My Time At Portia

          ဒီတစ်ခါ ညီမတင်ပေးမယ့် Game အသစ်လေးက Fan တွေတွက် အရမ်းအရမ်း သဘောကျသွားစေမှာ အာမခံတယ်။ အရင်က ဒီလို Game မျိုးတွေကို Online အနေနဲ့ ညီမလည်း ဆော့ဖူးပေမယ့် အခုလို Offline version ကိုတော့ တစ်ခါမှ မတွေ့ဖူးတာ အမှန်ဘဲ။ ညီမရှာကြည့်ရသလောက်တော့ ဒီ Game က PC နဲ့ Console တွေမှာပါ ထုတ်ပေးထားပြီး Steam မှာပါ Top Hit ဖြစ်ခဲ့တဲ့ Game တစ်ခုပါ။ အခု Mobile မှာလည်း Playstore မှာ R$44.90 နဲ့ ရောင်းချပေးနေပြီး 100% PC Experience အတိုင်း ခံစားရမယ်လို့ ပြောထားတာ။ 

            Game က RPG Simulation ဖြစ်ပြီး Stardew Valley လိုမျိုး Farming Game တွေကို သဘောကျရင်တော့ လုံးဝကို လက်မလွတ်သင့်တာပါ။ Building တွေ၊ Craft လုပ်တာတွေ အများဆို အများကြီး ထည့်ပေးထားတာ။ နောက်ပြီး Open World အနေနဲ့ Map အနှံ့ လျှောက်သွားလို့ရသလို Auto Quest လုံးဝ မပါတော့ Story နဲ့တင် နာရီပေါင်းများစွာ အချိန်ပေးရမယ့် Game ကောင်းတစ်ခုပါ။ NPC Character ပေါင်း 50 ကျော်ထိပါဝင်ပြီး Relationship တွေပါ ဖန်တီးလို့ရတော့ ညီမကတော့ အရမ်းသဘောကျတယ်။ ဒီတော့ Mobile Player တွေတွက် ဆော့ကိုဆော့ကြည့်သင့်တဲ့ Game ကောင်းလေးမလို့ မဆော့ဖူးရင် တစ်ဘဝလုံးနောင်တရသွားမယ်ဆိုတာ ညီမကိုယ်တိုင် ရဲရဲကြီး ပြောရဲတယ်။ 
[ Review ]

ဒီ Game က Admin ပြန်လာတဲ့နေ့မှ သူကိုယ်တိုင် တင်မယ်လို့ ပြောထားပေမယ့် ညီမကတော့ မရမက လုထားတာ။ Game က စိတ်ဝင်စားစရာတွေ များတော့ နောက်ရက်တွေတောင် Post တင်နိုင်ပါ့မလားမသိဘူး။ အချိန်ပေးဆော့ရမယ့် Game ဆိုတော့ အရမ်းမိုက်တယ်။ နောက်ပြီး Game install လုပ်တာက ညီမ သိတဲ့ obb ဖိုင်ထည့်နည်းတော့မဟုတ်ဘူး Apks လား SAI လားမသိဘူး Admin ပြောတာ။ ညီမတောင် သူ Install လုပ်ပေးလို့ ဆော့ရတာ။ ဒါပေမယ့် Blog ထဲမှာ သူ Install လုပ်ပုံလုပ်နည်း ပေးထားတယ်လို့တော့ ပြောတယ်။ 
Game က ညီမအထင် ဟိုအရင်က တွေ့ဖူးတဲ့ Genshin Impact လို Environment ကို ခံစားမိတယ်။ Town ထဲမှာလည်း chest လေးတွေ လိုက်ရှာလို့ရသလို Running , rolling လိုမျိုးတွေပါ Stamina ထည့်ပေးထားတာ။ ထူးဆန်းတာက သစ်ခုတ်တဲ့ Axe တို့ဘာတို့က Level ပေါ်မူတည်ပြီး အပင်အကြီးသေးကို ခုတ်လို့ရတာ။ Quest အတွက် Workbook ထဲ item ရှာလိုက် ပြီးရင် craft လုပ်ပြီး ထပ်စုလိုက်ဆိုတော့ လွယ်တော့မလွယ်ဘူး။ တစ်ချို့ item တွေဆိုရင် ဘယ်က စလိုက်ရမှန်းတောင်း မသိဘူး။ လောလောဆယ်တော့ ညီမလည်း တိုင်ပတ်နေတာ။ 
Graphic ကတော့ လုံးဝ သဘောကျတယ်။ နေ့ည ပြောင်းသွားတာတွေက အသက်ဝင်တယ်။ စပါးခင်းထဲ လျှောက်သွားတာတွေ၊ ကားကြုံစီးတာတွေ နောက်ပြီး Friendship လုပ်လို့ရတာတွေက ညီမအတွက်တော့ Favorite ပဲ။ ဒီ Game က မိန်းကလေးနေနေ၊ ယောင်္ကျားလေးနေနေ တကယ်ကို Normal Life တစ်ခုကို ပေးနိုင်တယ်။ ဇာတ်လမ်းအတိုချုံ့လေးက အဖေချန်ခဲ့တဲ့ workshop လေးမှာ သွားအခြေချရင်း ဒေသခံလူတွေနဲ့ အတွေ့ကြုံ အများကြီးရတဲ့ ပုံစံလေး ဖန်တီးထားတာ။ အဓိကက အဖေဂုဏ်ယူလို့ရအောင် ကြိုးစားပေးရမယ့် Game ကောင်းလေးတစ်ခုပေါ့။

