The Fall

° ဒီနှစ် 2023 ရဲ့ ပွဲဦးထွက် Mobile Game တွေကတော့ တကယ် အားရစရာကောင်းလောက်အောင်ကို အကောင်းစားတွေကြီး ထွက်လာတာပါ။ အခု The Fall ဆိုတဲ့ ဂိမ်းကလည်း မင်မင်ဆော့ဖူးသမျှ Mobile Zombie Game တွေထဲမှာ Dark အဆန်ဆုံးနဲ့ Creepy အဖြစ်ဆုံး ဂိမ်းတစ်ခုလို့ ပြောရမှာပါ။ Action Scenes ကနေ Jump Scare တွေထိ မထင်ထားတဲ့အခိုက်တန့်တွေကို First Person View နဲ့ ကြုံတွေ့ရမှာမလို့ ဒီဂိမ်းက တကယ်ကို Zombie ကပ်ဘေးတစ်ခုရဲ့ Feeling အစစ်မှန်ကို ပေးစွမ်းနိုင်ရုံတင်မကဘဲ Horror Game တစ်ခုလို့တောင် သတ်မှတ်ရမယ့်ထဲမှာ ပါဝင်ပါတယ်။
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းက အရင်ဆုံး Demo Version ထွက်လာတာဖြစ်ပြီး မင်မင် တင်ပေးမလို့ လုပ်ခဲ့ပေမယ့် အခု Official ကျမှဘဲ တစ်ဂိမ်းလုံး အပြီးထိ ဆော့ပြီး တင်ပေးလိုက်တာပါ။ အဲ့ဒါကြောင့် ဒီဂိမ်းနဲ့ပတ်သတ်ပြီး မင်မင်ရဲ့ impression အမြင်တွေအပြင် အပြီးထိ ဆော့မယ့်သူတွေအတွက်လည်း ဆောင်ရန် ၊ ရှောင်ရန် အချက်လေးတွေကို ပြောပြပေးသွားမှာမလို့ စိတ်ဝင်စားမယ်ဆိုရင် ဆက်ဖတ်ကြည့်ဖို့ အကြံပေးပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဂိမ်းက တခြား Zombie ဂိမ်းတွေထက်ကို ကွဲထွက်နေတာမလို့ မင်မင်ကိုယ်တိုင်တောင် အရမ်းသဘောကျမိနေတာပါ။ 
အရင်ဆုံး ဒီဂိမ်းက Official နဲ့ Demo နှစ်မျိုးထွက်ရှိထားတာဖြစ်ပြီး Official Version ကတော့ Playstore မှာ မြန်မာငွေနဲ့ဆိုရင် ၂၀၀၀ ဘဲ ကျသင့်မှာပါ။ ဒါပေမယ့် နှစ်ထောင်နဲ့ မတန်အောင် တကယ် ကောင်းတဲ့ Mobile Game တစ်ခုမလို့ Zombie ကြိုက်တဲ့သူကော ၊ Open World ကြိုက်တဲ့သူတွေအပြင် Horror ဆန်ဆန်နဲ့ Zombie Apocalypse ထဲ Explore လုပ်ချင်တဲ့သူတွေအတွက် လုံးဝကို လက်မလွတ်သင့်တဲ့ ဂိမ်းတစ်ခုပါ။ Puzzle တွေပါ ပါသေးတော့ တကယ်ကို အရမ်းမိုက်ပါတယ်။ 
About Story
==========

ဒီဂိမ်းရဲ့ ဇာတ်လမ်းက တခြား Zombie ‌ဂိမ်းတွေလိုမျိုး Virus ကူးစက်တာဆိုပေမယ့် သူ့ရဲ့ ဇာတ်အိမ်တည်ဆောက်ထားပုံက အရမ်း Deep ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း Zombie ကပ်ဘေးဖြစ်လာရင် အသက်ရှင်ဖို့အတွက် သတ်ကြဖြတ်ကြ ၊ နောက် အကူညီလိုနေတဲ့သူတွေကို လိုက်ကယ်ကျ ပြုကြနဲ့ Zombie တွေထက်ကို လူကယ်ဖို့နဲ့ သတ်ဖို့ဖြတ်ဖို့ဘဲ ခေါင်းထဲမှာ ရှိနေခဲ့ကြတာမျိုးပါ။ သေနတ်ကြီး တကားကားနဲ့ အကုန်လိုက်ပစ်လိုက် , Military တစ်တပ်စာလောက်ရှိတဲ့ လက်နက်တွေနဲ့ အရပ်သားတွေကပါ ရေလို‌သုံးနေကြရတော့ တကယ့် Zombie Apocalypse ရဲ့ Horror Vibe က လုံးဝကို ပျောက်ဆုံးနေခဲ့တာပါ။ ဘယ်လိုနေနေ ကိုယ့်ဘက်က ရိက္ခာအပြည့်ရှိနေတော့ လုံးဝကို ကြောက်စရာမကောင်းတော့တာမျိုးပေါ့။ 
ဒါပေမယ့် အခုဂိမ်းက‌တော့ အဲ့ဒီ သမရိုးကျ သီအိုရီတွေကနေ ကွဲထွက်ပြီး တကယ် Virus ကပ်ဘေးဖြစ်လာရင် ကြုံတွေ့ရမယ့် ပတ်ဝန်းကျင်နဲ့ တစ်ယောက်တည်းရှင်သန်ရတဲ့ ဘဝဟာ ဘယ်လောက်ထိ ခြောက်ခြားစရာကောင်းလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။ ဒီထဲမှာ ပါဝင်တဲ့ Main Character က Zombie ကပ်ဘေးထဲမှာ သူ့လိုမျိုး အသက်ရှင်ကျန်ရစ်သူတွေကို လိုက်ရှာရင်း လိုက်ရှာရင်း တစ်နှစ်ပြီး တစ်နှစ် အချိန်တွေ ကုန်ဆုံးလာခဲ့တာပါ။ တိတ်ဆိတ်နေတဲ့ မြို့ကြီးထဲမှာ သူတစ်ယောက်တည်း ရှင်သန်ရတာက အရမ်းကို အထီးကျန်တဲ့အပြင် သူ့ရဲ့ စိတ်ဓာတ်တွေ ကျမသွားအောင်လဲ တစ်နေရာမှာ အနားယူတိုင်း ကတ်ဆက်လေးနဲ့ အသံသွင်းလေ့ရှိပါတယ်။ 
အခုလို အသံသွင်းတာက သင့်အနေနဲ့ သူ့ရဲ့ Daily Life Diary ကို မှတ်တမ်းတင်တယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် အခုလို အသံသွင်းရတဲ့ တကယ့်အစစ်မှန်က သူ့ကိုယ်သူ Motivation ရအောင် လုပ်ဆောင်နေရတာမျိုးပါ။ အကယ်၍ သူ စိတ်ဓာတ်ကျလာခဲ့ရင် အခုလို သူကိုယ်တိုင် အသံသွင်းခဲ့တဲ့ ကတ်ဆက်တိပ်လေးတွေကို ပြန်နားထောင်ရင်း နောက်တစ်ရက်ကို ရှင်သန်ဖို့အတွက် သူ့ကိုယ်သူ Motivation ပြန်ပေးနေရတာမျိုးပါ။ စစခြင်းတုန်းက မင်မင်လည်း အခုလိုမျိုးမထင်ထားခဲ့ဘူး တခြားသူရဲ့ Voice Record လို့ ထင်ခဲ့ပေမယ့် နောက်ကျမှ သူ့ကိုယ်တိုင်ရဲ့ အသံတွေဖြစ်နေတော့ အတော်လေး Shock ဖြစ်သွားမိခဲ့တယ်။ 
