Panmorphia Enchanted

° ဒီတစ်ခါဂိမ်းလေးကတော့ မကြာသေးခင်ကမှ တင်ပေးထားတဲ့ Panmorphia ရဲ့ အဆက်ဖြစ်ပြီး ပထမဂိမ်း မဆော့ရသေးရင်တောင် အဆင်ပြေပြေ ကစားလို့ရပါတယ်။ ဒါပေမယ့် အရှေ့က ဂိမ်းကို သိထားရင်တော့ ပိုအဆင်ပြေတာပေါ့။ ဒီ ဒုတိယဂိမ်းမှာက သင့်ကို Panmorphia နယ်မြေကနေ ထပ်ပြီး ပြန်ဆင့်ခေါ်နေတာမလို့ ဘာတွေထပ်ကြုံရအုံးမလဲဆိုတာ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ ပထမဂိမ်းကို မပြီးသေးတဲ့သူတွေအတွက်တော့ အံ့ဩစရာကောင်းမှာမဟုတ်ပေမယ့် ဒီ ဒုတိယဂိမ်းကတော့ ပိုလည်းခက်သလို ပိုပြီးတော့လည်း playtime တိုပါတယ်။ ဘာလို့ဆို ဒီဂိမ်းက Series အနေနဲ့ ရည်ရွက်ချက်တစ်ခုကို ဦးတည်နေတာမလို့ လက်မလွတ်သင့်ပါဘူး။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီ ဒုတိယဂိမ်းမှာတော့ ထူးဆန်းတဲ့ နယ်မြေဖြစ်တဲ့ Panmorphia ကနေ နောက်တစ်ကြိမ်ပြန်ခေါ်တာပါ။ Amulet အတွက် The Lost Temple ကို ခေါ်သွားမှာဖြစ်ပြီး ဒီတစ်ခါမှာတော့ Four elemental forms အတွက် အရမ်းကို အရေးကြီးပါတယ်။ မြေ၊ ရေ၊ လေ၊ မီး စတဲ့ Elements တွေကို Evolve လုပ်ပြီး Powers မြှင့်တော့မှာမလို့ Panmorphia နယ်မြေကြီးက သင့်ကို တစ်စုံတစ်ရာအတွက် စတင်ပြင်ဆင်ခိုင်းတော့မှာပါ။ ဘာလို့ဆို ဒီဆင့်ပွားမှုမှာသာ အောင်မြင်သွားရင် သင့်အတွက် Four elemental forms ဟာ လိုသလို အသုံးချသွားနိုင်မှာမလို့ Animals တိုင်းရဲ့ ရှုထောင့်တိုင်းကို လွယ်လွယ်ကူကူနဲ့ အသွင်ပြောင်းနိုင်တော့မှာပါ။ 
The Lost Temple ဟာ Four Elements ကို ကိုယ်စားပြုထားတာကြောင့် Amulet ရဲ့ အစွမ်းနဲ့ အခန်းကြီးလေးခုစလုံးကို သွားလာနိုင်မှာဖြစ်ပြီး ရေထဲမှာ အသက်ရှူလို့ရတာတွေ၊ နေ့ည အလွယ်တကူပြောင်းလဲနိုင်တာတွေ၊ လေပြင်းတိုက်နိုင်တာတွေကစ အံ့ဩစရာကောင်းအောင် Magical ဆန်ဆန်နဲ့ မြင်တွေ့ရမှာပါ။ Point Click Puzzle ဂိမ်းလေးမလို့ Hidden Objects တွေနဲ့ ပဟေဠိတွေကို အဖြေရှာရင်း ပေါ့ပေါ့ပါးပါးနဲ့ ကစားသွားရမယ့် Adventure ဂိမ်းကောင်းလေးတစ်ခုပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin အနေနဲ့ ပြောရရင်တော့ ပထမဂိမ်းမဆော့ရသေးဘဲ အခု ဒုတိယဂိမ်းကို ဆော့မိလိုက်ရင် ပထမဂိမ်းရဲ့ Feeling က အရသာပျက်သွားနိုင်ပါတယ်။ အဲတော့ မဆော့ရသေးရင် အရင်သွားဆော့ကြဖို့ ပထမဆုံး အကြံပေးတယ်။

ပထမဂိမ်းရဲ့ Ending မှာ ဆော့ဖူးတဲ့သူတွေအားလုံး သိကြတဲ့အတိုင်း ဒီ Panmorphia နယ်မြေကြီးတစ်ခုလုံးက စိတ်ကူးယဉ်သက်သက်နဲ့ အိမ်မက်လိုလို ၊ တကယ်လိုလို အဆုံးသတ်သွားခဲ့တာပါ။ အခု ဒုတိယဂိမ်းမှာတော့ အဲဒီအဖြစ်ပျက်တွေအပြီး သုံးလ အကြာကို ဇာတ်အိမ်တည်ထားပြီး တကယ်မရှိဘူးလို့ ထင်ခဲ့တဲ့ Panmorphia နယ်မြေကြီးက ပေါ်တင်ကြီးကို ဆင့်ခေါ်လာတာပါ။ သင်ကိုယ်တိုင်ကလည်း Sentinel တစ်ဦးဖြစ်သွားတာကြောင့် ပထမဂိမ်းမှာ အိမ်မက်လိုအဆုံးသတ်သွားခဲ့ပေမယ့် လက်မှာ အမှတ်သားလေးကျန်နေခဲ့တာပါ။ 
ဆိုတော့ ပထမဂိမ်းမှာ သင့်ကို ပျောက်ဆုံးနေတဲ့ Four Elements ကို လိုက်ရှာခိုင်းခဲ့ပြီး ဒီတစ်ခါမှာတော့ အဲဒီ Elements တွေ လေးခုစလုံးကို Evolve လုပ်ဖို့အတွက် The Lost Temple ကို ပို့ပေးခဲ့တာပါ။ ပထမဂိမ်းတုန်းကလို အဆောင်ကြောင့် အသွင်ပြောင်းလို့ရတာမျိုးမဟုတ်တော့ဘဲ တကယ်ကို Ability တစ်ခုအနေနဲ့ Animal Forms တွေကို စိတ်ကြိုက်ပြောင်းလဲနိုင်ခွင့်ရတော့မှာမလို့ ရည်ရွယ်ချက်တစ်ခုအတွက် တဖြည်းဖြည်း ပြင်ဆင်နေတယ်လို့ ခံစားမိတယ်။ 
နောက်ပြီး ဒီ ဒုတိယဂိမ်းက ပထမဂိမ်းကထက် Playtime တိုပေမယ့် Puzzle နဲ့ Easy Mode မပါဝင်တာကြောင့် အတော်လေးကို ခက်ခက်ခဲခဲ ကစားရမှာပါ။ လွယ်တာကို ခက်အောင် အသွင်ယူထားတာမလို့ The Lost Temple ဟာလည်း Picture နည်းပေမယ့် ဂိမ်းကောင်းတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ 

Game Information

Android version 4 . 4 +
Developer LKMAD
Network Offline
Price 1.99 $
App version 1.4
Release date Jan 9, 2019
Platform Android / iOS

⭐ ( HELLO Rating = 7.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES