Static Shift Racing

° ဒီနေ့ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ 2023 ရဲ့ ပထမဆုံး Racing ဂိမ်းလေးဖြစ်ပြီး Official အနေနဲ့ ထွက်ရှိလာခဲ့တာပါ။ အထူးသဖြင့် Open World Crazy သမားတွေအတွက် NFS Underground Vibe မျိုးကို ပေးစွမ်းနိုင်တဲ့ ဂိမ်းကောင်းတစ်ခုဖြစ်တဲ့အပြင် 80s , 90s ခုနှစ်က Legendary Classic ကားတွေကြီးဘဲ ရွေးချယ်ပေးထားတာကြောင့် Modern ကားတွေနဲ့မတူဘဲ ခေတ်ဟောင်းအရသာကို တစ်ဝကြီးပေးနိုင်မယ့် ဂိမ်းကောင်းတစ်ခုပါ။ Graphic အပိုင်းမှာလည်း Fresh ဖြစ်တဲ့ Mobile ရဲ့ Next Quality အပိုင်းကို Optimization ကောင်းကောင်းနဲ့ ထုတ်ပြထားတာမလို့ Racing Fan တွေအတွက် စမ်းကိုစမ်းကြည့်သင့်တဲ့ ဂိမ်းတစ်ခုလို့ အကြံပေးပါတယ်။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းက Mobile မှာ CarX Street နာမည်ကြီးပြီး သိပ်မကြာခင်မှာဘဲ Leak ဖြစ်လာတဲ့ ဂိမ်းတစ်ခုပါ။ Teaser Trailer မှာကတည်းက CarX Street ကို ယှဉ်ဖိုက်နိုင်တဲ့ထိ Map အပိုင်းက အားရစရာကောင်းတဲ့အပြင် အခုလို မြန်မြန်ဆန်ဆန် Official ထွက်ရှိလာမယ်လို့တောင် မထင်ထားမိခဲ့တာပါ။ ပြောရရင် ဒီ Game က CarX Street နဲ့ သွားယှဉ်လို့မရပေမယ့် သူ့ဟာနဲ့သူတော့ အတော်လေး ကောင်းမွန်တဲ့ ဂိမ်းတစ်ခုလို့ ပြောရမှာပါ။ 
CarX Street ကနေ Open World Racing တွေ ထုတ်ပြပြီး သိပ်မကြာခင်မှာဘဲ Mobile မှာ ထွက်ရှိလာတဲ့ ကားဂိမ်းအသစ်တွေရဲ့ အများစုက တဖြည်းဖြည်း Open World Type တွေ များပြားလာတာပါ။ တစ်ချို့ဆိုရင် Graphic အမြင့်ကြီးတွေနဲ့တောင် ထွက်ရှိလာကြပြီး ဒီဂိမ်းကလည်း Graphic အမြင့်ပိုင်းထဲက ဂိမ်းတစ်ခုလို့ ဆိုရမှာပါ။ အထူးသဖြင့် သူ့ရဲ့ Graphic Effect, Visual Effect တွေအပြင် Map Detail အပိုင်းကပါ CarX Street လိုမျိုး သေသပ်တာကြောင့် တကယ် အားရစရာကောင်းပါတယ်။ 
ကွဲသွားတာကတော့ ဒီဂိမ်းက Modern ကားတွေကို အသုံးမပြုဘဲ သူ့ရဲ့ သီးခြား Role တစ်ခုအနေနဲ့ Classic Car တွေကြီးဘဲ အသုံးပြုပေးသွားတာပါ။ Open World ကိုမှ ခေတ်ဟောင်းက ရေပန်းစားခဲ့တဲ့ ကားတွေနဲ့ ပြိုင်ရမှာဆိုတော့ Players တွေအနေနဲ့လည်း နောက်‌ထပ်ရွေးချယ်စရာပုံစံမျိုး တစ်ခုဖြစ်အောင်လုပ်ပေးထားတာပါ။ ဒီဂိမ်းရဲ့ ပုံစံက Map ထဲက Mission တွေကို တစ်သုပ်ပြီးတစ်သုပ် အကုန်ပြီးအောင်လုပ်ပြီးတော့မှ Car အသစ်တွေ ၊ Upgrade အသစ်တွေနဲ့ ကား Body ပစ္စည်းအသစ်တွေကို ရရှိနိုင်မယ့် ပုံစံမျိုး ဖန်တီးထားတာပါ။ Painting အပိုင်းနဲ့ ကားအပြင်အဆင်ကတော့ အတော်လေးစုံအောင် ထည့်ပေးထားပါတယ်။ ကစားလို့ရမှာတွေက Check Point တွေ ၊ Racing တွေ ၊ Drift အပိုင်းတွေက အဓိက ပါဝင်မှာဖြစ်ပြီး မြို့တစ်ခုလုံးကိုပါ စိတ်ကြိုက် လျှောက်ပတ်လို့ရပါသေးတယ်။