မင်မင်လည်း အခုလို Record လုပ်တာတွေနဲ့ ပတ်သတ်ပြီး Zombie ဖြစ်ရပ်တွေမှာ အများကြီး ကြုံဖူးပေမယ့် အများစုက သူတို့ရဲ့ တစ်နေ့တာကိုဘဲ Record လုပ်ယူနေကြတာပါ။ အကယ်၍ သူတို့ မရှင်သန်နိုင်တော့ရင် သူတို့ရဲ့ Record တွေက ကျန်ခဲ့တဲ့ နောက်လူ‌တွေအတွက် ဇာတ်လမ်းတစ်ပုဒ်လို သိခဲ့စေချင်တာမျိုး‌ပေါ့။ ဒါပေမယ့် ဒီဂိမ်းမှာပါတဲ့ Character ကျတော့ အဲ့ဒီလိုမျိုး ‌တခြားသူအတွက် ရည်ရွယ်ခဲ့တာ မဟုတ်ဘဲ နောက်တစ်ရက် ရှင်သန်မယ့် သူ့ကိုယ့်သူအတွက်ဘဲ ရည်ရွယ်ခဲ့တာပါ။ အဲ့ဒါကြောင့် အခု‌လောက်ထိ ကိုယ့်ကိုကိုယ် အားပေးနေရတဲ့ သူတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်ထိ အထီးကျန်နေမယ်ဆိုတာကော ၊ ဘယ်လောက်ထိ စိတ်ဓာတ်ကျနေမယ်ဆိုတာကောပါ ဒီဖြစ်ရပ်လေးနဲ့တင် ရင်ထဲထိ ခံစားကြည့်လို့ရပါတယ်။ 
ဘယ်သူနေနေ အခုလို နှစ်တွေအကြာကြီး တစ်ယောက်တည်း ရှင်သန်ရတဲ့အဖြစ်က တကယ်ကို ရူးခြင်စရာကြီးပါ။ ဇာတ်လမ်းတွေထဲကလို သူရဲကောင်းတစ်ယောက်လို ခံစားရမှာမဟုတ်တာကြောင့် အရမ်းကို အထီးကျန်နိုင်ပါတယ်။ တစ်နှစ်ပြီးတစ်‌နှစ် ငါတစ်ယောက်ဘဲ ရှိတော့တာလားဆို‌တဲ့ အသိစိတ်က နောက်ဆုံး ဘယ်သူမဆို လောကကြီးကနေတောင် ထွက်ပြေးသွားချင်မိမှာပါ။ တကယ်လည်း ဒီဂိမ်းရဲ့ Main Character ဟာ အဲ့ဒီလို Stress တွေကြောင့် နောက်ဆုံး Suicide ဖို့ထိ ကြံစည်ခဲ့ပါတယ်။ မထင်မှတ်ဘဲ ထုတ်လွှင့်လာတဲ့ ရေဒီယိုက အသံဖိုင်တစ်ခုကြောင့် သူကိုယ်တိုင် မရမက အားတင်းပြီး သူတို့ပြောတဲ့ နေရာကို အရောက်သွားဖို့အတွက် ကြိုးစားသွားရမှာပါ။ 
ဇာတ်လမ်းက တကယ် သဘာဝကျတာကြောင့် Zombie Apocalypse မှာ ရှင်သန်ရတဲ့ လူတစ်ယောက်ရဲ့ စိတ်ခံစားချက် ကို ဖော်ပြပေးနိုင်တဲ့အပြင် မျှော်လင့်ချက်သေးသေးလေးကြောင့် ဘာမဆို ရှင်ဆိုင်ရမယ့် အခက်ခဲဆုံး အန္တရာယ်တွေကိုပါ Game တစ်ခု အနေနဲ့ကော ဇာတ်လမ်းတစ်ခုအနေနဲ့ပါ တကယ်အရမ်းမိုက်ပါတယ်။ 
About Gameplay & Graphic / Sound
===========================