Game Information

Android version 9 . 0 +
Developer Nuverse
Network Offline
Price R$ 44.90
App version 1.0.10708
Release date 4.8.2021

Download Link

Type Size Link

Playstore

1.1 GB

7.99 $

Full Version

 

1 GB

( Apk Only )

Download

Apple iOS

1 GB

5.99$
 
#HELLOYDB



Related Posts

  • CASE 2 Animatronics ° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Mobile Horror Game ကြီးကတော့ နာမည်ကြီး လူကြိုက်များတဲ့ CASE ရဲ့ Sequel ဂိမ်းတစ်ခုဖြစ်ပြီး PC ကေ… Read More
  • Lost Chronicles ° ဒီတစ်ခါ အသစ်စက်စက်ထွက်လာတဲ့ ဂိမ်းလေးကတော့ အားလုံးသိပြီးသား Developer ဖြစ်တဲ့ FIVE-BN GAMES ကနေ ဖန်တီးပေးထားတာဖြစ်ပြီး Hidden Objects အမျိုးစားလေး… Read More
  • Train Simulator Pro USA ° ဒီတစ်ခါ ထွက်လာတဲ့ ဂိမ်းသစ်လေးကတော့ Simulator သမားတွေ ဝမ်းသာစေမယ့် Train Simulator ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး တကယ်ကို Graphic ကောင်းကောင်းနဲ့ Open World ပုံစံ ထ… Read More
  • The Secret Elevator Remastered ° ဒီတစ်ခါ အသစ်ထွက်လာတဲ့ ဂိမ်းလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံထားတဲ့ ထူးထူးခြား ဂိမ်းကောင်းလေးတစ်ခုဖြစ်ပြီး အိမ်မက်နဲ့ ပတ်သက်ဆက်နွယ်နေတာမလို့ အရမ်းစိတ်ဝင်စား… Read More
  • Plants Vs Zombies 2 ° ပန်းသရဲဂိမ်းဆိုတာနဲ့ လူကြီးအစ ကလေးအဆုံး မသိတဲ့သူဆိုတာ အတော်ကို ရှားပါတယ်။ ငယ်ငယ်ကတည်းက ပျင်းတိုင်း Computer ရှေ့မှာ တစ်နေကုန်ထိုင်ဆော့နေခဲ့တဲ့ Classic Game လေးဖ… Read More

Comments

htoo said…
ဒီgameလေးပြန်တင်ပေးပါလား
Anonymous said…
ဒီ ဂိမ်းလေး အရမ်းကောင်းတယ်
Lynn said…
gameမရတော့လို့ပြန်တင်ပေးပါ

လူကြည့်အများဆုံး GAMES