ONLYWAY

° ဒီနှစ်မကုန်ခင် အမှီထွက်လာတဲ့ ဂိမ်းသစ်လေးကတော့ HELLO Fan တွေ မျှော်နေကြတဲ့ ONLYWAY ရဲ့ Official Version လေးထွက်ရှိလာတာပါ။ 2022 ရဲ့ အကောင်းဆုံး ဂိမ်းတွေထဲကမှ နောက်ဆုံးပိတ် ဂိမ်းကောင်းလေးတစ်ခု ဖြစ်လာနိုင်ပြီး တခြားနောက်ထပ် ဂိမ်းကောင်းတွေ ထွက်လာမလာ ၊ ကောင်းမကောင်း မသိရသေးပေမယ့် ဒီတစ်ခုကတော့ Mobile Players တွေတွက် လုံးဝကို အကြိုက် ဖြစ်စေမှာပါ။ ဘာလို့လဲဆိုရင် Game ပုံစံက Little Nightmares နဲ့ Inside တို့ကို Inspired ယူထားတာဖြစ်ပြီး 3D Graphic နဲ့အတူ သဘာဝဘေးကိုမှ Horror Vibe ဆန်ဆန်လေးနဲ့ ပဟေဠိတွေဖြေရှင်းရင်း စိတ်လှုပ်ရှားဖွယ်ကောင်းအောင်ကို ကစားရမှာပါ။ Jump Scare မဟုတ်ပေမယ့် Thrilling ဆန်တာကြောင့် အတော်လေး အူယားစရာကောင်းတာမျိုးတွေပါ ကြုံတွေ့ရမှာပါ။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game အကြောင်းနဲ့ပတ်သတ်ပြီး အရင်ဆုံးပြောရရင်တော့ ဒီဂိမ်းက မင်မင် သဘောအကျဆုံး Indie Developer တွေထဲက တစ်ခုဖြစ်တဲ့ Indonesia အခြေစိုက် JEVO Games ကနေ ဖန်တီးထုတ်လုပ်ပေးထားတာပါ။ Horror Game တွေနဲ့ ပတ်သတ်ပြီး Asia Vibe ကို အပြည့်ဝဖန်တီးနိုင်တဲ့ Developer တွေဖြစ်တာကြောင့် Misguided Never Back Home ဂိမ်းတစ်ခုတည်းနဲ့တင် အတော်လေး သဘောကျမိခဲ့တာပါ။ အခု ဒီ ONLYWAY ဂိမ်းကတော့ သူတို့ရဲ့ ဒုတိယမြောက် ဂိမ်းတစ်ခုဖြစ်ပြီး အရင်ကလည်း Demo Version တင်ပေးဖူးတာကြောင့် အတော်များများလည်း သိပြီးလောက်ပြီထင်ပါတယ်။ 
ဒီထဲမှာ ပါဝင်တဲ့ အဓိက ဇာတ်ကောင်က သတိမေ့ရာကနေ နိုးလာတာဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးဟာလည်း ပျက်ဆီးမှုတွေနဲ့ သဘာဝကပ်ဘေးကို ကြုံနေရတာကြောင့် ဘာဆို ဘာမှန်း မသိအောင်ကို ဆန်းတဝါးဝါးနဲ့ ကစားရမှာပါ။ ကြားထဲမှာ ပုံမှန်မဟုတ်တဲ့ ထိတ်လန့်စရာ အဖြစ်ပျက်တွေကိုပါ ကြုံတွေ့ရနိုင်တာကြောင့် Horror ဆန်ဆန်လေးနဲ့ပါ စိတ်လှုပ်ရှားစရာကောင်းအောင် ခံစားရမှာပါ။ ဒီဂိမ်းရဲ့ ပုံစံကို အလွယ်ပြောရရင်တော့ သ‌ဘာဝဘေးကနေ လွတ်အောင်ရုန်းကန်ရင်းကနေ မထင်ထားတဲ့ အဖြစ်ပျက်တွေကြောင့် အသက်လုပြီးတော့ပါ ထွက်ပြေးရမယ့် ဂိမ်းပုံစံမျိုးလေး မြင်တွေ့ရမှာပါ။ 