ဒီဂိမ်းရဲ့ Gameplay ကတော့ First Person Shooter အမျိုးစားတစ်ခုဖြစ်ပြီး Survival Type မျိုးနဲ့ ကစားရမှာပါ။ Open World မဟုတ်ပေမယ့် Open Map အနေနဲ့ မြို့တစ်ခုလုံးကို Explore လုပ်လို့ရတဲ့အပြင် Supplies ရိက္ခာတွေနဲ့ ကျည်ကဒ်တွေကိုပါ လိုက်လံစုဆောင်းပေးရသေးတာပါ။ Weapons တွေကို Map ထဲမှာ လိုက်လံရှာဖွေရတဲ့အပြင် ကျည်အကန့်သတ်နဲ့ပါ အသုံးပြုရတာကြောင် ကစားရတာ အတော်လေး Challenge ဖြစ်တဲ့ ဂိမ်းတစ်ခုပါ။ မလိုအပ်ဘဲ ကျည်ဖြုန်းမိတဲ့အခါ အတော်ကြီးကို အခက်တွေ့ စေနိုင်ပြီး မထင်ထားတဲ့ Accident တွေကြောင့်ပါ ကစားတဲ့သူကို ပြာယာခက်သွားစေနိုင်တဲ့ထိ ဒီဂိမ်းထဲမှာ အများကြီးပါဝင်ပါတယ်။ 
ဥပမာအနေနဲ့ Jump Scare တွေထက် မထင်မှတ်ဘဲ ရုတ်တရက် ပေးမိသွားတဲ့ အသံတွေကြောင့် Zombie အုပ်လိုက်ကြီးတွေ ဝင်လာတဲ့ထိ ကြုံတွေ့ရနိုင်ပါတယ်။ တစ်ချက်အကိုက်ခံရရုံနဲ့ တန်းသေသွားနိုင်တဲ့ Zombie တွေထိပါ ပါဝင်တာကြောင့် ဆော့ရတာ တကယ် လွယ်တော့ မလွယ်ကူပါဘူး။ Zombie တွေရဲ့ Sounds အပိုင်းမှာလည်း ဒီဂိမ်းရဲ့ Creepy ဖြစ်တဲ့ Environment တွေကြောင့် ပိုပြီးတော့တောင် ကြောက်စရာကောင်းတာပါ။ အထူးသဖြင့် ကိုယ့်ဆီမှာ ကျည်အလုံလောက်မရှိတဲ့အခါကျရင် အုပ်လိုက်ကြီး ပြေးလာတဲ့ Zombie တွေရဲ့ အသံတွေကြောင့် နှလုံးခုန်နှုန်းပါ အသကုန်မြန်လာစေမှာပါ။ 
ဒီဂိမ်းရဲ့ နေရာတွေက ‌တစ်ခုနဲ့ တစ်ခု လုံးဝ မထပ်တာကြောင့် နေရာတိုင်းမှာကို Creepy Vibe တွေ ခံစားရမှာပါ။ ညအချိန်ကနေ မြူတွေဖုံးနေတဲ့ မနက်ခင်းအထိ ကြုံတွေ့ရမယ့်အပြင် မြေအောက် လှိုင်ခေါင်းမှာ Night Vision တပ်ပြီး ကစားရတာတွေထိ အတော်ကြီးကို ရင်ထိတ်စရာကောင်းတဲ့ အခန်းတွေကို ကြုံတွေ့ရမှာပါ။ ဒီမြို့ကို ဖန်တီးထားတဲ့ အပြင်ဆင်ကလည်း တကယ် Zombie Apocalypse တစ်ခုကို မြင်တွေ့နေရသလိုထိ Graphic အပိုင်းတွေမှာပါ ကောင်းမွန်တာကြောင့် မထင်မှတ်ဘဲ ဖြစ်လာတဲ့ Destruction တွေ ၊ ပတ်ဝန်းကျင်ကို သဲသဲကွဲကွဲမမြင်နိုင်တဲ့ Dark ဦးစားပေး Lighting တွေအပြင် အသေးစိပ်ကျတဲ့ Blood Effect တွေကြောင့်ပါ ဒီဂိမ်းဟာ Horror Fan ကော Zombie Fan တွေအတွက်ပါ အတော်လေးကို ဆွဲဆောင်စေမယ့် ဂိမ်းတစ်ခုပါ။ Puzzle အပြင် စဉ်းစားရမယ့် လှည့်ကွက် အခန်းတွေပါ ပါဝင်တာကြောင့် Map မရှိတဲ့အခါ ကိုယ်ကိုတိုင် လမ်းနေရာတွေကို သေချာ မှတ်မိနေဖို့လည်း လိုအပ်ပါတယ်။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

