Pwal Kyam



       စစခြင်းမှာတင် Server လူကြပ်တဲ့ထိ ဖြစ်ခဲ့ပါတယ် ။ ဘာလို့ဆို မြန်မာပြည်ရဲ့ ပွဲဦးထွက် Casual Moba Game လေးဖြစ်ပြီး ပွဲကြမ်းဆိုတဲ့ နာမည်နဲ့ လိုက်အောင် မြန်မာ Player တွေက စစခြင်းမှာတင် ကြမ်းနေကြပါပြီ။ Game က Official မထွက်ခင်ကတည်းကိုက မြန်မာကစားသမားတွေရဲ့ Support ပေးမှုကြောင့် တအား Hot ဖြစ်ခဲ့တဲ့ Game တစ်ခုပါ ။ 


       အရင်ဆုံး Admin သတိထားမိတာက မြန်မာမှုပုံစံလေးတွေကို အကောင်းကြီးမဟုတ်ရင်တောင် အတတ်နိုင်ဆုံးကြိုးစားထားတဲ့ လက်ရာကိုတော့ အထင်ကြီးမိတယ်။ အထူးသဖြင့် ဒီ Mode ရွေးတဲ့ Menu က Image တွေပေါ့။ Admin အတွက်တော့ အရမ်းကို Epic ဆန်တယ်လို့ ခံစားရတယ်။ Bounty Mode ရဲ့ Image မှာဆိုရင် ခြင်္သေ့ရုပ်ထုနှစ်ခုနဲ့ ကောင်းကင်ကို Background ထားပြီး ဆွဲထားတာက အခု Game တင်မဟုတ်ဘဲ နောက်ထပ်ထွက်လာနိုင်မယ့် Game တွေရဲ့ Image အချို့ကိုပါ ခေါင်းထဲမှာ အကြံပေါ်လာတဲ့ထိ Admin တွက်တော့ နက်ရှိုင်းတယ်။ ဒါက Admin အမြင်ပါ။ 


        နောက်ပြီး ဇာတ်ကောင်တွေက မြန်မာတွေနဲ့ မစိမ်းတဲ့ နယ်ပယ်ကဖြစ်တာကြောင့် ဆော့ရတာ မယုံနိုင်လောက်အောင်ဖြစ်နေပါလိမ့်မယ်။ ဒီ စောင်းနတ်သမီးတို့ ဇော်ဂျိီတို့က Myanmar တွေနဲ့ ရင်းနှီးပြီးသားပါ။ ပြီးတော့ Map အနေထားကလည်း မဆိုးဘူးပြောရမယ်။ သကြားမင်း ရုပ်ထုတွေ ၊ စေတီတွေထည့်ပေးထားတော့ ဆော့ရတာ တခြား Game တွေနဲ့မတူဘဲ ခံစားမှုတစ်မျိုးဖြစ်စေတယ်။ ပြီးတော့ Casual ဆိုတော့ ကစားရတာ ပေါ့ပေါ့ပါးပါးနဲ့ဘဲနဲ့ အချိန်ကုန်သက်သာစေတဲ့ Game မျိုးပေါ့။ 


          GAME က Sound စနစ်ပိုင်းမှာ မြန်မာလို ထည့်ပေးထားပေမယ့် အားနည်းနေသေးတယ်လို့ မြင်မိတယ်။ နောက်ပြီး Sound Effect တွေကောပေါ့။ Hit ဖြစ်တဲ့ခါကြရင် ထိမိတဲ့အသံက သိပ်မထွက်ဘဲ ဇာတ်ကောင်ရဲ့ စကားသံက ရုတ်တရက် ကျယ်နေသလိုဖြစ်နေတယ်။ Character ဖန်တီးထားတာတွေက တစ်ချို့ဟာတွေက အတော်ကြည့်ကောင်းပြီး တစ်ချို့ကြတော့ နည်းနည်း အသက်မပါသလိုတော့ ခံစားမိတယ်။ ဒါပေမယ့် ဒီလောက်ထိ ဖန်တီးထားနိုင်တာကိုက အတော်ချီးကျူးစရာပါ။ လူတိုင်းမှာ ရာဇဝင်တွေသိပြီးကတည်းက ဘယ်လို အစွမ်းထက်တဲ့ သူရဲကောင်းတွေကို ရှိတယ်ဆိုတာ သိပြီးသားပါ။ အဲဲဒါကြောင့် အကုန်လုံးမဟုတ်ရင်တောင် နမူနာယူပြီး Character ဖန်တီးခြင်ကြတဲ့ စိတ်က လူတိုင်းမှာ ရှိပါတယ်။ အဲဒါကိုမှ ဒီ ပွဲကြမ်းဆိုတဲ့ Game လေးက စံပြအဖြစ်နဲ့ အရင်လမ်းပြပေးလိုက်တာပါ။ 


