Pascal's Wager



            မကြာသေးခင်ကမှ Android ပေါ် ပွဲထွက်လာတဲ့ Pascal's Wager Game ဟာ Mobile ပေါ်မှာတော့ အကောင်းဆုံး Action Game တစ်ခုအနေနဲ့ ဖြစ်လာနိုင်ပါတယ်။ ဒီ GAME ရဲ့ Developer ဖြစ်တဲ့ Tipswork ဟာလည်း သူတို့ရဲ့ ပွဲဦးထွက် Global Game တစ်ခုဖြစ်ပြီး Project ဆွဲခဲ့တာလည်း ၂ နှစ်ကျော်လောက် အတော်ကြာခဲ့ပါတယ်။ ပြောရရင် Mobile မှာ ဒီလို Game မျိုးထွက်ဖို့ဆိုတာ အတော်မလွယ်ပါဘူး။ ARPG လို Game အများစုက Online ဘက်ကိုသွားတတ်ကြပါတယ်။ ထွက်သမျှ Game ဒီဇိုင်းတွေက ဆင်တူသလောက်ရှိကြပြီး Auto Combat တွေနဲ့ဆိုတော့ Graphic သာအားရခဲ့ပေမယ့် Gameplay တွေက အရသာမတွေ့ခဲ့ပါဘူး။ 


           နောက်ပြီး Mobile မှာက PC တွေ Console တွေလို Engine ကောင်းကောင်းမပါဝင်တော့ Gamedeveloper တွေအနေနဲ့ Mobile Game ထုတ်ဖို့ဆိုတာ အတော်အချိန်ယူရပါတယ်။ ဥပမာ - Bright Memory လို Game မျိုးဆိုရင် Developer ကိုယ်တိုင်ကတောင် တခြားမှာထက် Mobile မှာ ရေးရတာ အတော်မလွယ်ဘူးပြောခဲ့တာပါ။




          အခု Pascal's Wager လို ARPG Game က Console level လောက်ရှိတဲ့ Game တစ်ခုကို ဖန်တီးပေးတာဟာ အတော်အားရစရာကောင်းပါတယ်။ Auto Combat လည်းမပါသလို Auto Quest တွေကိုလည်း အဆုံးသတ်စေမယ့် Game ပါ။ ARPG တွေမှာ Auto Quest နည်းပေမယ့် ဒီ Game ကတော့ Quest မဖတ်ရင်ကို အတော်တိုင်ပတ်မယ့် Game ပါ။ Hard အမျိုးစားထဲမှာ ပါဝင်တဲ့ Game ဖြစ်သလို Item Craft တွေ Collect တွေကလည်း Mobile အနေနဲ့ အတော်အားရစရာကောင်းပါတယ်။ 




            Game က လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်က Project ဆိုတော့ Graphic အနေနဲ့ Environment ကလွဲရင် ခု Game တွေလို အားရခြင်မှ ရပါလိမ့်မယ်။ ဒါကလည်း လက်ခံလို့ရတဲ့ အနေထားမှာရှိပြီး Gameplay နဲ့ အပြင်ဆင်တွေကတော့ အခုထိ Mobile မှာ အသာဆုံးထဲက တစ်ခုဖြစ်နေမှာပါ။ 




            Story ကတော့ Admin က Spoiler ဖြစ်မှာဆိုးလို့ အများကြီးမပြောခြင်ပါဘူး ။ အဓိကကတော့ ဒီ Game ရဲ့ Character တစ်ယောက်စီတိုင်းမှာ Own Story ကိုယ်စီရှိပါတယ်။ Terrence ဆိုရင် သူ့မိန်းမဖြစ်တဲ့  Teresa ကို လိုက်ရှာနေတာပါ။ သူလုပ်ခဲ့တဲ့ အမှားတစ်ခုကြောင့် မိန်းမဖြစ်သူကို တောင်းပန်ဖို့ရာ လိုက်ရှာနေတာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Violar တို့ Norwood တို့ရဲ့ Storyline နဲ့အတူ အချိတ်ဆက်မိမိ ဖန်တီးထားတာပါ။ ဒါတောင် ကြားထဲက NPC တွေရဲ့ Support ပေးပုံကလည်း ဇာတ်လမ်းကို ပျင်းစရာကောင်းမသွားအောင် ထိန်းထားနိုင်တယ်။ 




           အမှန်တိုင်းပြောရရင် ဒီ Game ဆော့ရင်း Admin ခံစားမိတာက Console ဒါမှမဟုတ် PC တစ်ခုကို Mobile ပေါ်တင်ဆော့နေရသလိုပါဘဲ။ Game အပြင်ဆင်တစ်ခုလုံးက လွယ်လွယ်နဲ့ ဖန်တီးထားတာမဟုတ်တော့ ကစားသူကို ဒါချ ဒီလမ်းသွားဆိုသလိုမျိုး တစ်သတ်မှတ်ထဲ မဟုတ်ပါဘူး။ Enemy AI တွေကလည်း မဆိုးဘူးလို့ပြောလို့ရသလို Defence , Counter တွေပါ သေချာလုပ်ထားတော့ Combat တွေက ခက်လဲခက်သလို အားရစရာလည်း ကောင်းတယ်။ တခြားအနေနဲ့ကတော့ Violar လို Character Detail မှာ နည်းနည်းလေးအားမရပေမယ့် Animation တွေ၊ Physics တွေ Sound Detail တွေကတော့ အကောင်းဆုံးထဲမှာ ပါပါတယ်။ Dark Fantasy Environment ကိုယူထားတာဖြစ်တာကြောင့် ဆော့ရတာလည်း တခြား GAME တွေနဲ့မတူဘဲ အရသာတွေ့စေမှာပါ။ Admin ကတော့ လက်ထဲမှာ ဖုန်းတစ်လုံးရှိနေရင် ဒီ Game ကို မဖြစ်မနေဆော့ကြည့်သင့်တယ်လို့ ပြောခြင်ပါတယ်။ 


