Game Of Physics

° ဒီတစ်ခါ အသစ်ထွက်လာတဲ့ Game လေးက တခြား Game အမျိုးစားတွေနဲ့မတူဘဲ အရမ်းကို ထူးခြားပါတယ်။ ကျောင်းသား/သူ တွေ သင်နေရတဲ့ Text Book တစ်ခုကို Game အဖြစ်နဲ့ အသွင်ယူဖို့ရာ ကြိုစားထားတာဖြစ်ပြီး ဒီထဲမှာတော့ ကိုယ်သင်ထားတဲ့ Physics Formula တွေဟာ လက်တွေ့အပြင်မှာ ဘယ်လောက် အသုံးဝင်ကြောင်းကို ဖော်ပြပေးထားတဲ့ Game တစ်ခုပါ။ အစပိုင်းမှာတော့ Gamer တွေတွက် Explore လုပ်လို့ကောင်းပြီး နောက်ပိုင်း Level တွေကျရင်တော့ အနိုင်ရဖို့တွက် ကိုယ်တိုင် Formula တွေနဲ့ တွက်ချက်ပေးရမှာပါ။
° History , Science နဲ့ Maths တွေကိုပါ အသွင်ယူဖို့ရာကြိုးစားနေပြီး Game ဆော့ရင်း စာပါ လေ့လာလို့ရအောင်လုပ်ထားတာပါ။ အရင်ဆုံး သမိုင်းထဲက စစ်ပွဲတစ်ခုတည်းကို သင်ကိုယ်တိုင် ရောက်သွားသလို လုပ်ပေးထားပြီး ၊ လေးနဲ့ အမြှောက်တွေကိုပါ သိပ္ပံနည်းကျကျ တွက်ချက်ပြီး ရန်သူကို အနိုင်ရဖို့ ကြိုးစားပေးရမှာပါ။ Mission အလိုက် Final Mission ထိ ပြီးမြောက်အောင် ကြိုးစားရမှာဖြစ်ပြီး နောက်ပိုင်းရောက်လေ ပုံသေနည်းအသစ်တွေနဲ့ တွက်ချက်ပြီး ဆော့ရလေ လုပ်ပေးထားတာပါ။ အဲဒါကြောင့် ဒီ Game ကို ဆော့ရင် ဘေးနားမှာ စာအုပ်နဲ့ ခဲတံလေးပါ ဆောင်ထားဖို့လိုအပ်မယ်နော်။ ဘာလို့ဆို သင့်မှာ အခွင့်ရေး သုံးခါဘဲ ရှိလို့ပါ။ ဒီတော့ Physics ဆရာကြီးတွေ စမ်းကြည့်သင့်တယ်နော်။ 
[- Review -]

အရင်ဆုံး အံ့ဩမိတာက Android version ရဲ့ Requirements ဖြစ်ပြီး 11 ကျော်တွေဘဲ ဆော့ရတာဆိုတော့ တော်တော်လေးရှားတယ်ပြောရမယ်။ နောက်ပြီး ဒီ Developer တွေက Game Developer တွေမဟုတ်ဘဲ Education ကို ပိုအသားပေးထားတာပါ။ တအားကြီး Fix မဖြစ်ပေမယ့် သူ့ဟာနဲ့သူတော့ အတော်မိုက်တယ်ပြောရမယ်။ Graphic ကလည်း Lighting Shadow တွေ တော်တော်မိုက်တယ်။ 
အစကတော့ မင်မင်လည်း Game Of Physics ဆိုတော့ Physics Engine အသားပေးမယ့် Simulation Game တစ်ခုလို ထင်ထားတာ။ ဘယ်ဟုတ်မလဲ History နဲ့ Physics ကို Lesson ပြန်ပေးမယ့် Game တစ်ခုဖြစ်နေတာ။ အစက‌ပိုင်းမှာ Intro တွေနဲ့ တောထဲမှာပါ မြင်းကြီးပတ်စီးလို့ရတော့ Open World လို့တောင် ထင်ခဲ့တာ။ နောက် Aim Shooting တွေကော Fighting တွေပါ ထပ်တွေ့ရတော့ မဆိုးဘူးဟဆိုပြီးမှ တကယ်တန်းကျတော့ ရဲတိုက်ထဲက Formula ကျမ်းစာ သုံးခုကို သွားယူပေးရတာမျိုးဖြစ်နေတာ။ 
ဘာလို့ဆိုတော့ နောက်လာမယ့် Question တွေကို ဖြေရှင်းဖို့တွက် အဲဒီ Formula တွေသုံးပြီး ဆော့ရမယ်ဆိုတဲ့ ပုံစံမျိုး ဖန်တီးထားတာ။ ဆိုးတော့ မဆိုးဘူးဆိုပေမယ့် နောက်အခန်းတွေကျမှ မင်မင်ပါ တိုင်တွေပတ်ပြီး ခေါင်းပါ မူးသွားတယ်။ Admin လည်း Physics ကို စိတ်ဝင်စားပါတယ် ဒါပေမယ့် အခု ရုတ်တရက်ပြန်တွေ့လိုက်တော့ ဖွင့်မပြောဖြစ်ခဲ့တဲ့ Crush ကို ပြန်တွေ့သလိုမျိုး ဘာတစ်ခုမှ ခေါင်းထဲက ထွက်မလာတော့ဘူး။ Fan တွေလည်း ဒီ Game ကို ဆော့နိုင် မဆော့နိုင် အခြေနေပြောခဲ့ကြအုံးနော်။ တကယ်ပါ စာတွေ့သာ အများစုက သင်ခဲ့ရတော့ Formula တွေ ဘယ်လောက်အရေးပါလဲဆိုတာ သတိမထားကြတော့ဘူး။ 

Game Information

Android version 11 +
Developer Mind Design Marketing & Communication Pvt. Ltd.
Network Offline
Price Free
App version 1.0.1
Release date 13.11.2021

Download Link

Type Size Link

Playstore

323 MB

Download

Apkcombo

 

---

( Apk Only )

Coming Soon

Apple iOS

495 MB

Download
 
⭐ ( HELLO Rating = 6.5 / 10 ) ⭐

#HELLOYDB

Comments

Anonymous said…
အခန်းက နည်းနည်းလေးပဲပါတယ်
ဆော့လို့တော့ကောင်းတယ်

လူကြည့်အများဆုံး GAMES