There's this girl

° ဒီတစ်ခါ တင်ပေးမယ့် Gameလေးက အပြင်မှာတကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပျက်လေးတစ်ခုကို Game အဖြစ်နဲ့ ပြန်လည်ဖန်တီးပေးထားတာဖြစ်ပြီး Visual Novel ပုံစံမျိုးမဟုတ်ဘဲ ရုပ်ပြပုံစံလေးနဲ့ အသက်သွင်းထားတာပါ။ Hand Drawn တွေမလို့ Art တွေက အရမ်းလှတဲ့အပြင် ဇာတ်လမ်းလေးကပါ အတော်လေး သဘောကျစရာကောင်းပါတယ်။ လမ်းမှာ မထင်မှတ်ဘဲ စုံမိခဲ့ကြတဲ့ ကောင်မလေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ ဝါသနာတစ်ခုကြောင့် အချင်းချင်းရင်းနှီးသွားခဲ့ကြပြီး ဘဝရဲ့ အချိုးကွေ့တွေကြောင့် သူတို့နှစ်ယောက် ဘယ်လိုတွေ ဖြစ်သွားခဲ့ကြတယ်ဆိုတာကို စကားလုံးတစ်လုံးမှ မပါဘဲ သရုပ်ဖော်ပေးသွားတာပါ။ ဇာတ်လမ်းတိုလေးမလို့ အများကြီး Spoiler လုပ်လို့မကောင်းပါဘူး။ Ending နှစ်မျိုးပါတာကြောင့် ကံကောင်းကြပါစေနော်။
[- Review -]

Game က Relaxing ဖြစ်သလို ကြည်နူးစရာ‌လည်းကောင်းတယ်။ ဒါပေမယ့် နောက်ကျတော့ နောက်ကျတော့ပေါ့။ အမှန်တိုင်းပြောရရင် မြင်တတ်ရင်တော့ အပြင်မှာ ဘယ်လိုဖြစ်သွားခဲ့တယ်ဆိုတာကို သတိထားမိလောက်တယ်။ အကြံပေးရရင် တကယ်လို့ Game ပြီးသွားလို့ ဇဝေ‌ဇဝါဖြစ်နေသေးရင် Chapter Name လေးတွေကို အစဉ်လိုက် ဖတ်ကြည့်လိုက်ပါ။ အဲဒါဆိုရင် တကယ့် အပြင်က Ending လေးကို သိသွားလိမ့်မယ်။ 

Game Information

Android version 4 . 1 +
Developer Angela He
Network Offline
Price Free
App version 0.2
Release date 2019

Download Link

Type Size Link

Playstore

24 MB

Download

Apkplz

 

24 MB

( Apk Only )

Download

Apple iOS

152 MB

Download
 
⭐ ( HELLO Rating = 7.7 / 10 ) ⭐

#HELLOYDB

Comments

လူကြည့်အများဆုံး GAMES