          Graphic က တအားကြီးမဟုတ်ပေမယ့် Mobile အနေနဲ့ ကြည့်ကောင်းတဲ့ အနေထားမှရှိပါတယ်။ ဒါပေမယ့် 3D ပုံစံ GAME က Battle မှာ သူချကိုယ်ချနဲ့ ကြည့်​ကောင်းအောင်ဖန်တီးထားပေမယ့် Explosion Effect တွေကြရင် 2D ပုံစံလေး လုပ်ပေးထားတာက အတော်ထူးခြားတယ်။ တခြားလူတော့ မသိဘူး Admin တော့ အဲပုံစံလေးကို သဘောကျတယ်။ 


          Map ဖန်တီးထားတဲ့ ပုံစံက ကောင်းပါတယ်။ ဒါပေမယ့် မြန်မာမှု ပတ်ဝန်းကျင်ကို အပြည့်ဝ ဖန်တီးခြင်ရင်တော့ Admin အကြံပေးခြင်တာက Map ပတ်ပတ်လည်မှာ သာမန်သစ်ပင်တွေ၊ ဟင်းလင်းပြင်တွေထက် ထန်းပင်ဖြစ်ဖြစ် ညောင်ပင်ဖြစ်ဖြစ် ထည့်ပေးလိုက်ရင် ပိုကြည့်ကောင်းမှာပါ။ ဒါက Admin အကြံပေးခြင်တဲ့ အမြင်တွေထဲက တစ်ခုပေါ့။


            Game က 3v3 ရယ် Pwal Kyam ရယ်ဆိုပြီးနှစ်မျိုးဆော့ကစားနိုင်ပြီး နောက်ထပ် Mode အသစ်တွေလည်း ပါလာနိုင်ပါတယ်။ Casual Moba ဖြစ်တာကြောင့် Spell တွေ Skill တွေ ခေါင်းခြောက်ခံစရာမလိုဘဲ အချိန်တိုတ်ိုလေးနဲ့ အရှုံးအနိုင်ကွဲပြားတာကြောင့် လောင်စရာမလိုပါဘူး။ Hero တန်ဖိုးများပြီး ကစားပွဲကရတဲ့ ပိုက်ပိုက်နည်းတာကြောင့် Hero တစ်ကောင်ဝယ်ပြီးတိုင်း သေချာကျကျနန ကစားမိမှာပါ။ Event တွေ Daily Reward တွေလည်း ပါသေးတာကြောင့် ပိုက်ပိုက်ရှာရတာ တအားကြီတော့ မခက်ပါဘူး။ Setting နဲ့ Inventory  ကတော့ အခုလောလောဆယ် သုံးလို့တော့မရသေးဘူး။ ဒါပေမယ့် Match ရှာတာတွေက မြန်သလို ကစားသမား အများစုကလည်း ကိုယ့်မြန်မာလူမျိုး ညီကိုမောင်နှမတွေဘဲဖြစ်တာကြောင့် တိုင်းရင်းသားချင်းချင်း အတူတူပျော်ရွှင်စွာ တွေ့စုံကစားနိုင်တဲ့ Game ကောင်းပါ။ 


           ဒီ Game နဲ့ပတ်သတ်ပြီး Admin ပြောခဲ့တာက အားသာချက်ကော၊ အားနည်းချက်ကောပါနိုင်ပါတယ်။ အားသာတဲ့အချက်ကို ဆက်လက်ထိန်းသိမ်းပြီး အာနည်းတဲ့ အချက်တွေကို ထပ်ပြီး ပြုပြင်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Admin ကတော့ အကြံပေးတဲ့စိတ်ကလွဲရင် ဘယ်လိုဘဲနေနေ အားပေးနေမှာပါ။ အဲကြောင့် ဒီ Game လေးကိုလည်း ဘယ်သူဘဲနေနေ ဆော့ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ ဖြစ်နိုင်ရင် Playstore မှာဘဲ Review တွေပေး ကစားတဲ့သူတွေများအောင် Support ပေးကြပါ။ အကြံဉာဏ်ကောင်းလေးတွေ၊ Bug လေးတွေ တွေ့ရင်လည်း Developer တွေစီကို အနှေးနဲ့အမြန် တန်းပြီးပြောပေးကြပါ။ Player တွေကို ဖျော်ဖြေပေးတဲ့ Game ဖြစ်တာကြောင့် Player တွေရဲ့ အကြံပေးချက်တွေကပိုလိုအပ်ပါတယ်။ 


===================

Android version = 4.3 +

Size = 106 MB

Type = Online

============




============


Ready..........

Comments

Unknown said…
မင်းတို့ကောင်တွေ ဒီဂိမ်းလေးကျ ပစ်ထားကျတယ်ပေါ့

လူကြည့်အများဆုံး GAMES