တအားမြန်နေတော့ နတ်ဘုရားအတွက်လည်း ပါဝါရှိပေမယ့် အတော်အခက်တွေ့ပါတယ်။ ဒါပေမယ့် ဂိသွားတဲ့ လုပ်သားတွေကိုတော့ နတ်ပြည်ကို ပြန်ခေါ်တာမလို့ ရက်ရက်စက်စက်လဲ မဟုတ်ပါဘူး။ တကယ်အမြင်ကပ်စရာက ဇွတ်အရွဲ့တိုက်နေတဲ့ လူသားတွေပါ။ နောက်ပြီး ဘုရင်ကလည်း Heathen ဒိဠိ လူမျိုးဆိုတော့ အခက်တွေ့တာပေါ့။ 
Game က Campaign Mode ပါဝင်တာမလို့ ဇာတ်လမ်းပုံစံ ကစားသွားလို့ရပြီး တဖြည်းဖြည်းနဲ့ ဓာတ်ကြီးလေးပါး အစွမ်းတွေကိုပါ အသုံးပြုခွင့်ရမှာပါ။ လူတွေက Tower ကြီးတွေကို ပြီးမြောက်အောင် အသေခံ တက်ဆောက်ကျမှာဖြစ်ပြီး နတ်ဘုရားဖြစ်တဲ့ သင့်အနေနဲ့ကတော့ အဲဒီ လူသားတွေ ရှေ့ဆက်မတိုးနိုင်အောင်လို့ မိုးကြိုးတွေ ၊ လေပြင်းတွေ ၊ မီးလုံးတွေနဲ့ပါ တားဆီးရမှာပါ။ တစ်ခါတလေ immune ဖြစ်တဲ့ မှော်ဆရာတွေပါ ပါလာသေးတာကြောင့် ကိုယ့်ရဲ့ အစွမ်းကိုလည်း သေချာအသုံးပြုတတ်ဖို့လိုအပ်ပါတယ်။ အခြေခံအားဖြင့် မီး ၊ ရေ ၊ လေ ၊ မြေ ဆိုပြီး အစွမ်း 4 ခုရှိပြီး မှော်ဆရာရဲ့ immune လုပ်နိုင်တဲ့ အစွမ်းကို ဖယ်ပြီးတော့မှ တခြားဟာနဲ့ တားဆီးရမှာပါ။ 
စွမ်းအားတွေကို Upgrade လုပ်လာနိုင်တာနဲ့အမျှ ပါဝါမျိုးစုံကို အသုံးပြုခွင့်ရမှာဖြစ်ပြီး Ultimate တွေထိတောင် ထည့်ပေးထားတာပါ။ မီးဆိုရင်လည်း သာမန်မီးလုံးလေးတွေ ပစ်ချရင်းကနေ ၊ မီးတန်းကြီးတွေကော ၊ နောက်ဆုံး မီးမိုးတွေထိပါ အားရပါးရကို ရွာချလို့ရတာပါ။ အဲလိုဘဲ ရေဆိုရင်လည်း ဆူနာမီကြီးတွေထိပါ အသုံးပြုလို့ရတာကြောင့် တကယ် အားရပါးရနဲ့ကို ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုပါ။ နောက်ပြီး 3D Graphic ကိုမှ 180° လှည့်နိုင်တဲ့ Camera View ပါဝင်တာကြောင့် ပတ်ပတ်လည်ကိုပါ ကြည့်ရှုလို့ရအုံးမှာပါ။ Size လည်း နည်းတာကြောင့် နတ်ဘုရားအနေနဲ့ သောင်းကျန်ချင်တဲ့‌သူတွေရှိရင် ဒီဂိမ်းလေးက Super Fun ဖြစ်စေမှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

ဒီဂိမ်းက ကြာပြီဆိုပေမယ့် အခုထိ Android version အမြင့်တွေမှာပါ အေးအေးဆေးဆေး ဆော့လို့ရပါသေးတယ်။ Old Game ဆိုပေမယ့် သူ့ရဲ့ Gameplay ကော ၊ ဂိမ်းဖန်တီးပုံက တစ်မူထူးခြားတာကြောင့် Admin ကတော့ အခုထိ သဘောကျနေတုန်းပါ။ အထင်ကြီးစရာကောင်းတာက Control ဒီဇိုင်းဆွဲပေးတာဖြစ်ပြီး Button တွေကို မမှီခိုဘဲ Mobile ရဲ့ Touch နဲ့ လိုက်ဖက်အောင် အသုံးပြုပေးထားတာကြောင့်ပါ။ အခုမှ စဆော့မယ်ဆိုရင်တော့ အရင်ဆုံး Tutorial ဖြစ်ဖြစ် ၊ Setting ထဲက Control မှာဘဲ ဖြစ်ဖြစ် အရင်လေ့လာလို့ရပါတယ်။ မဟုတ်ရင် ဘယ် Power က ဘယ်လိုသုံးရမှန်း မသိဘဲ ဖြစ်နေကျလိမ့်မယ်။ 
ဂိမ်းက လူတွေကို ပြန်သတ်ရတာ‌ဆိုတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်နေပေမယ့် ဆော့ရတာတော့ တကယ်ပျော်စရာကောင်းတယ်။ အပေါ်မှာ ပြောခဲ့သလို မသာပေါ်သွားတဲ့သူတွေက ဝိညာဉ်ဘဝနဲ့ အပေါ်တက်သွားတာမလို့ ဘာမှ စိုးရိမ်စရာမရှိဘူး။ တကယ်စိုးရိမ်ရတာက ကျန်နေသေးတဲ့ လူတွေဖြစ်ပြီး လမ်းလျှောက်တာလည်း အတော်‌လေးကိုမြန်တာပါ။ အော်တဲ့အသံကလည်း ပိစိလေးတွေမလို့ ကစားရတာ ပုရွက်ဆိတ်တွေကို ထိုင်တွယ်နေရသလိုတောင် ခံစားမိတယ်။ 
ဘာဘဲဖြစ်ဖြစ် စိတ်တအားညစ်နေရင်တော့ ကိုယ်မကျေနပ်တဲ့ အုပ်စုတွေလို သဘောထားပြီး အခုဂိမ်းလေးထဲမှာ စိတ်ပြေလက်‌ပျောက် လာ‌တွယ်လို့ရပါတယ်။ 

Game Information

Android version 2 . 3 +
Developer happy IP
Network Offline
Price Free
App version 2.5.0.37
Release date Nov 11, 2016
Platform Android / iOS

Mod Version ထည့်ပေးထားတာမလို့ Coins အများကြီးနဲ့ နတ်ဘုရားပါဝါတွေ အကုန်လုံးကို စောင့်စရာမလိုဘဲ စိတ်ကြိုက်သုံးလို့ရမှာပါ -

⭐ ( HELLO Rating = 8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project 2

Ex Astris