Plants Vs Zombies 2

° ပန်းသရဲဂိမ်းဆိုတာနဲ့ လူကြီးအစ ကလေးအဆုံး မသိတဲ့သူဆိုတာ အတော်ကို ရှားပါတယ်။ ငယ်ငယ်ကတည်းက ပျင်းတိုင်း Computer ရှေ့မှာ တစ်နေကုန်ထိုင်ဆော့နေခဲ့တဲ့ Classic Game လေးဖြစ်တာကြောင့် အမှတ်ရစရာတွေကတော့ အများကြီး ရှိနေမှာပါ။ ဒါပေမယ့် အဲဒီတုန်းက Computer ပေါ်မှာ Plants Vs Zombies အနေနဲ့ဘဲ နာမည်ကြီးခဲ့တာပါ။ 

° ဆက်ထွက်လာတဲ့ Plants Vs Zombies 2 မှာတော့ Mobile Only အနေနဲ့သာ ထွက်ရှိခဲ့ပြီး Android နဲ့ iOS User တွေဘဲ ကစားခွင့်ရခဲ့တာပါ။ ပထမဂိမ်းလောက် နာမည်မကြီးဘူးလို့ထင်ရပေမယ့် တကယ် ဆက်ထွက်လာတဲ့ အခု 2 က Features အသစ်တွေကို Over ဖြစ်တဲ့ထိ အရမ်းကို များတာပါ။ ဇာတ်လမ်းကစ အရင် ပထမဂိမ်း ရဲ့ အဆက်အနေနဲ့ဘဲ ထုတ်ပေးထားပြီး အချိန်ခရီးသွားတာတွေကစ ကျယ်ပြန့်လာတာကြောင့် PvZ ကို သဘောကျတဲ့သူဆိုရင် အရမ်းမိုက်လို့ ဆော့ကို ဆော့ကြည့်သင့်ပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game ရဲ့ Story ကို အရင် ပထမဂိမ်းမှာ ပြီးသွားတဲ့ နေရာကနေဘဲ ဆက်ပေးထားတာပါ။ Dr.Zomboss ကို အိမ်ခေါင်မိုးပေါ်မှာ အနိုင်ရသွားပြီးနောက်ပိုင်း Hot Sauce လေးတစ်ခုကို Rewards အနေနဲ့ ရခဲ့ပါတယ်။ အဲဒါကို Crazy Dave က Taco မုန့်နဲ့ ရောစားခဲ့ပြီး အရမ်းကောင်းလွန်းလို့ ထပ်ပြီး စားချင်တယ်ပြောတော့ သူ့ရဲ့ Supercar ဖြစ်တဲ့ Penny လေးက ချက်ချင်းဆိုသလို Time Travel လုပ်ပစ်လိုက်တာပါ။ ဖြစ်ချင်တော့ ခဏလေး နောက်ပြန်ဆုတ်တာမျိုးမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်း 4500 က Egypt ခေတ်အထိကို အချိန်ခရီးသွားခဲ့မိတာကြောင့် Journey အသစ်ဟာ အခု Plants Vs Zombies 2 မှာဘဲ အသစ်စတင်ခဲ့တာပါ။ 
ထူးခြားတာထက် ပါဝင်တဲ့ Feature တွေကတော့ အရမ်းကို များပါတယ်။ Size လည်း အရင်ဂိမ်းကနဲ့ အများကြီးကို ကွာသွားပြီး Time Travel ကို ဦးစားပေးထားတာကြောင့် Egypt ခေတ်ကနေ ၊ ပင်လယ်ဓားပြခေတ်တွေထိ ခေတ်ပေါင်းစုံကို ဖြတ်သန်းရတော့မှာပါ။ အဲလို ခေတ်တွေအများကြီးထိ ပြန်ရောက်သွားတော့ သေချာပေါက် အပင်မျိုးစိတ်တွေဟာလည်း အရမ်းကို များလာပါတယ်။ စုစုပေါင်း အပင်မျိုးစိတ် 176 ခုထိ ပါဝင်လာပြီး ခေတ်အလိုက် တစ်ချို့ အပင်မျိုးစိတ်တွေကတော့ Mission အောင်ရုံနဲ့ အလကားရမှာပါ။ အဲဒီထဲက အနည်းစုကဘဲ သီးသန့် Diamond နဲ့ Real Money အနေနဲ့ ပေးဝယ်ရမှာပါ။ အပင်တွေလည်း များလာသလို Zombie တွေဟာလည်း ခေတ်အလိုက် အမျိုးစားတွေ ကွဲသွားမှာဖြစ်တာကြောင့် သေချာပေါက် 200 ကျော် 300 ဝန်းကျင်ထိ တွေ့မြင်ရမှာပါ။ 
ခေတ်တွေလည်း မတူသလို Location တွေပါ အကျယ်ချဲ့ထားတာကြောင့် Environment ကတော့ စုံနေအောင်ကို တွေ့ကြုံရမှာပါ။ အပင်တွေကို မြေဩဇာကျွေးပြီးတော့ Powerful ဖြစ်အောင်လုပ်လို့ရသလို Ability တွေအနေနဲ့ နှင်းခဲတွေ၊ မိုးကြိုးပစ်တာတွေထိ Magic ပိုင်းဆိုင်ရာတွေမှာပါ အသုံးပြုလို့ရလာတာပါ။ Time Travel လုပ်ဖို့ရာတွက် တစ်နေရာနဲ့ တစ်နေရာ ခုန်ကူးဖို့ သော့တွေလိုအပ်မှာဖြစ်ပြီး Difficult ကလည်း ခေတ်အလိုက် ပိုပိုပြီး ခက်ခဲလာမှာပါ။ ထုံးစံအတိုင်း Extra Gameplay Mode တွေပါ အမျိုးမျိုး ပါဝင်လာပြီး အရင်ကလို အိုးခွဲတာတွေတင်မကဘဲ Pirate အမြှောက်ပစ်တာတွေလိုမျိုး နောက်ထပ် အများကြီးကို ထည့်ပေးထားတာပါ။ ရလာတဲ့ အပင်တွေကို Upgrade လုပ်လို့ရပြီး လိုအပ်တဲ့ Resources တွေကိုတော့ Gacha ပုံစံနဲ့ Package တွေကို ဖောက်ပေးရမှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

