• အခုတလော လူပြောများနေတဲ့ ဒီ GAME လေးက Football Fan တွေတွက်တော့ Feature အသစ်တွေ ယူဆောင်ပေးလာတဲ့ Game ကောင်းတစ်ခုပါ။ Champion Of The Fields နဲ့ Sport Gaming ဘက်ကို လှည့်လာတဲ့ Netease ကတော့ အခုဆိုရင် ဒုတိယအကြိမ်မြောက် Vive Le Football နဲ့ ထပ်မံ ခြေဆန့်လာပါပြီ။
• ဒီတစ်ခါ ထုတ်ပြလိုက်တဲ့ Football Game ကတော့ Mobile Player တွေတွက် လုံးဝ မထင်ထားတဲ့ ဒီဇိုင်းအသစ်တွေကြောင့် အံ့သြသင့်စေခဲ့ရတာပါ။ ကစားသမား စာရင်းနဲ့ပတ်သတ်ပြီး FIFPro ရဲ့ လိုင်စင်ကို အပြည့်ဝရထားရုံတင်မကဘဲ Official License အဖြစ်နဲ့ A.C Milan အသင်းကိုပါ ရထားတာပါ။ အသင်း ဖန်တီးတဲ့နေရာမှာ လူကြည့်အများဆုံး League တွေဖြစ်တဲ့ စပိန်၊ အင်္ဂလန်၊ အီတလီ၊ ဂျာမန် နဲ့ ပြင်သစ် တို့လို League တွေပါ ပါဝင်ပြီး Team ရဲ့ Official လိုင်စင်မရသေးပေမယ့်လည်း လူစာရင်းမှာတော့ အထင်ကရ ကစားသမားတွေ ပါနေတတ်ပါတယ်။ ဒါ့အပြင် Team Name လေးတွေပါ ခပ်ဆင်ဆင်ဖြစ်နေတော့ ကိုယ်သဘောကျတဲ့ အသင်းတွေကို ကြည့်ရုံနဲ့ တန်းသိစေမှာပါ။
• Game က Manager ပုံစံဆိုပေမယ့် တခြား Game တွေလိုမဟုတ်ဘဲ Football World တစ်ခုလုံးကို အနီးစပ်ဆုံးတွေ့မြင်ရမှာပါ။ သင်ကိုယ်တိုင် Manager နေရာကနေ Club တစ်ခုလုံးကို Explore လုပ်လို့ရပြီး အစည်းဝေးထိုင်တာတွေ အထိ သဘာဝကျကျ လုပ်ဆောင်နိုင်ပါတယ် ။ Club ထဲမှာဆိုရင် Vice Coach , Scout , ပြီးတော့ Secretary မလေးဖြစ်တဲ့ Olivia တို့ပါ သင့်ရဲ့ အသင်းကို ကူညီပေးအုန်းမှာပါ။ သူတို့နဲ့လည်း ကိုယ်တိုင် Chat လို့ရသလို လက်ဆောင်ပေးတာတွေထိပါ လုပ်လို့ရတာပါ။ ပြောရရင် Mobile Football မှာ အဲလို ရှိလာမယ်လို့ကို မထင်ထားတာ။
• Gameplay Mode အနေနဲ့ကတော့ Mobile ရဲ့ Football Fan တွေတွက် အကြီးကြီး ဟက်ထိစေခဲ့တာပါ။ ဘာလို့ဆို တစ်ခုတည်းတောင် မဟုတ်ပါဘူး နှစ်ခု၊ သုံးခုလောက်ထိ Suprise လုပ်သွားတာပါ။ ဒီ Game မှာ ကစားလို့ရတဲ့ Mode တွေက ပထမဆုံး Story Mode ပါ။ အဲဒီ Story က Mobile Football မှာ ဘယ်တုန်းကမှ မပါခဲ့ပါဘူး။ ဒုတိယဖြစ်တဲ့ League Journey ဆိုရင် Mobile ရဲ့ Football Fan တိုင်း လိုခြင်ခဲ့တဲ့ အရာတစ်ခုပါ။ League တစ်ခုလုံးကို ရာသီအလိုက်၊ ကစားသမား အငှားခေါ်တာတွေကအစ ၊ အမှတ်စဥ်ဇယားတွေနဲ့ အပီပြင် ဆော့ကစားလို့ရမှာပါ။ ပြီးတော့ UI တွေကလည်း လုံးဝ အထာကျတယ်။
• ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ PvP ဖြစ်တဲ့ Friendly Match တင်မကဘဲ Season Rank တွေပါ သီးသန့်ကစားလို့ရတာပါ ။ ဒါ့အပြင် Championship တွေပါ ကစားလို့ရပြီး Mobile မှာ ဘယ်တုန်းကမှ Type နှစ်မျိုးမလာဘူးတဲ့ Street Football ကိုပါ သီးသန့်အနေနဲ့ ကစားလို့ရသေးပါတယ်။ Admin သဘောအကျဆုံးကတော့ အဲဒီ Street Football ပါဘဲ။ PvP အမျိုးစားဖြစ်ပြီး 2v2 ကော 3v3 ကော အထာကျကျ Skill ပြလို့ရပါတယ်။ ဒါ့အပြင် နာမည်ကြီး Player တွေကိုပါ တန်းယူလို့ရပြီး ကိုယ်ကြိုက်တဲ့ Role ကို ယူကစားရုံပါ။ အဲဒီ Mode ကတော့ အရမ်းသဘောကျတယ်။