အားနည်းချက်အနေနဲ့ မပြောချင်ပေမယ့် ဒီဂိမ်းမှာ အားမရစေမယ့် အပိုင်းလေးတွေတော့ တစ်ချို့ Player တွေအတွက် ရှိကောင်းရှိနိုင်ပါတယ်။ ဘာလဲဆိုရင်တော့ ဒီဂိမ်းက Map အပြင်ဆင် ၊ Graphic အကုန်လုံး သဘောကျစရာကောင်းပေမယ့် မြို့တစ်ခုလုံးက Dead City ပုံစံမျိုးဖြစ်နေတာပါ။ ပြောရရင် တခြား ကားတွေ တစ်စီးမှ ရှိမနေဘူးပေါ့။ နောက်ပြီး Map အပြင်ဆင်က ကောင်းတယ်ဆိုပေမယ့် Map Size က တအားကြီး မကျယ်ပါဘူး။ ဒါကလည်း သူ့ Size နဲ့ သူ့ Quality ကို ထိန်းထားနိုင်တာမလို့ မဆိုးဘူးလို့ပြောရမှာပါ။ နောက်ပြီး Map ထဲမှာ တခြားကားတွေကို ထည့်ပေးမထားဘူးဆိုတာကလည်း နည်းနည်းတော့ အားမရပေမယ့် ဒီ Developer ရဲ့ ရည်ရွယ်ချက်ကြောင့်လို့ မင်မင်ကတော့ မြင်မိတယ်။ 
ဒီဂိမ်းက ဖုန်းအကုန်လုံးတွက်မဟုတ်ပေမယ့် အများစုနီးနီးကို Quality ကောင်းကောင်း ၊ Optimization ကောင်းကောင်းနဲ့ Run စေချင်လို့ အခုလို NPC ကားတွေကို ဖြုတ်ချထားခဲ့တယ်လို့မြင်မိတယ်။ Map ကလည်း တအားကြီး မကျယ်တော့ စက်ရုန်းနိုင်အောင်နဲ့ ဖုန်းမပူအောင် ထိန်းပေးထားနိုင်တာပါ။ နောက်ပြီး Underground Type ကို ယူထားတာမလို့ Day View ကတော့ ပါဝင်မှာမဟုတ်ဘဲ Night Only သီးသန့်နဲ့ဘဲ ကစားခွင့်ရမှာပါ။ အဲ့ဒီတော့ ဖုန်းကနေ တွက်ချက်ပေးရမယ့် မနက်ခင်းဘက်မှာ နေကနေ မြို့တစ်ခုလုံးကို ကျရောက်မယ့် Accurate ဖြစ်တဲ့ Real Time Shadow စနစ်တွေကို လုံးဝ ဖြုတ်ပစ်လို့ရပြီး Car Body နဲ့ Street အချို့မှာသာ Reflection ကို အားပြုပြီး Graphic ပိုင်းကောင်းအောင် အသုံးပြုပေးသွားတာပါ။ Lighting ပိုင်းကိုလည်း ဖုန်းအများစုနိုင်အောင်ထိ အသုံးပြု‌ပေးထားတာကြောင့် ဒီဂိမ်းက တကယ် အားလုံးနီးနီး ဆော့လို့အဆင်ပြေစေအောင် ထုတ်ပေးထားတယ်လို့တော့ မင်မင်ကတော့ မြင်မိတယ်။ ဆော့ရအဆင်ပြေပြီး ပေါ့ပေါ့ပါးပါးလည်း ဖြစ်တော့ Open World သမားတွေ လက်မလွတ်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Admin ကတော့ ဖြစ်နိုင်ရင် ဒီဂိမ်းကို Features အသစ်တွေ ဆက်ထည့်ပေးစေချင်တယ်။ ရဲလိုက်ဖမ်းတာတွေလိုမျိုးပါမယ်ဆိုရင် တကယ် ဂိမ်းကောင်းတစ်ခုဖြစ်မှာ သေချာတယ်။ အခုလည်း အဆင်ပြေတယ်ဆိုပေမယ့် လူဆော့များအောင် အသစ်ဆန်းတွေ ပိုထည့်ပေးသင့်တယ်လို့မြင်မိတယ်။ 
⚠️⚠️⚠️

In Game ကျရင် 336 MB လောက် Additional Files အဖြစ်နဲ့ ထပ်ပြီး Download ဆွဲရပါမယ်။ Account အနေနဲ့ Guest ပါ ဆော့ကစားလို့ရပြီး Register ပါ တစ်ခါတည်း ပြုလုပ်နိုင်ပါတယ်။ 

Game Information

Android version 8 . 0 +
Developer Timbo Jimbo
Network Online
Price Free
App version 54.2.1
Release date Jan 18, 2023
Platform Android / iOS

⭐ ( HELLO Rating = 8.2 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Ex Astris