            2018 ကတည်းက Project ဖြစ်တာကြောင့် Mid ဖုန်းတွေတောင် High Graphic နဲ့ အေးဆေးဆော့လို့ရပါတယ်။ Requirement တွေကလည်း သိပ်မလိုပါဘူး။ အနည်းဆုံး SD 625 တောင် Smooth ဖြစ်တယ်။ 


         ❤️ နောက်ထပ် ဒီ Game ကို ပိုပြီး သဘောကျသွားစေမှာက Game က Controller စနစ်ကို အပြည့်ဝ စွမ်းဆောင်နိုင်ပါတယ်။ အဲကြောင့် Admin အပေါ်ကပြောခဲ့သလို ဒီ Game က PC တို့ Console တို့ကို ဖုန်းပေါ် တင်ဆော့နေရသလိုဘဲလို့ ပြောတာပါ။ Controller နဲ့ဆိုရင် Touch Buttom တွေပါ Auto ဖျောက်ပေးတော့ Full Screen နဲ့  Feel အပြည့်ဘဲ ❤️
          
          ⚠️  Game က Offline ဆ်ိုပေမယ့် စစခြင်းဝင်တိုင်းမှာ Internet ဖွင့်ပေးရပါတယ်။ အထဲမှာ Update တွက် 596 MB လောက် ထပ်ဆွဲပေးရမှာဖြစ်ပြီး Download ပြည့်သွားလို့ Logo ပေါ်တာနဲ့ Internet တန်းပိတ်ပေးပါ။ ပြီးရင် Guest Mode နဲ့ Offline ဆော့လို့ရပြီ။ Guest Mode ဆိုပေမယ့် Save စနစ်တွေက အလုပ်လုပ်ပါတယ်။ ⚠️

===================

Android Version = 5.0 +

Download Size = 1.6 GB

Total Size = 2.58 GB

Type = Offline / Online

====================

Snapdragon = 625 +

Ram = 3 GB +

Controller Support = Yes 

====================




Ready ........

Related Posts

  • Soul Worker Anime Legend           ထွက်ထားတာ ၁ ရက်ကျော်ဘဲရှိသေးပြီး Anime ကြိုက်တဲ့သူတွေအတွက်တော့ Action RPG game ကောင်းတစ်ခုပါ။ ပြီးတော့ အရင်က Soul Worker Zero ဆိုပြီးလည်း ထွက်ထားပါသေးတယ်။ PC ကနေ ဆင်းလာတ… Read More
  • Sky Combat        PvP Game တွေမှာ အားပေးမှု ထိပ်ဆုံးမှာရှိတဲ့ AIGL Developer တွေက ဒီတစ်ခါမှာတော့  Planes အမျိုးစားတွေနဲ့ Suprise ထပ်ထုတ်လိုက်ပါပြီ။ အရင်က WWII , Infinity Ops , AWP Sniper နဲ့… Read More
  • Grand Criminal Online          မကြာသေးခင်မှ Beta version ထွက်လာတဲ့ Open World Game လေးဖြစ်ပြီး GTA သဘောကျတဲ့လူတွေတွက်တော့ စမ်းဆော့ကြည့်သင့်ပါတယ်။ Game က အနီးစပ်ဆုံး GTA Chinatown နဲ့ သွားတူနေပြီး Up Vi… Read More
  • The Last Stand Zombie Survival            ဒီ GAME က BRO တစ်ယောက်က လာညွှန်ပေးလို့ သိရတဲ့ Game ပါ။ တကယ်လည်း ဆော့လို့ကောင်းပြီး Challenge ဖြစ်တဲ့ Game ပါ။ အရင်ဆုံး Admin တောင်းပန်ခြင်တာက အဲဒီ Bro တင်ခိုင်းတာကြာပါပ… Read More
  • Outlander Fantasy Survival           မကြာသေးခင်ကမှ ထွက်ထားတဲ့ Survival Game လေးဖြစ်ပြီး Open World ပုံစံလေးဖြစ်လို့ အတော်များများသဘောကျကြမှာပါ။ Game က ထူးဆန်းတဲ့နယ်မြေကို ရောက်လာတဲ့ လူတစ်ယောက်နေရာကနေ ကစားရမ… Read More

Comments

Soe Min Htet said…
Obbထည့်ပြီးတော့ဂိမ်းကိုဝင်တာ
loading screenတအားကြာနေတယ်
အခုထိဘာမှတက်မလာသေးဘူး
caubiospir_ho said…
apexdami Carol Collins Best
Download Free
tadartestda

လူကြည့်အများဆုံး GAMES