• Netease ကဆိုတော့ Graphic က အထင်သေးလို့မရပေမယ့် ကြည့်ကောင်းတာတော့ အမှန်ဘဲ။ Body Shape နဲ့ Face အချို့ပါ သေချာဖန်တီးပေးထားပြီး တစ်ချို့ကြတော့လည်း မတူပြန်ဘူးပေါ့။ Game က Football နဲ့ ပတ်သတ်ပြီး ပြေးတာ၊ ကန်တာ စတဲ့လှုပ်ရှားမှုပုံစံတွေကတော့ တကယ်ကောင်းတယ်။ ခက်တာက Football Physics နဲ့ပတ်သတ်ပြီး အားနည်းတာပါ။ အထူးသဖြင့် ဒီ ဂိုသမားတွေ ဘောလုံးပုတ်တာတို့၊ ဖမ်းတာတို့က အတော်ကြည့်ရဆိုးတယ်။ ပြောရရင် Real Football ကြီးတောင် သွားမြင်မိတယ်။ Shoot စနစ်တွေကလည်း ကောင်းတယ်ထင်ရပေမယ့် တကယ်တန်း အားမရဘူး။ ဒါပေမယ့် ဒါက အပြစ်ပြောလို့မရပါဘူး။ ဘာလို့ဆိုတော့ ဒီ Game မှာဆိုရင် ကွင်းလယ်ဒိုင်၊ စည်းကြပ်ဒိုင် အကုန် Football နဲ့ပတ်သတ်ပြီး နည်းပြပုံရိပ်တွေကိုကအစ သေချာဖန်တီးထားတယ်လို့မြင်မိတယ်။
• Netease က ဒီ Sport ဘက်ကို လှည့်လာတာက Feature အသစ်တွေနဲ့ Mobile လောကကို ထိုးဖောက်တယ်ဆိုပေမယ့် Sport Gaming မှာ အဓိကလိုတာက Real Physics ပါ။ Graphic ကောင်းတာက ခဏဘဲ ကြည့်ကောင်းပေမယ့် တကယ့်တကယ် Sport Game တွေကို ဆော့တဲ့အခါကြရင် သဘာဝကျကျ ထိန်းချုပ်ရတာမျိုးကို ပိုသဘောကျကြတာပါ။ Football Game တွေက ပုံစံတစ်မျိုးတည်းကို ထပ်တလဲလဲ ကြည့်ရတာ ပျင်းစရာကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တန်း ဆော့နေတဲ့ သူတွေကြတော့ လုံးဝ မရိုးပါဘူး။
• Game က Netease ဘက်ကသာ သေချာအချိန်ယူပြီး ဖန်တီးပေးမယ်ဆိုရင် ဖြစ်နိုင်တယ်။ ဘာလို့ဆို ဒီလို Mode တွေပါတာကိုက တစ်ပန်းသာနေတာပါ။ အနည်းဆုံး ကန်ရတာသဘောမကျရင်တောင်၊ Story ဖြစ်ဖြစ် League ဖြစ်ဖြစ် ဒါမှမဟုတ် Street Football ဆိုရင် ဘာမှ အပြစ်ပြောစရာမရှိတော့ ဆော့ဖြစ်ကြမှာ အမှန်ဘဲ။ နောက်ပိုင်း Team Logo သာ Patch နိုင်ရင်တော့ အေးဆေးဘဲ။ လောလောဆယ် Test ဆိုတော့ Bug ကတော့ အတော်ပါသေးတယ်။ Graphic Optimize က သာမန်ဖုန်းတွေနဲ့လည်း သိပ် အဆင်မပြေသေးပါဘူး။ ဒီကြားထဲ Pin ကပါ ထထဖောက်တော့ PvP Match တွေက Feel အပြည့်တော့ ရအုန်းမှာမဟုတ်ဘူး။ ဒါပေမယ့် Feature အသစ်တွေပါတာကြောင့် ဆော့ကြည့်ဖို့ရာတော့ အကြံပေးတယ်။
⚠️ Server က လူ 6000 လောက် ခေါ်ထားပေမယ့် မပြည့်သေးဘူးလို့တော့ ထင်တယ်။ အဲတော့ ဆော့ခြင်ရင် မြန်မြန် ဝင်ထားကြပေါ့။ ⚠️
❗️Test က ၁ လပိုင်း ၂၀ ရက်နေ့ကနေ ၂လပိုင်း ၃ ရက်နေ့ထိပါ။ ❗️
======================
[ Android version = 6.0 + ]
[ Size = 733 MB ]
[ Total Size = 2.1 GB ]
[ Developer = Netease ]
[ Type = Online ]
===============
( 💜အပြင်ထွက်တိုင်း Mask တပ်ဖို့ မမေ့နဲ့နော် 💜)
#HELLOYDB
Comments
destluacoval
ReiBoot Pro
CCleaner pro
giosmaretun