Principles ( DEMO )

° ဒီနေ့ Demo အနေနဲ့ ထွက်လာတဲ့ Game အသစ်ကို Mobile Game တစ်ခုပါလို့ ပြောရင်တောင် ယုံချင်မှ ယုံကြမှာပါ။ တစ်နှစ်ထက် တစ်နှစ် Mobile Game တွေဟာ မြန်မြန်ဆန်ဆန် Evolve ဖြစ်လာတယ်ဆိုတာကို ဒီ ဂိမ်းက 2023 ရဲ့ တာထွက်အနေနဲ့ သက်သေပြနေတာဖြစ်ပြီး Japan Company တစ်ခုဖြစ်တဲ့ COLOPL ရဲ့ Creator တွေ ကိုယ်တိုင် လက်စွမ်းထုတ်ပြထားတဲ့ ဂိမ်းတစ်ခုပါ။
° Creator တွေ ကိုယ်တိုင်ကိုက Smartphones တွေရဲ့ Limits ကို စိန်ခေါ်ပြီး ဖန်တီးထားတာမလို့ ကိုယ့်ရဲ့ ဖုန်း ဘယ်လောက်ထိ ထိန်းထားနိုင်မလဲဆိုတာကို စမ်းကြည့်လို့ရပါတယ်။ High-Definition Graphics ကိုမှ Triple A Quality နီးပါးထိ ပြင်ဆင်ထားတာမလို့ Low Graphic မှာတောင် Visual Effect တွေကို လျော့ပေးမထားတဲ့ထိ Quality ကို ထိန်းထားတာပါ။ Lighting တွေ ၊ Reflection အပိုင်းတွေအပြင် အသံပိုင်းမှာကစ ခြေသံတွေ ၊ အဝတ်စားရုန်းသံတွေထိ အသေးစိတ်ကျတဲ့အပြင် အသံနိမ့်နိမ့်လေးကနေ ပဲ့တင်ထပ်သံတွေအထိ 3D Sounds အပိုင်းကို Realism ဖြစ်အောင် သုံးပေးထားတာပါ။ 
° ဒါတွေတင်မကဘဲ နောက်ထပ် destruction အပိုင်းမှာပါ real-time physics calculation ကို အသုံးပြုပေးထားတာမလို့ ပျက်စီးမှုအပိုင်းတွေမှာ Particles Effects တွေနဲ့ ကြည့်လို့ကောင်းတဲ့အပြင် မြေအနိမ့်မြင့်ပေါ်မူတည်ပြီး ခြေထောက် ထောက်တာတွေကစ သဘာဝကျတာကို မြင်တွေ့ရမှာပါ။ ဆိုတော့ ဒီလောက်ထိ Game က အများကြီး အသေးစိတ်ပြင်ဆင်ထားတာဆိုတော့ Setting ပိုင်းမှာ Mobile အတွက် တကယ်အဆင်ပြေရဲ့လားဆိုရင် တော်တော်လေး ကျေနပ်မိတယ်လို့ပြောရမှာပါ။ 
° Graphic Setting အပိုင်းမှာ Options အတော်များများကို ထည့်ပေးထားပြီး Quality ပိုင်းအပြင် တခြား Resolution တွေ ၊ Physics အပိုင်းတွေကစ ထိန်းချုပ်ခွင့်ပေးထားတာပါ။ အဲ့ဒါကြောင့် ကိုယ်ဖုန်းနဲ့ လိုသလို ချိန်ကစားလို့ရတာက အတော်လေးအဆင်ပြေတယ်လို့ ပြောရမှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Game က လောလောဆယ် DEMO အနေနဲ့ ထုတ်ပေးထားတာဖြစ်ပြီး Teaser အနေနဲ့တောင် Video Trailer တွေကို ချပြတာမဟုတ်ဘဲ လက်တွေ Players တွေ လက်ထဲကို တိုက်ရိုက် စမ်းသပ်ခွင့်ပေးထားတာပါ။ အဲ့ဒါကြောင့် ကိုယ့်ဖုန်းနဲ့ အဆင်ပြေမပြေဆိုတာ တကယ်စမ်းကြည့်သင့်ပြီး ဘာကြောင့် မင်မင်က တိုက်တွန်းလဲဆိုရင် ဒီဂိမ်းက Optimization အပိုင်းမှာလည်း ဒီလို Graphic မျိုးကို ဆိုးဆိုးဝါးဝါးမဖြစ်အောင် အတော်လေးထိန်းထားနိုင်လို့ သဘောကျမိတာပါ။ 
ဒီဂိမ်းက Short Adventure ဖြစ်မယ်လို့ ပြောထားပြီး Official ကျရင်တော့ Playtime ဘယ်လောက်ထိ ရှိမယ်ဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။ နောက်ပြီး Free To Play လား ၊ Paid Game လားဆိုတာ မသိရသေးပေမယ့် ဒီ Company က ထုတ်တဲ့ ဂိမ်းအများစုက FTP တွေ များပါတယ်။ ဒါ့မှမဟုတ် DLC အနေနဲ့ ပါဝင်မလားဆိုတာကိုတော့ ထွက်မှဘဲ သိရမှာပါ။ 
Adventure လို့ပြောထားတာမလို့ ဒီဂိမ်းက အနီးစပ်ဆုံး Tomb Raider တို့ ၊ Uncharted တို့လို Vibe မျိုးကို ရရှိနိုင်တဲ့ ဂိမ်းမျိုးပါ။ Action အပိုင်းကတော့ မသိ‌ရသေးပေမယ့် လောလောဆယ်တော့ Fighting တွေပါဝင်သေးတာမဟုတ်ဘဲ Tech အပိုင်းနဲ့ Jungle Cave ထဲမှာ စွန့်စားရမယ့် ပုံစံမျိုး ကစားရမှာပါ။ 
သဘောကျစရာကောင်းတာက Screen မှာ Button တွေ ရှုပ်နေအောင် လုပ်ထားတာမဟုတ်ဘဲ လိုအပ်တဲ့ နေရာကျမှသာ သူ့ဘာသူ Action Button လေးတွေ ပေါ်လာတာက တကယ်မိုက်ပါတယ်။ Game Environment ကိုလည်း အပြည့်ဝ မြင်ရတဲ့အပြင် Controller တွေ Support လုပ်တယ် မလုပ်ဆိုတာကတော့ မသိရသေးပါဘူး။ 
ဒီလို Mobile Players တွေ ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခုကို မထင်မှတ်ဘဲ ထုတ်ပြထားတာမလို့ မင်မင်ကတော့ အများကြီး မျှော်လင့်ထားပါတယ်။

Game Information

Android version 9 . 0 +
Developer Colop
Network Offline
Price Free
App version 1.0
Release date Demo
Platform Android / iOS

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Ex Astris

Terra Nil