Marvel Future Revolution

          အခုဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ Future Revolution Game ဟာ Test အနေနဲ့ ပထမဆုံး စမ်းကစားလ်ို့ ရနေပါပြီ။ Canada Server မှာ ဝင်ဆော့လို့ရမှာဖြစ်ပြီး ဒီကနေ ဆော့မယ်ဆိုရင်တော့ VPN လိုအပ်ပါတယ်။ Game က MMORPG အမျိုးစားဖြစ်ပြီး Marvel ရဲ့ အငွေ့သက်တွေကို တစ်ဝကြီးတွေ့မြင်ရမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ Character အနေနဲ့ 8 ယောက်ထိ ထည့်ပေးထားပြီး တစ်ဦးခြင်းစီမှာလည်း Chapter 1 အတွက် Own Story ကိုယ်စီ ဆော့ကစားရအုန်းမှာပါ။ ဇာတ်လမ်းဇာတ်ညွှန်းကအစ လုံးဝ ကြက်သီးထစရာကောင်းလောက်အောင် ဆွဲဆောင်ထားပြီး MARVEL Fan တွေတွက်တော့ လုံးဝ လုံး၀ကို လက်မလွတ်သင့်ပါဘူး။ Graphic ကစ Mobile တွက် အကောင်းဆုံးထဲမှာပါဝင်ပြီး Effect Detail တွေကစ AAA Quality အဆင့်ရှိတဲ့ Game ဖြစ်တာကြောင့် မဆော့လိုက်ရရင် နောင်တတောင် ရသွားနိုင်ပါတယ်။

⚠️ VPN ကို Canada မှာ ချိတ်ပေးထားရမှာဖြစ်ပြီး Game ထဲရောက်ရင်တော့ 5.2 GB ထိ Download လုပ်မှာပါ။ VPN မပြုတ်ဖို့ လိုတယ်နော်။

[ Review ] 

ဘာပြောရမှန်းမသိလောက်အောင်ကို တော်တော် ပို့စို့ပတ်စပ် ဂေါ်တဲ့ Game ပါ။ အရင်ကတည်းက ဒီ Game ကို တအား မျှော်လင့်ထားကြပေမယ့် အခုလောက်ကြီးထိ Netmarble ဘက်က ပြင်ဆင်ထားလိမ့်မယ်လို့ လုံး၀ မတွေးမိခဲ့ဘူး။ မင်မင်ဆိုရင် စဆော့ကတည်းက ပါးစပ်အ‌ဟောင်းသားနဲ့ ရင်တွေဆို တဒိန်းဒိန်း ခုန်နေတာ။ ခုန်မှာပေါ့ ဇာတ်လမ်း ကော Graphic ကစ အရမ်းမိုက်နေတော့ Gameplay ပါ ပေါင်းပြီး လူပါ ကြွေဆင်းသွားရော။
Mobile MMORPG အများစုက ရှေးခေတ်ကို အမှီပြုထားတာများတော့ အခုလို Marvel Universe နဲ့တင် Player တွေကို အသစ်ဆန်းဖြစ်စေမှာ သေချာပါတယ် ။ ပြီးတော့ ကိုယ်သဘောအကျဆုံး Character တွေကိုလဲ Body Detail ကျကျ ထိန်းချုပ်ကစားရမှာဆိုတော့ လုံးဝရှယ်ဘဲ။ အစက မင်မင်တောင် Captain Marvel ကို ကစားမယ်လုပ်ပေမယ့် Black Widow က တော်တော်ကြီး ဆွဲဆောင်နေတာ ။ ပြီးတော့ Dufficult ကလည်း မြင့်တယ်။ ချောရုံတင်မဟုတ်ဘူး လုံးဝ Sexy ဆိုတော့ Movie မလာခင် အစောကြီး ရင်ခုန်လိုက်ရတယ်။
ဇာတ်လမ်းကတော့ တကယ်ဆွဲဆောင်တယ်။ အစပိုင်းမှာ Main Story ကို ကစားခိုင်းပြီး နောက်ကြမှ ကိုယ်ယူတဲ့ Character ရဲ့ Own Storyline ကို Chapter 1 အနေနဲ့ ကစားရမှာပါ ။ ဒီတော့ Chapter 1 က ကိုယ်ယူတဲ့ Character ပေါ်မူတည်ပြီး ကွဲနေမှာဖြစ်ပြီး နောက်ကြမှ အပြိုင်ကမ္ဘာကနေ သင့်ကို လာခေါ်ကြမှာပါ။ ဇာတ်လမ်းမပြော​​ပြဘူးဆိုတာက ကိုယ်တိုင် ကြက်သီးထစေခြင်လို့ပါ။
နောက်ပြီး ဒီ Game ရဲ့ အဓိက အနှစ်ကတော့ Cutscene နဲ့ Gameplay က တစ်ဆက်တည်းဆိုတာပါ။ Graphic အရမ်းမိုက်ရုံတင်မကဘဲ Skill Effect တွေကို ပိုဦးစားပေးထားတာကြောင့် Reflection တွေကစ တကယ်ကို အသက်ဝင်စေတယ်။ နောက်ပြီး Action Scene တွေကစ ပါသေးတော့ Movie ဒါမှမဟုတ် Console Game တစ်ခုကို ဆော့နေရသလိုဘဲ။ အခုလို Marvel က Character တွေကို Open World ကြီးမှာ ထိန်းချုပ်ကစားရမှာဆိုတော့ Fan တွေတွက်တော့ အိမ်မက်တစ်ခုပါ။ Location တွေဆိုရင် တကယ် အထင်ကြီးစရာကောင်းလောက်အောင် သေချာဖန်တီးထားတာ။
အပြောင်းလဲ တစ်ခုကြောင့် မင်မင်ကတော့ အရမ်းသဘောကျတယ်။ တစ်ခုရှိတာက ဖုန်းပူတာလေးတစ်ခုဘဲ။ ဒါပေမယ့် တန်တယ်။ ဒီတော့ Official ကြမှဘဲ သေချာ အသေးစိတ်တင်ပေးမယ်။ အခုကတော့ အရမ်းသဘောကျလွန်းလို့ လာတင်ပေးတာ။ တကယ်ကို အရမ်းဂေါ်တဲ့ Game မလို့ လက်မလွတ်သင့်ဘူးဆိုတာ အာမခံတယ်။

Game Information

Android version 8 . 0 +
Developer Netmarble
Network Online
Price Free
App version 1.00.2
Release date 2021

Download Link

Type Size Link

Playstore

88 MB

Pre-register

Test

 

88 MB

( Apk Only )

Download

Apple iOS

---

Pre-order
 
#HELLOYDB
 


Comments

လူကြည့်အများဆုံး GAMES