မင်မင်လည်း အမှန်တိုင်းပြောရရင် PvZ 2 ကို အရင်က သိပ်မဆော့ဖြစ်ခဲ့ဘူး။ ဘာလို့ဆို ဒီဇိုင်းတွေက အများကြီး ပြောင်းသွားတော့ ဘယ်ဟာက ဘာမှန်းမသိတာနဲ့ ပျင်းပြီး မဆော့ဘဲ ပစ်ထားခဲ့မိတာ။ အခု Fan တွေကလဲ PvZ 2 လေး တင်ပေးပါဆိုပြီး လာပြောကျတာများတော့ ကောက်ဆော့ရင်းကနေ အခုလို ရေးဖြစ်သွားတာပါ။ တကယ်ဆော့ကြည့်တော့ မဆိုးပါဘူး အပေါ်မှာပြောခဲ့သလို အပင်သစ်တွေ အများကြီး ပါလာတော့ ဆော့ရတာ အားရစရာကောင်းတာပေါ့။ 

PvZ 2 က Mod version ဆိုရင် ဒီ Playstore က မ Down ထားတဲ့သူတွေက Error ပြပါတယ်။ အဲကြတော့ Playstore မရှိတဲ့သူတွေက ဂွကျတာပေါ့။ အဲဒါကြောင့် မင်မင်ကိုယ်တိုင် ဆော့လို့အဆင်ပြေမယ့် Version ကို သေချာရွေးပြီး တင်ပေးထားတာပါ။ အခု မင်မင်တင်ပေးထားတာက Mod version ဆိုတော့ Original အတိုင်း ကစားချင်တဲ့သူတွေက Playstore or Apple Store မှာ သွားပြီး Download လုပ်ကြပါ။ 
အဲလိုမှ မဟုတ်ဘဲ Diamond ပေးဝယ်ရတဲ့ အပင်သစ်တွေကို အားရပါးရသုံးချင်ရင်တော့ Mod version က အကောင်းဆုံးပါဘဲ။ Coins ကော Diamond တွေပါ Unlimited လုပ်ပေးထားပြီး Sun Energy ကစ Full ဖြည့်ပေးထားတာပါ။ နေကြာပန်းစိုက်စရာ မလိုလောက်အောင်ကို ကြမ်းလို့ရတယ်။ အထူးသဖြင့် Chapter မြန်မြန် ပြီးချင်ရင် Mod version ဆော့ဖို့ရာ အကြံပေးတယ်။ 

ပြီးတော့ အခု မင်မင်တင်ထားတာက စစဝင်ချင်းမှာ Download Resources Not Found ဆိုတဲ့ Error လည်း ကင်းပါတယ်။ Playstore ကနေပြန်ပြီး Download ဆွဲစရာမလိုဘဲ ဖိုင်ဖြည် Install တင် Internet ပိတ်ပြီး တန်းဝင်ကစားရုံပါ။ 

Game Information

Android version 5 . 0 +
Developer Electronic Arts
Network Offline
Price Free
App version 8.8.1
Update 2022
Platform Android / iOS

⭐ ( HELLO Rating = 8.6 / 10 ) ⭐

( Apk+Obb )Zip ဖိုင်မလို့ Install မတင်တတ်ရင် Download Link Table အောက်က " Game Install တင်နည်း" ဆိုတဲ့ စာတန်းလေးကို နိပ်ပြီး Tutorial ကြည့်လို့ရပါတယ် ။


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project