Graphic အပိုင်းက Next Generation တော့ မဟုတ်ပေမယ့် အသုံးပြုထားတဲ့ Visual Effect နဲ့ Building Density တွေကြောင့် ဒီဂိမ်းက ပိုပြီး သဘာဝကျစေတာပါ။ ညဘက်အခန်းတွေ၊ မိုးသည်းတဲ့အခန်းတွေဆိုရင် မင်မင်ကိုယ်တိုင်တောင် ဒီဂိမ်းရဲ့ ပတ်ဝန်းကျင်ထဲမှာ နစ်မျောသွားစေပြီး နားကြပ်နဲ့ဆိုတော့ တကယ်ကို ကစားရတဲ့ Feeling က အရမ်းကို မိုက်ပါတယ်။ ဒါတောင် Demo Version မှာ ပါတဲ့ အခန်းတစ်ခုကို Official မှာ ဖြုတ်ပစ်လိုက်တာဟာ အတော်လေးကို နှမြောစရာကောင်းပါတယ်။ ဒီလိုတိတ်ဆိတ်နေတဲ့ မြို့ကြီးမှာ ရုတ်တရက် ပေါက်ကွဲသံကြီး ကြားလိုက်ရတော့ ကိုယ်တောင် တုန်တက်သွားတဲ့ထိ ဖြစ်ခဲ့မိတာပါ။ 
တခြားသူတွေ ဘယ်လိုမြင်လဲမသိပေမယ့် မင်မင်ကတော့ ဒီဂိမ်းကို အရမ်းသဘောကျတယ်။ အကယ်လို့ Zombie ဂိမ်းကောင်းကောင်းတစ်ခုကို ညွှန်းပါဆိုရင် ဒီဂိမ်းကို Recommend ပေးရမှာဘဲ။ ဘာကြောင့်လဲဆိုရင် တခြား Mobile Zombie Game တွေထက်ကို ဒီဂိမ်းက Horror Vibe အပြည့်နဲ့ ပေါင်းစပ်‌ဖန်တီးပေးထားတာမလို့ တကယ်ကို ရှားရှားပါးပါး ဂိမ်းကောင်းတစ်ခုလို့ ပြောရမှာပါ။ မင်မင်ကိုယ်တိုင်လည်း Zombie ကို Horror ဆန်ဆန် ကစားချင်ခဲ့တာကြောင့် အတော်လေးကို ကျေနပ်မိတယ်။ ဒီဂိမ်း ကစားတာ စုစုပေါင်းကြာချိန်က 2 နာရီ ဝန်းကျင်ရှိပြီး Difficulty နဲ့ Explore လုပ်တဲ့အချိန်ပေါ်မူတည်ပြီး ပိုကြာကောင်း ကြာနိုင်ပါတယ်။ 
Admin က နားကြပ်နဲ့ဆော့တာဆိုတော့ တစ်ဂိမ်းလုံး နှလုံးရောဂါရမတတ်ဘဲ။ ကျောင်းထဲဆို ပြာယာခက်လွန်းလို့ ဘာလုပ်လို့ လုပ်ရမှန်းမသိဘဲ သေတာ ခဏခဏဘဲ။ နောက်ပြီး အဲ့ဒီ ကျောင်းဝန်းထဲမှာ ရေတွေ ဝင်နေတဲ့ ဒီဇိုင်းမျိုးက လုံးဝကို Apocalypse ဆန်လွန်းတဲ့ Vibe မျိုးကို ခံစားမိတယ်။ ဒီဂိမ်းက နောက်ပိုင်းရောက်လေ ပိုကြမ်းလေးဖြစ်တာကြောင့် အပြီးထိ ကစားမယ့် သူတွေအတွက် Zombie Game ကောင်းတစ်ခုကို အပြည့်ဝ ခံစားရရှိစေမှာပါ။ 
အပြီးထိ ဆော့မယ်ဆိုရင် ဒါလေးတွေ သတိ‌ထားပေးစေခြင်တယ်။

