Dark Parables The Little Mermaid



•           ဒီတစ်ခါတော့ Adventure သမားတွေတွက် ဒဏ္ဍာရီဆန်ဆန် ပင်လယ်အောက်က ရေသူမလေးတွေပါ တွေ့ရတော့မှာပါ။ သင်က ဒီ Game မှာ စုံထောက်တစ်ယောက်ဖြစ်ပြီး ရေလုပ်သားတစ်ဦးရဲ့ သတင်းပေးမှုကြောင့်  လာစုံစမ်းရမှာပါ။




•           အကြောင်းကတော့ ဒီရေတက်လာတဲ့အချိန်မှာ ထူးထူးဆန်းဆန်း ပင်လယ်ရေတွေက ခရမ်းရောင်သန်းနေပါတယ်။ ပိုဆိုးတာက ခရမ်းရောင်ရေကို ထိမိတဲ့ သတ္တဝါမှန်သမျှ အကုန်သေကုန်ကြတာပါ။ ပြီးတော့ ဒီရေ ရဲ့တိုက်စားမှုကြောင့် ကမ်းနားက ရွာမှန်သမျှကလည်း အကုန်ရေကြီးပြီး ပျက်ဆီးခဲ့ရပါတယ်။ ဒေသခံတွေရဲ့ ပြောကြားချက်အရ ဒါဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကဖြစ်ရပ်ထက် ပိုဆိုးတယ်လို့ပြောပါတယ်။ အဲထဲကမှ ကောလဟာလ သတင်းဖြစ်တဲ့ နှစ်မြုပ်နေတဲ့ Prasino တိုင်းပြည်ကြီးအပြင် ဒဏ္ဍာလာ ရေသူမတွေပါ မျက်မြင်သက်သေတွေရှိခဲ့တယ်လို့ပြောပါတယ်။ 




•           သင့်အနေနဲ့ ယုံရခက် မယုံရခက်ဆိုပေမယ့် လက်ရှိ ဖြစ်စဥ်တွေတင်မကဘဲ သတ္တဝါကြီးတစ်ကောင်ကပါ သင့်ရှေ့မှာ ကိုယ်တွေ့ကြုံခဲ့ရတာကြောင့် ဒီဖြစ်ရပ်ဟာ အရမ်းကို စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ အဲတော့ ခရမ်းရောင်ပင်လယ်ရေတွေက ဘယ်ကလာတာလဲ ? Prasino တိုင်းပြည်ကြီးနဲ့ သတ္တဝါကြီးကကော ဘယ်လို ပတ်သတ်နေတာလဲ ? အရေးကြီးဆုံးကတော့ ရေသူမလေးက ဘယ်ဘက်ကလဲ ?




•            Puzzle Adventure Game ဖြစ်တာကြောင့် ထုံးစံတိုင်း Hidden Item တွေတို့ သဲလွန်စတွေတို့ ရှာရမှာပေါ့။ ဒါပေမယ့် ပိုသဘောကျတာက ဒီ GAME က အဏ္ဏဝါတိုင်းပြည်မှာ စွန့်စားရမှာဆိုတော့ ပင်လယ်ပန်းကနုတ်တွေ၊ ဗိဿုကာလက်ရာတွေက အရမ်းကြည့်ကောင်းတာပါ။ ဒါ့အပြင် Name ရှာတာထက် Shape ပုံစံလေးတွေကို ရှာရတာဆိုတော့ အမြင်အာရုံကို Challenge ဖြစ်စေတယ်။ အဲတော့ ပင်လယ်ပြင်မှာ တစ်ခါလောက် စွန့်စားကြည့်ကြပေါ့။ 


======================

[  Android version = 4.0 + ]

[  Size = 662 MB ]

[  Developer = Big Fish Games ]

[  Type = Offline ]

#Adventure, #Puzzle

==================






 တခြား Link က File Error ပြနေလို့ အဆင်ပြေတာလေး ထည့်ပေးထားတယ်။

==========================

1. Apk ကို Install တင်ပါ။

2. ပြီးရင် OBB ကို Zip ဖြည်ပြီး ထွက်လာတဲ့  ( com.bigfishgames.dplmptgoogfull )  ဖိုင်ကို  Android >> Obb  ထဲကို ထည့်ပေးလိုက်ရုံနဲ့ ဆော့လို့ရပါပြီ။


( ရေသူမရဲ့ Body Shape က တကယ် ကြည့်ကောင်းတာ 🙂 ဖန်တီးထားတာကို ပြောပါတယ် 🙄 )


#HELLOYDB

Related Posts

  • Strange Hill ° ထွက်ထားတာ တစ်ရက်ကျော်ဘဲ ရှိသေးတဲ့ ဒီဂိမ်းလေးက Adventure ဆန်ဆန်လေးနဲ့ Open World နီးပါး ကစားရမှာဖြစ်ပြီး Thrilling ဆန်တဲ့ ဂိမ်းတစ်ခုလို့ ဆိုထားပေမယ့် တကယ်က အတော်လ… Read More
  • Micro Survivor ° CBT အနေနဲ့ ထွက်ရှိထားတဲ့ ဒီဂိမ်းက US နဲ့ Canada မှာဘဲ Early Access ရရှိသေးတာကြောင့် လူသိနည်းနေသေးတဲ့ ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ Mobile Game တွေရဲ့ logic နဲ့ မ… Read More
  • Punch Kick Duck ° မင်မင်ကိုယ်တိုင် ကစားဖြစ်နေတဲ့ Casual Game ကောင်းလေး တစ်ခုဖြစ်ပြီး ကစားရတာ ပျော်စရာလည်းကောင်းသလို ၊ စိတ်အတော်ရှည်ပြီး သွက်သွက်လက်လက် ကစားနိုင်မှ ဆော့ကြည့်သ… Read More
  • Little Nightmares Mobile ° ဒီဂိမ်းနဲ့ ပတ်သတ်ပြီး Mobile Player တွေ အရမ်း Hype နေကြမယ်ဆိုတာ သေချာပေါက်ဖြစ်မှာပါ။ အရင် Very Little Nightmares ဆိုတဲ့ Puzzle ဂိမ်းလေးကိုလည်း Mobile ပေါ် ထုတ်ပေးထားဖူးတယ… Read More
  • Eggy Party ° ဒီတစ်ခါ အားလုံးမျှော်နေကြတဲ့ Eggy Party ဂိမ်းလေးကတော့ မနေ့ကတင်ဘဲ Philippines Region မှာ ကစားခွင့်ပေးနေပြီ ဖြစ်တာကြောင့် Global ကို မစောင့်နိုင်တဲ့သူတွေအတွက် ကို… Read More

Comments

Zeaim said…
Download siteကobb linkအသေကြီး

လူကြည့်အများဆုံး GAMES