Wreckfest Mobile

° ဒီတစ်ခါ ထွက်လာတဲ့ Game သစ်ကြီးကတော့ PC နဲ့ Consoles ဆင်းသက်လာတဲ့ Racing ဂိမ်းကောင်းကြီးတစ်ခုဖြစ်ပြီး Mobile Version အနေနဲ့တောင် Quality ပိုင်းမှာ လုံးဝကို အားရစရာကောင်းတာပါ။ Graphic , Gameplay အကုန် Perfect ဖြစ်တဲ့အပြင် Destruction Game မလို့ Physics အပိုင်းတွေကစ Mobile မှာ ဘယ်ဂိမ်းမှ လာမယှဉ်နိုင်လောက်အောင် ‌အရမ်းမိုက်တာပါ။ Mobile မှာ Console Quality ရှိတဲ့ Racing Game ကောင်းတွေ အတော်များများရှိပေမယ့် ဒီတစ်ခုကတော့ Unique ဖြစ်တဲ့အပြင် အရမ်းကို ပျော်စရာကောင်းတဲ့ Gameplay Mode တွေ ပါဝင်ပါတယ်။ Mobile ရဲ့ Hardware Limit ကိုတောင် Optimization ကောင်းကောင်းနဲ့ စွမ်းဆောင်နိုင်အောင် ဖန်တီးပေးထားတာမလို့ Racing Fan တွေ လုံးဝကို လက်မလွတ်သင့်တဲ့ ဂိမ်းတစ်ခုပါ။ တကယ်ကို High Quality ဂိမ်းတစ်ခုမလို့ Requirements လည်း အတော်လိုအပ်ပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Game က PC ကော Consoles ပေါ်တွေမှာပါ Rating ကောင်းတွေ ရရှိထားတဲ့အပြင် Mobile မှာ စစထွက်ခြင်းကတည်းက Positive Review တွေ အတော်များများကို ရရှိထားတာပါ။ အထူးသဖြင့် ဒီ Graphic နဲ့ Gameplay ပိုင်းတွေကို Mobile version အနေနဲ့တောင် Quality ထိန်းထားနိုင်တာမလို့ အရမ်းကို ကျေနပ်စရာကောင်းတာပါ။ 
ဒီဂိမ်းမှာဆို‌ရင် ကစားနိုင်တဲ့ အမျိုးစားတွေက အတော်ကို စုံပါတယ်။ Career Mode မှာဆိုရင် Championship တွေထိပါ ဝင်ပြိုင်လို့ရပြီး Challenge ပေါင်းစုံနဲ့ Gameplay Experience အစုံကို ရရှိမှာပါ။ Racing ကိုမှ No Rules ပုံစံ ဖန်တီးပေးထားတာကြောင့် ဘေးကနေ ကျော်တက်မောင်းတာဖြစ်ဖြစ် ၊ ဖြတ်လမ်းကနေ လိုက်တာဖြစ်ဖြစ် အကုန် စိတ်ကြိုက်မောင်းလို့ရပါတယ်။ တစ်ခုရှိတာက Physics Detail အရမ်းကောင်းတာကြောင့် အရှိန်လွန်တာတွေ ၊ ထိခိုက်တာတွေက အပြင်ကအတိုင်းကို Realistic ဆန်ဆန်နဲ့ ပိန့်ရှုတာတွေထိ မြင်တွေ့ရမယ့်အပြင် အရေးကြီးတဲ့ အစိတ်ပိုင်း‌တွေ ထိခိုက်သွားရင်လည်း ကားက ဆက်မောင်းဖို့ ခက်သွားတဲ့ထိ ကြုံတွေ့ရမှာပါ။ အဲအတွက်လည်း Normal ကနေ Extreme Realistic အထိ Damage Detail ကို Option ရွေးချယ်လို့ရအောင် အသေးစိတ်ထည့်ပေးထားပါတယ်။Racing ကိုမှ Round အရေတွက်လိုက် ပြိုင်ရတာတွေတင်မကဘဲ Demolition Derby ပုံစံနဲ့ Battle Mode တွေကိုပါ ကစားလို့ရသေးတာပါ။ 
Demolition Mode တွေမှာ အသင်းနဲ့ ကစားရတာတွေရှိသလို Solo အနေနဲ့ တစ်ယောက်တည်း ရုန်းရတာတွေလည်း ပါဝင်ပါတယ်။ ပြိုင်ဘက်အသင်းကို ကားတစ်စီးလုံး မောင်းမရအောင်ထိ ဖျက်ဆီးရမှာဖြစ်တာကြောင့် ကွင်းတစ်ကွင်းလုံးမှာ အပျက်ဆီးအပိုင်းစတွေကစ သဘာဝကျကျနဲ့ ပြန့်ကျဲနေအောင်ထိ အသေးစိတ်တွေ့မြင်ရမှာပါ။ ကားပေါ်မူတည်ပြီး ထိခိုက်မှုတွေက မတူကြတာကြောင့် ပြိုင်ပွဲအတွက် လိုအပ်တဲ့ ကားအမျိုးစားကိုပါ သေချာရွေးချယ်တတ်ဖို့လိုအပ်ပါတယ်။ 
ကားနဲ့ပတ်သတ်ပြီးလည်း Classic နဲ့ Modern ကား ဒီဇိုင်းတွေကစ တခြား ဂိမ်းတွေမှာ မတွေ့နိုင်တဲ့ ပုံစံမျိုးတွေကို အမြောက်အများ မြင်တွေ့ခွင့်ရမှာပါ။ Light ဖြစ်တဲ့ ကားတွေကနေ Heavy ကားတွေထိပါ ပါဝင်ပြီး ဒီဇိုင်းပိုင်းမှာကစ Old American Heavy-hitters ကနေ Agile Europeans တွေထိ Asians ကားတွေကိုပါ စုံနေအောင် မြင်တွေ့ရမှာပါ။တကယ်ကို ဒီဇိုင်းစုံနေအောင် ပါဝင်တာကြောင့် ရွေးချယ်စရာ အရမ်းများပါတယ်။ ကားနဲ့ပတ်သတ်တဲ့ Upgrade ၊ Paint ၊ Tune ထိန်းညှိတာတွေထိပါ Customize အစုံထည့်ပေးထားတာမလို့ ကား Engine Performance တွေနဲ့အတူ Air filters ၊ Camshafts ကနေ Fuel systems တွေထိ ပြိုင်ပွဲမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးရမှာပါ။ 