1. သွေးအိတ်တွေ ၊ ရေဗူးတွေ နဲ့ ကျည်ကဒ်တွေကို အလကားမသုံးမိပါစေနဲ့။ လိုအပ်ရင် မြှားကိုဘဲ အသုံးပြုပါ။ 

2. ခေါင်းကိုဘဲ တည့်တည့်ချိန်ပစ်ပါ။ One Shot နဲ့ မသတ်မိရင်တောင် Head Shot အတွက် Slow motion effect ပေးပါတယ်။ 

3. Map အနှံ့ကို Explore လုပ်ပြီး ရိက္ခာကို စုစောင်းပါ။ Zombie များများ ရှိတဲ့လမ်းကို ရှောင်သွားရင် ပိုကောင်းပါတယ်။ 

4. အကောင်ကြီးကြီး ထိပ်ပြောင် ဗိုက်ပူ Zombie ကို တွေ့ရင် အရင်ပြေးပါ။ သူတို့က တစ်ချက်ကိုက်တာနဲ့ တန်းသေမှာဖြစ်တာကြောင့် ရှောင်ချိန်မရတဲ့အပြင် ကျည်လည်း တော်ရုံ မတိုးပါဘူး။

5. မလိုအပ်ဘဲ မှန်တွေကို မခွဲမိပါစေနဲ့။ မှန်ခွဲတဲ့အခါ အသံကြောင့် Zombie တွေရဲ့ အာရုံစိုက်ခံရမှုကို ရရှိနိုင်ပါတယ်။ 
6. Night Vision ကို နှလုံးရောဂါရှိရင် အသုံးမပြုတာအကောင်းဆုံးပါ။ Green Screen ကြောင့် အမှောင်ထဲကနေ အုပ်လိုက်ကြီးတွေ ပေါ်လာတဲ့အခါ Scary ဖြစ်စေပါတယ်။ နောက်ပြီး အသံကြောင့်ပါ အကောင်မမြင်ခင် Panic ဖြစ်တတ်လို့ပါ။ 

7. School အခန်းဖြစ်ပြီး Puzzle တွေ သေချာ ဖြေရှင်းပေးပါ။ Number ရလို့ Alarm Box ပွင့်သွားတဲ့အခါ ခေါင်းလောင်းမြည်ပြီဆိုတာနဲ့ ကျောင်းအပေါ်ထပ်ကို အသကုန် တက်ပြေးပါ။ မဟုတ်ရင် Zombie အုပ်လိုက်ကြီး ဝင်လာမှာ မလို့ သေသွားနိုင်ပါတယ်။ 

8. ဒါကတော့ မြေအောက် Parking အခန်းအတွက်ဖြစ်ပြီး Loading Time ကြာတတ်သလို တစ်ခါလေ Screen Freeze ဖြစ်သွားနိုင်ပါတယ်။ အသံကြားရရင်တော့ စောင့်ပေးရုံနဲ့ သူ့ဘာသူ နောက်အခန်းကို ကူးသွားမှာပါ။
9. Final Mission အတွက်ဖြစ်ပြီး Supplies အများကြီး ရထားတဲ့အခါကြရင် Energy အတွက် ရေများများသောက်ပေးထားပါ။ ဘာကြောင့်လဲဆိုရင် အသကုန်ပြေးရမယ့် အခန်းဖြစ်သလို Panic မဖြစ်ဖို့လည်း အရေးကြီးပါတယ်။

10. နောက်ဆုံး Fireworks တွေကို အရင်မပစ်ခင် 4 ခုစလုံးကို ခေါင်းမိုးပေါ်မှာ အရင်လိုက်ရှာပါ။ ပြီးမှ အချက်ပြပြီးတော့ ဆောက်လုပ်ရေး တံတားပေါ်တွေမှာ အမြင့်ဆုံးက နေပြီး Zombie တွေကို သတ်ပါ။ Time ပြည့်တာနဲ့ ဆက်တိုက် မီးပန်းတွေကို ဖောက်သင့်ပြီး Zombie တွေက အဆက်မပြတ်ပေါ်လာမှာမလို့ ကျည်သာကုန်သွားမယ် အဆုံးသတ်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် Mission အပေါ်ဘဲ အာရုံစိုက်ပါ။ 

Game Information

Android version 5 . 1 +
Developer Funnyghost
Network Offline
Price $ 0.99
App version 1.28
Release date Jan 13, 2023
Platform Android

⭐ ( HELLO Rating = 9.2 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Ex Astris

Terra Nil