Puzzle လေးတွေပါ ရော ထည့်ပေးထားပြီး ပြေးတာ ၊ Jumping လုပ်တာတွေကိုပါ အူယားစရာကောင်းအောင် ကပ်သီးကပ်ဖဲ့နဲ့ ကစားရမှာပါ။ Graphic ပိုင်းမှာ တကယ် Size နဲ့ မလိုက်အောင် Strong ဖြစ်ရုံတင်မကဘဲ Gameplay ကော Storyline ကစ သူ့ဟာနဲ့သူ Fix ဖြစ်အောင်ကို ဖန်တီးပေးထားတာပါ။ ကြာချိန်က မိနစ် 30 ဝန်းကျင်ဘဲ ရှိပေမယ့် ရလိုက်တဲ့ ခံစားချက်ကတော့ Mobile Players တွေအတွက် တကယ် တန်တဲ့ ဂိမ်းတစ်ခုဖြစ်စေမှာပါ။ 
နောက်ပြီး စကားမစပ် ကြိုရင်ခုန်လို့ရအောင် ပြောရရင် ဒီ Developer တွေက‌ နောက်ထပ် GI ကို Inspired ယူပြီး Anime Game တစ်ခု ဖန်တီးနေတယ်လို့ သိရပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin ကတော့ ဒီဂိမ်းကို သဘောကျပေမယ့် စစထွက်ချင်းမလို့ Bug လေးတွေ ၊ ဘာညာ ပါနေသေးတာကို ကြုံနေရသေးတယ်။ ဒါပေမယ့် ကစားရတဲ့ အတွေ့ကြုံကတော့ Mobile အတွက် တကယ် အားရစရာကောင်းတယ်။
ဘာလို့လဲဆိုရင် ပြေးလိုက် ၊ လွှားလိုက်ရတာ ဖင်တောင်ကျိန်းတဲ့အထိဘဲ။ အန္တရာယ်တစ်ခုက မပြီးသေးဘူး‌ နောက်တစ်ခုက ထပ်တိုးလာတော့ တစ်ခန်းလုံးကို ပတ်ပြေးနေရတော့တာ။ ကစားတဲ့အချိန်က တိုပေမယ့်လည်း သူ့ Size နဲ့ သူကတော့ တကယ် ကောင်းမွန်တဲ့ ဂိမ်းတစ်ခုပါ။ အထူးသဖြင့် မိုးခြိမ်းတဲ့ အပိုင်းတွေဆိုရင် လူပါ ရုတ်တရက်ဆိုတော့ နှလုံးရပ်မတတ်တဲ့ထိ Sound Effects တွေကစ အတော်လေး အားကောင်းတယ်။ 
နောက်ပြီး Graphic ပိုင်းမှာဆိုရင်လည်း Shadow တွေကစ လုံးဝ Accurate ဖြစ်ပြီး သုံးထားတဲ့ Color Fliter တွေကစ တကယ် သဘာဝဘေးတစ်ခုလုံးကို ရုပ်လုံးပေါ်လာအောင် သေချာ ဖန်တီးပေးထားတာပါ။ ရေတွေကစ မြစ်ရေ ပုံစံ သုံးထားတဲ့အပြင် မြူတွေ ၊ လေတိုက်တဲ့ Effect တွေကစ Character Movement တွေထိ အတော်လေး အားရစရာကောင်းတာကို မြင်တွေ့ရတယ်။ 
ဒီ ဇာတ်လမ်းနဲ့ ပတ်သတ်ပြီး Admin အနေနဲ့ ဘာကို ပုံဖော်မိသွားလဲဆိုရင် ဒီ Character က Office ပုံစံ ရုံးဝန်ထမ်း တစ်ယောက်နေရာကနေ ပုံဖော်ထားတာမလို့ စိတ်ထဲ အဓိပ္ပာယ်တစ်ခုကို သွားတွေးမိတယ်။ ဒါက Admin ရဲ့ Personal အမြင်ဆိုတာ ကြိုပြောထားပါရစေနော်။ 
ဒီဇာတ်လမ်းတစ်ခုလုံးကို ဆော့ကြည့်လိုက်တော့ အဲဒီမှာ ဆက်စပ်နေတဲ့ အကြောင်းရာလေးတွေကို Admin တွေးမိတယ်။ ဘာလဲဆိုရင် အခုခေတ် ကြုံနေကြရတဲ့ အလုပ်ထဲမှာ အထက်လူကြီးတွေကို ကြောက်နေရတာမျိုးပေါ့။ 