Custom Mode တွေပါ ထည့်ပေးထားတာမလို့ Map အများကြီးကို စိတ်ကြိုက် မောင်းနှင်လို့ရမယ့်အပြင် Playground လို Map အကြီးစားတွေထိ အကုန်ပါဝင်ပါတယ်။ ရာသီဥတုကနေ Game Match Option တွေထိ အကုန် စိတ်ကြိုက်ပြင်ဆင်လို့ရတဲ့အပြင် DLC အနေနဲ့ Additional Car ဒီဇိုင်းတွေကိုပါ စုံနေအောင် မြင်တွေ့ရမယ့် ဂိမ်းတစ်ခုပါ။ Graphic အပိုင်းမှာတော့ Mobile အတွက် တကယ်ကို အားရစရာကောင်းတာကြောင့် Lighting တွေ Sun Reflection တွေအပြင် Car Body တွေကစ Realistic ဖြစ်နေအောင် သေချာဖန်တီးပေးထားတာပါ။ Map ထဲမှာ ပါတဲ့ Object အများစုဟာ Solid တွေမဟုတ်တာကြောင့် ဆိုင်းဘုတ်တွေ ဝင်တိုက်တာဖြစ်ဖြစ် ၊ တာယာအတားဆီးတွေ ဝင်တိုက်တာဖြစ်ဖြစ် အကုန် ပြိုကျ ပျက်ဆီးသွားမှာပါ။ Realistic Physics ကို အသုံးပြုထားတာကြောင့် ကစားရင်းနဲ့ကို ကိုယ်တိုင် ခံစားနေရမယ့် အကောင်းစား Racing   ဂိမ်းတစ်ခုပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Game က အရမ်းကောင်းလွန်းနေတော့ ကိုယ့်ဖုန်းတောင် အဆင်ပြေပြေ ဆော့ရပါ့မလားလို့ ဆုတောင်းနေရတယ်။ တကယ် Graphic ပိုင်းထက် Destruction Physics တွေက လုံးဝကို Mobile ဂိမ်းတစ်ခုအနေနဲ့ အရမ်းမိုက်တာပါ။ Console ဂိမ်းတစ်ခုကို ဖုန်းထဲမှာ ဆော့နေရသလိုထိ ခံစားရတာကြောင့် Admin ကတော့ လုံးဝကို သဘောကျတယ်။ ဒီနှစ်ထဲမှာ Consoles , PC ကနေ ဆင်းလာတဲ့ ဂိမ်းတွေ အတော်များများ ရှိပေမယ့် တကယ် သဘောကျစရာကောင်းတာဆိုလို့ လက်ချိုးရည်လို့ရပါတယ်။ ဒီတစ်ခုကတော့ သဘောကျတဲ့ထဲမှာ ပါဝင်ပြီး Mid Phone တွေထိ အဆင်ပြေပြေဖြစ်အောင် ထုတ်ပေးထားတာပါ။ Gameplay Mode တွေထဲမှာ ကားအသေးတွေနဲ့ တိုက်ကားပြိုင်ရတာတွေဆိုရင် တကယ်အရမ်းမိုက်တာ။ နောက်ပြီး Demolition Derby အနေနဲ့လည်း ကားတိုက်တာ၊ မှောက်တာတွေက အပြင်မှာ ကိုယ်မလုပ်နိုင်တဲ့ အရာတွေမလို့ အခု ဂိမ်းထဲမှာတင် သဘာဝကျကျနဲ့ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းလဲဆိုတာကို ကစားကြည့်လို့ရပါတယ်။ First Person View နဲ့ မောင်းရင် အရမ်းမိုက်တယ်။
Graphics မှာလည်း Mobile တွက် Next Level မှီတယ်၊ Gameplay ကလည်း Fun Mode တွေနဲ့ Unique ဖြစ်တယ်၊ 
နောက် Physics ပိုင်းတွေကစ အပြင်မှာ ထိခိုက်သလိုမျိုးတွေထိ Realistic ကျကျ Detail မြင်တွေ့ရမှာဆိုတော့ Racing Fan တွေတွက် လုံးဝကို လက်မလွတ်သင့်တာနော်။Official သမားဆိုရင် Multiplayer Mode နဲ့ပါ သူငယ်ချင်းတွေနဲ့ ကစားလို့ရသေးတယ်။ 

Game Information

Android version 9 . 0 +
Developer HandyGames
Network Offline
Price 9.99 $
App version 1.0.58
Release date Nov 15, 2022
Platform Android / iOS / PC / Consoles

[ - Game က $ 9.99 တန် Paid Game တစ်ခုဖြစ်တဲ့အပြင် DLC တွေအတွက်ပါ Full Unlock လုပ်ပေးထားပါတယ်။ အဲဒါကြောင့် DLC အတွက်ပါ Install တင်နည်းကို သေချာကြည့်ပေးကြပါ - ] 

⭐ ( HELLO Rating = 8.9 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Viva Project 2

Ex Astris