ONLYWAY DEMO

° ဒီနေ့ Demo အနေနဲ့ အစမ်းထွက်ရှိလာတဲ့ Game လေးကတော့ Mobile Player တွေ လုံးဝကို ကြိုက်သွားစေမှာ အာမခံပါတယ်။ ဘာလို့ဆို Horror Vibe အပြင်၊ သဘာဝကပ်ဘေးတွေပါ အကုန်ပေါင်းစပ်ထားတဲ့ Adventure ဂိမ်းလေးမလို့ အနီးစပ်ဆုံး Little Nightmares လို့တောင် တင်စားလို့ရတာပါ။ ဒီဂိမ်းက Little Nightmares Mobile ကို Official မကြေငြာခင်ကတည်းက Developer တွေကိုယ်တိုင် leak လုပ်ပေးထားပြီး Mobile ရဲ့ Indie Developer အနေနဲ့ အခုလောက်ထိ ချပြနိုင်တာကိုက အရမ်းအားရစရာ‌ကောင်းတာပါ။ တကယ်လို့ Little Nightmares သာ Mobile ပေါ် မကြေငြာခဲ့ဖြစ်ရင် ဒီဂိမ်းဟာ အရမ်းကို Hype သွားစေမှာ သေချာပြီး Graphic ကစ Mobile ရဲ့ Next Generations ကိုဘဲ ထပ်မံ ထုတ်ပြထားတာပါ။
° လောလောဆယ် DEMO Version မလို့ အစမ်းဘဲ ဆော့ခွင့်ရသေးပေမယ့် Admin ကို‌တော့ ကောင်းကောင်းကြီး ဖင်တုန် အောင်ကိုကော ၊ အံ့ဩအောင်ပါ လုပ်ပြသွားနိုင်တာပါ။ ဒါတောင် Demo အစမ်းရှိသေးတာနော်။ အရင်ဆုံး အံ့ဩမိတာက Graphic ပိုင်းဖြစ်ပြီး သုံးထားတဲ့ Lighting တွေက အရမ်းကို ကောင်းတာပါ။ Shadow Accurate ဖြစ်တဲ့အပြင် သဘာဝကပ်ဘေးကို Environment ယူထားတာမလို့ ဘေးနားမှာ ရှိရှိသမျှအရာအားလုံးက Chaos ဖြစ်နေတာကို သေချာပြနိုင်တာပါ။ အဲဒါကိုမှ Horror Vibe အသွင်ယူထားပြီး သဘာဝကပ်ဘေးကြောင့်တင်မကဘဲ နောက်ထပ် သဘာဝလွန် အဖြစ်ဆိုးကြီးကိုပါ ပေါင်းစပ်ထားသေးတာပါ။
ဒီဂိမ်းကို Admin စဆော့တုန်းက Horror ပါမယ်လို့ မထင်ထားဘူး။ ဒီတိုင်း သဘာဝကပ်ဘေးကနေ Escape လုပ်ရမယ်ဘဲ ထင်ခဲ့တာ။ နောက်ကျမှ တဖြည်းဖြည်းနဲ့ အလောင်းအိတ်တွေကော ၊ အသားစားနေတာတွေပါ တွေ့လိုက်မှ လက်တွေပါ တုန်ပြီး လျှောက်အော်တော့တာဘဲ။ လူက Graphic ကောင်းလို့ မျောနေတဲ့အချိန် အုန်း..ဒိုင်းကနဲ ချက်ခြင်းကြီး Accident တွေ ထဖြစ်တော့ လူပါ တုန်တက်သွားတာ။ ဒီကြားထဲ ခုနကလို အသားစားနေ‌တဲ့ Scene ကြီးကို တွေ့လိုက်ရတော့ အစတုန်းကတော့ မကြောက်ဘူးပေါ့။ နောင်ကျမှ အော်ပြီးလိုက်လာလို့ ပြေးလိုက်ရတာ လက်ပါတုန်တယ်။ တကယ် Sounds အပိုင်းတွေကစ Deatil ဖြစ်တော့ Official ထွက်မှာကို မစောင့်နိုင်တော့ဘူး။ ဘာတွေ ထပ်တုန်အုံးမလဲတော့မသိဘူး။
° HELLO ရဲ့ Fan စစ်စစ်တွေဆိုရင်တော့ ဒီဂိမ်းရဲ့ Developer တွေကို ပိုရင်းနှီးကြမှာဖြစ်ပြီး အရင်က Admin ကိုယ်တိုင်တောင် ပို့စို့ပတ်စပ် Hype ခဲ့တဲ့ Misguided Never Come Back ဆိုတဲ့ Horror Game ကြီးကို ဖန်တီးခဲ့တဲ့သူတွေပါ။ အဲတုန်းကလည်း Demo version အပြီး နှစ်ချီအောင် စောင့်လိုက်ရပြီး တကယ် Official ထွက်တဲ့အချိန်မှာလည်း Bug လေးတွေ ရှိပေမယ့် Demo နဲ့မတူအောင်ကို ပို့စို့ပတ်စပ် ကောင်းခဲ့တာပါ။ ဘာလို့ Admin က ဒီလောက်ထိ သဘောကျနေလဲဆိုရင် ဒီဂိမ်းကို ထုတ်တဲ့သူတွေက Asia Indie Developer တွေဖြစ်ပြီး Indonesia နိုင်ငံကနေ ဖန်တီးပေးထားတာပါ။ အဲတော့ သူတို့ ဖန်တီးတဲ့ ဂိမ်းတွေက Asia အငွေ့သက်တွေကို အနည်းအကျဉ်းထည့်ပေးတတ်ကြပြီး Graphic ကစ Mobile မှာ လုံးဝကို နောက်ကောက်မကျအောင်ထိ ကြိုးစားထားတာပါ။ ဒါပေမယ့် အခု Onlyway ဂိမ်းမှာတော့ October 22 လို့ ကြေငြာထားပြီး နှစ်မကုန်ခင် သေချာပေါက်ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။
( Minimum Hardware Requirements )
Quad-Core CPU/Snapdragon 425/Helio P22
2GB RAM

Game Information

Android version 5 . 1 +
Developer JEVO Games
Network Offline
Price Free
App version DEMO Version
Release date Oct 6, 2022
Platform Android

Apks File မလို့ Download Link Table အောက် " Game Install တင်နည်း "ဆိုတဲ့ စာသားလေးကို နိပ်ကြည့်ပြီး ဘယ်လို့ သွင်းရမယ်ဆိုတာ ပြထားပါတယ်။


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES