Lost Chronicles

° ဒီတစ်ခါ အသစ်စက်စက်ထွက်လာတဲ့ ဂိမ်းလေးကတော့ အားလုံးသိပြီးသား Developer ဖြစ်တဲ့ FIVE-BN GAMES ကနေ ဖန်တီးပေးထားတာဖြစ်ပြီး Hidden Objects အမျိုးစားလေးမလို့ Puzzle Adventure သမားတွေအတွက် အကြိုက်ဖြစ်စေမှာပါ။ Leonor ဆိုတဲ့ အလုပ်သင် မှော်ဆရာမလေးတစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး ပညာဆည်းပူးဖို့အတွက် local elder ကြီးရှိတဲ့ Forest Hill ဆီကို သွားရောက်ရင်းကနေ ဆန်းကြယ်တဲ့ ဖြစ်ရပ်တစ်ခုကြောင့် ပညာသင်ထက် လက်တွေ့ပါ ဝင်ရောက်အဖြေရှာပေးရမှာပါ ။ တကယ် စိတ်ဝင်စားစရာကောင်းတဲ့ Fantasy ဇာတ်လမ်းလေးမလို့ မှော်အတတ်နဲ့ စုန်းအတတ် ဘယ်ဟာက ပိုအင်အားကြီးလဲဆိုတာ သိချင်ရင် ကိုယ်တိုင်ဘဲ ကစားကြည့်တော့နော်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က Hidden Objects ပုံစံ အမျိုးစားလေးမလို့ Puzzle တွေ Mini Game တွေ အများကြီးကို ပါဝင်မှာပါ။ ဒီလို ဂိမ်းမျိုးတွေက Puzzle ဖန်တီး‌တဲ့နေရာမှာ အရမ်းကို Unique ဖြစ်ပြီး Graphic Art Design တွေကစ တကယ် လက်ရာမြောက်ပါတယ်။ အထူးသဖြင့် FIVE-BN ရဲ့ နောက်ဆုံးထွက် ဂိမ်းတစ်ခုမလို့ အရင်ကထက် ပိုကောင်းတဲ့ Visual Quality တွေကိုပါ တဝကြီးခံစားရမှာပါ။ 
ဒီလို Hidden Objects Game တွေက ပုံမှန်ဆိုရင် Paid Game အ‌နေနဲ့သာ ထုတ်ပေးတတ်ကြပေမယ့် Mobile ဘက်မှာတော့ ပုံစံအသစ် စပြောင်းသွားတာကို အတော်များများလည်း သိထားကြမှာပါ။ ဘာလဲဆိုရင် microtransaction စနစ်နဲ့ ဖန်တီးပေးထားတာမလို့ Game ကို Free To Play ကစားနိုင်ပေမယ့် Hints တွေ ၊ Puzzle Skip တွေ ၊Collectibles items တွေကို Diamond Currency နဲ့ဝယ်မှ ရမှာဖြစ်ပြီး Diamond Recharge အတွက်ပါ အပြင်က ဒေါ်လာပိုက်ဆံနဲ့ ပေးဝယ်ရမယ့် ပုံစံမျိုး လုပ်ပေးထားတာပါ။ အနည်းဆုံးတော့ ဦးနှောက်မစားချင်တဲ့သူတွေအတွက် Pay To Pass သဘောမျိုးဖြစ်သွားတာပေါ့။ 
ဒီတော့ ဂိမ်းရဲ့ ဇာတ်လမ်းလေးအကြောင်းကို ပြည့်ပြည့်စုံစုံပြောရရင် ဒီ Forest Hill ဆီမှာ ကောင်လေးတစ်ယောက် ပျောက်ဆုံးသွားတာနဲ့ ပတ်သတ်ပြီး စတင်ခဲ့တာပါ။ လှေနဲ့ ငါးမြှားထွက်ရင်း ခြေရာလက်ရာမကျန် လုံးလုံး ပျောက်ဆုံးသွားတာကြောင့် ဒေသခံတွေဟာလည်း အံ့ဩနေခဲ့ရပြီး မြို့ရဲ့ ပညာရှိ Alchemist ကြီးပေါ်ဘဲ ဒီကိစ္စက ဦးတည်နေခဲ့တာပါ။ Alchemist ကြီးက စုန်းမတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပြီး အဲဒီလို ကိစ္စတွေဖြစ်နေချိန်မှာဘဲ Leonor ဆိုတဲ့ သင်က ပညာသင်အတွက် Forest Hill ကို ရောက်ရှိလာခဲ့တာပါ။ ဟိုလည်းရောက်ရော ဒီကလေးပျောက်ဆုံးမှုနဲ့ ပတ်သတ်ပြီး Alchemist ကြီးက အလုပ်ရှုပ်နေတာဆိုတော့ ပညာသင်ပေးဖို့ အချိန်မရှိတာနဲ့အတူတူ သင့်ကိုပါ ဒီ ပျောက်ဆုံးမှုနဲ့ ပတ်သတ်ပြီး လက်တွေ့ကွင်းဆင်းဖို့ရာအတွက် အခွင့်‌ရေးပေးခဲ့ပါတယ်။ ဒီတော့ Leonor တစ်ယောက် ဘာတွေရင်ဆိုင်ရမလဲဆိုတာ‌ကိုတော့ သင်ကိုယ်တိုင်ဆော့ကြည့်မှဘဲ သိနိုင်တော့မယ့် ဂိမ်းကောင်းလေးတစ်ခုပါ။ 

Game Information

Android version 5 . 0 +
Developer FIVE-BN Games
Network Offline
Price Free
App version 1.0.1
Release date Nov 17, 2022
Platform Android 

⭐ ( HELLO Rating = 7.8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Ex Astris