ဘာလို့လဲဆိုရင် ဒီ အဓိက ဇာတ်ကောင်က အကောင်တစ်ကောင်ဖြစ်နေတော့ တခြားအကောင်တွေပါလာတာက ဆန်းလဲမဆန်းသလို သူ့အနေနဲ့ ပုံမှန်ဆို ကြောက်နေစရာတောင်မလိုဘူးလို့ ထင်မိတယ်။ သူတကယ် ကြောက်သွားတာက ပြောင်းလဲသွားတဲ့ သူတို့ရဲ့ ပုံစံဘဲ။ အစပိုင်းမှာ သူ့နောက်ကို လိုက်လာတဲ့ ဝက်ကြီးဆိုရင် တခြား ‌အကောင်ကို အားရပါးရ စားနေတာက အလုပ်သမားရာထူးထက် မြင့်နေတဲ့ သူတစ်ယောက်က အောက်က အလုပ်သမားတွေကို ဂုတ်သွေးစုပ်နေသလိုမျိုး ခံစားမိတယ်။ အဲလိုကိုမှ တစ်ချို့ အလုပ်သမားတွေက မလွတ်မြောက်နိုင်တော့ ဘဝသေသွားတဲ့ ပုံစံမျိုးပေါ့။ 
ဒီလိုနဲ့ အဓိက ဇာတ်ကောင်က အဲအရာကနေ ထွက်ပြေးရင်း နောက် တစ်နေရာကြတော့ အဲဒီ ဝက်ကြီးထက် ကြီးတဲ့ ပင့်ကူကြီးက ဝက်ကြီးကို ပြန်စားသွားပြန်ရော်။ ဆိုတော့ အဓိပ္ပာယ်က သူ့ထက် မြင့်တဲ့ နေရာက လူက အဲဒီ ဂုတ်သွေးစုပ်နေတဲ့သူကို ပြန်ပြီး ဖြုတ်ချလိုက်သလို မျိုးပေါ့။ အဲဒီအချိန်မှာ သင့်စိတ်ထဲမှာတော့ ဒီပင့်ကူကြီးက အသက်သခင် ကျေးဇူးရှင်လို့ ထင်ကောင်းထင်နိုင်လိမ့်မယ်။ ဒါပေမယ့် နေရာတစ်ခုထိ ရောက်သွားရင်တော့ သူလည်း အရှေ့ကဝက်ကြီးလိုဘဲ သင့်နောက်ကို ပြန်လိုက်လာမှာပါ။ ဒီလို‌နဲ့ မြင့်တာတွေ ၊ မြင့်တာတွေ တစ်ခုပြီးတစ်ခု ပေါ်လာလိုက် စားလာလိုက်နဲ့ သံသရာလည်ရင်းကနေ သင်ကိုယ်တိုင် အဲဒီ နယ်ပယ်ထဲကနေ လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်ရမယ့် အဓိပ္ပာယ်ပုံ‌စံမျိုးလေးကို ပုံဖော်မိတယ်။ 
ဘယ်လောက်ဘဲ အခက်ခဲတွေ ရှိနေပါစေ သူတို့လက်ထဲမှာတော့ လုံးဝ အဆုံးရှုံးခံလို့မဖြစ်ပါဘူး။ ဘာလို့လဲဆိုရင် Onlyway မလို့ပါ။ ဇာတ်သိမ်းလေးကိုလည်း သဘောကျမိတယ်။ အနာခံမှ အသာစံရတာကို။ ဒါက Admin တွေးမိတာလေးပေါ့။ သိပ်တော့ မအပ်စပ်ပေမယ့် ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့ သူ့ဟာနဲ့သူ ရသမြောက်နေတာဘဲ။

Game Information

Android version 5 . 1 +
Developer JEVO Games
Network Offline
Price 2.49 $
App version 1.23
Release date Dec 14, 2022
Platform Android

⭐ ( HELLO Rating = 8.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES