Station 117
° ဒီတစ်ခါ Premium ဂိမ်းသစ်လေးကတော့ PC နဲ့ တစ်ပြိုင်တည်း ထွက်ရှိထားတဲ့ Puzzle
Adventure ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး ထူးထူးဆန်းဆန်းနဲ့ Mystery ဖြစ်တဲ့
ပုံစံမျိုးကို ကစားရမှာပါ။ မှော်ဆန်တဲ့ သဘာဝလွန်အဖြစ်ပျက်တွေနဲ့ မဟုတ်ဘဲ
ထူးခြားလွန်းတဲ့ သိပ္ပံနယ်ပယ်က ပဟေဠိတွေကို လိုက်လံ ဖော်ထုတ်ပေးရမယ့်
ဂိမ်းပုံစံမျိုးပါ။ အကုန်လုံး သိမှာမဟုတ်ပေမယ့် ရှေးရှေးတုန်းက ကမ္ဘာစစ်အတွင်းမှာ
ကွယ်ပျောက်သွားတဲ့ သိပ္ပံပညာရှင်တွေ အများကြီး ရှိခဲ့တယ်ဆိုတာကို
လူတော်တော်များများလည်း ကြားဖူးနားဝရှိကြပါလိမ့်မယ်။ အဲ့ဒီလိုမျိုးဘဲ
ဒီဂိမ်းကလည်း အတော်ဆုံး ပညာရှင်တွေဟာ ဘယ်မှန်းမသိတဲ့ ပင်လယ်ရေမျက်နှာပြင်အောက်က
Station တစ်ခုတည်းမှာတင် ပျောက်ဆုံးသွားခဲ့တာကြောင့် ဒါဟာ လုပ်ကြံဇာတ်လမ်းလား ၊
ဒဏ္ဍာရီလား ဒါမှမဟုတ် လူတွေ သိလို့မရတဲ့ သဘာဝရဲ့
နိယာမအဖြစ်ပျက်တစ်ခုကြောင့်လားဆိုတာကိုတော့ ဒီဂိမ်းထဲမှာဘဲ ကိုယ်တိုင်
အဖြေရှာကြည့်ရတော့မှာပါ။
ပြီးတော့ Based On True Story လို့ပြောထားတာကြောင့် အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့
နာမည်တွေ ၊ ဌာနတွေ ၊ အချိန်တွေကိုတော့ Classified Information အနေနဲ့ ပြောင်းလဲ
အသုံးပြုထားတယ်လို့ ဖော်ပြထားပါတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }
ဇာတ်လမ်းအရဆိုရင် ဒီဂိမ်းထဲမှာ ပါဝင်တဲ့ သင်က တစ်ချိန်တုန်းက ထူးထူးခြားခြား
အဖြစ်ပျက်တွေကို လုံးဝ မယုံကြည်တတ်တဲ့သူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ အိပ်ရာဝင်
ပုံပြင်တွေလောက်ဘဲ ထင်မှတ်ခဲ့တဲ့သူမလို့ အခု ရှာတွေ့နိုင်ဖို့ ခက်ခဲတဲ့
နေရာတစ်ကို သင်ကိုယ်တိုင် ရောက်ရှိသွားတဲ့အချိန်မှာ တစ်ချိန်က
မယုံကြည်ခဲ့တဲ့အဖြစ်ပျက်တွေဟာ အမှန်တကယ်ရှိခဲ့ပါလားဆိုပြီး သိခဲ့ရပါတယ်။
နောက်ပြီး ဒီပင်လယ်ပြင် အောက်မှာ ဘယ်သူမှ ရှာမတွေ့အောင် လျှိုဝှက်စွာ
တည်ဆောက်ထားတဲ့ ဒီဌာနကြီးမှာ အမှန်တကယ် ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာကိုတော့
သင်ကိုယ်တိုင်ဘဲ ရှာဖွေကြည့်ရမှာပါ။
ဘယ်လိုအဖြစ်ပျက်လဲဆိုရင် ၁၉၈၁ ခုနှစ်မှာ ကမ္ဘာကျော် သိပ္ပံပညာရှင်လေးဦးဟာ
ရုတ်တရက် ကမ္ဘာကနေ ပျောက်ဆုံးသွားခဲ့တာကြောင့် ဒီဖြစ်ရပ်ဟာ လုပ်ကြံဖန်တီးမှုလား ၊
ဘာကြောင့်လဲဆိုတာက်ို သီအိုရီတွေ အများကြီး ထွက်လာခဲ့ပါတယ်။ စိတ်ဝင်စားစရာ
အကောင်းဆုံးကတော့ ပစိဖိတ်သမုဒ္ဒရာ ရေပြင်ကြီးရဲ့ အလျှိုဝှက်ဆုံးနေရာတစ်ခုမှာ
အစိုးရရဲ့ Project တစ်ခုအနေနဲ့ နောက်ဆုံး ပါဝင်ခဲ့ကြတယ်လို့ သိခဲ့ရပြီး အဲဒီ
Project နဲ့ ပတ်သတ်လို့ S117 ကလွဲပြီး ဘာမှ ထပ်ပြီးမသိရှိခဲ့ရပါဘူး။
ဘယ်လောက်ထိလဲဆိုရင် သူတို့ကိုယ်တိုင်တောင် ဘာကို Research လုပ်နေတယ်ဆိုတာ
မသိတဲ့အထိ လျှိုဝှက်ထားတာပါ။ ဆိုတော့ ပညာရှင်တွေတောင် မသိရတဲ့ထိ ဒီနေရာမှာ
လျှိုဝှက်ထားတာတွေက ဘာတွေဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းအတိုင်း ကိုယ်တိုင်
အဖြေရှာရင်း ကစားပေးသွားရမှာပါ။
သိပ္ပံပညာရှင်တွေရဲ့ သဲလွန်စတွေကို အဖြေရှာရမှာဆိုတော့ ဒီ ဂိမ်းရဲ့ Puzzle Level
ဟာ တော်ရုံတန်ရုံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အများကြီး မခက်အောင် Game က Mission
Hints တွေကို အစဉ်လိုက်ပေးထားပါတယ်။ First Person View နဲ့ နောက်ခံ အသံတွေပါ
သေချာ ထည့်သွင်းပေးထားတာကြောင့် ကစားရတာ ပိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။
ဒါ့အပြင် ဒီလို HO Puzzle ဂိမ်းတိုင်းလိုလိုမှာ အရေးကြီးတဲ့ Note တွေ ၊
နံပတ်တွေကို အလွယ်တကူ ကောက်ချက်ချနိုင်အောင်လို့ ဒီဂိမ်းက ဘယ်နေရာမှာမဆို
ဓာတ်ပုံရိုက်ယူပြီး မှတ်စုလုပ်ပေးထားလို့ရပါတယ်။ နောက်ပြီး Window ပုံစံနဲ့ပါ
ဂိမ်းထဲမှာ Size အသေးအကြီး လိုသလို ထပ်ပြလို့ရသေးတာဆိုတော့ ပဟေဠိတွေ
ဖြေရှင်းတဲ့အခါမှာ အတော်လေးအသုံးဝင်တဲ့ အရာတစ်ခုပါ။ နောက်ပြီး Setting
ပိုင်းမှာလည်း Option အစုံပါတဲ့အပြင် Graphic နဲ့ ပတ်သတ်ပြီးတော့ပါ In Game
Picture အရ Screen Effect တွေပါ ထပ်မြှင့်တင်လို့ရပါသေးတယ်။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )
ဒီဂိမ်းမှာ Admin သဘောကျတာက နောက်ခံ အသံက တော်တော်လေး Perfect
ဖြစ်တယ်လို့ပြောရမယ်။ သူ့ရဲ့ အသံက စွဲဆောင်မှုလည်းရှိသလို ကစားရတာလည်း
ပတ်ဝန်းကျင်နဲ့ တစ်သားတည်းကျအောင် အသံသရုပ်ဆောင်တာ ပီပြင်တာပါ။ နောက်ပြီး
ဒီဂိမ်းက Underwater မှာ အဖြေရှာရမှာဆိုတော့ အရင်က ကုန်းပေါ်မှာတွေထက် မတူညီတဲ့
Vibe အသစ်ကို ခံစားရမှာပါ။ ဘယ်လိုမျိုးလဲဆိုရင် တစ်ခါတစ်လေ ပြုတင်းပေါက်ကနေ
ငမန်းကြီးတွေ၊ တခြား ထူးထူးဆန်းဆန်း ရေနေသတ္တဝါကြီးတွေ ပတ်သွားတာမျိုးတွေထိ
မြင်တွေ့ရမှာပါ။ Puzzle အပိုင်းမှာလည်း လွယ်လွယ်လေးနဲ့ မျက်စိမှားအောင်
လှည့်စားထားတတ်တာကြောင့် Puzzle ဂိမ်း ကစားချင်တဲ့သူတွေအတွက် ဒီဂိမ်းလေးကို
Recommend ပေးပါတယ်။ Graphic ကော Sounds အပိုင်းတွေပါ ကောင်းတဲ့အပြင်
ဇာတ်လမ်းလေးကပါ စိတ်ဝင်စားစရာကောင်းနေတော့ တကယ်စိတ်ပါပါနဲ့ဆော့ရင် အချိန်တောင်
သိပ်ပေးစရာမလိုတဲ့ ဂိမ်းတစ်ခုပါ။ Rating တွေလည်း ကောင်းကောင်းရရှိထားတာကြောင့်
Premium Paid Game တစ်ခုအနေနဲ့ စမ်းကြည့်သင့်ပါတယ်။
| Android version | 4 . 0 + |
| Developer | Glitch Games |
| Network | Offline |
| Price | $ 1.99 |
| App version | 1.0.1 |
| Release date | Nov 27, 2022 |
| Platform | Android / iOS |

















Comments