Dysmantle

° ဒီတစ်ခါ အသစ်ထွက်ထားတဲ့ Premium Game လေးက PC နဲ့ Consoles မှာ လူကြိုက်များပြီး Rating ကောင်းတွေ ရထားတဲ့အပြင် Mobile version အနေနဲ့လည်း တကယ်ကိုမထင်ထားလောက်အောင် အကောင်းဆုံး Game တွေထဲက တစ်ခုအဖြစ်နဲ့ သတ်မှတ်လို့ကိုရတာပါ။ Graphic Quality ကစ Console Game နီးပါးထိ Mobile ပေါ်ကို ယူဆောင်လာနိုင်တဲ့အပြင် Gameplay ကစ Player တွေအကြိုက် No Auto Quest နဲ့ Open World ကြီးထဲမှာ Explore လုပ်ခွင့်ရမှာဖြစ်ပြီး Combat System တွေကစ အတော်လေး အားရစရာကောင်းတာကြောင့် Mobile Player တွေအနေနဲ့ အတော်ကို အကြိုက်တွေ့စေမှာ အာမခံပါတယ်။ အထူးသဖြင့် အမိုက်ဆုံးအရာကိုပြောပါဆိုရင် မြင်မြင်သမျှ အရာအားလုံးကို ဘာလုပ်နိုင်မလဲဆိုတာ သိခြင်ရင်တော့ Review မှာဘဲ ဆက်ဖတ်ကြည့်တော့နော်။ 

[- Review -]

ဒီတော့ အရင်ဆုံး ဘာလုပ်နိုင်မလဲဆိုတာထက် ဒီ Game လေးရဲ့ ဇာတ်လမ်းလေးကို အရင်ဆုံး သိထားသင့်ပါတယ်။ အလွယ်ပြောရရင်တော့ သင်က Apocalypse မဖြစ်ခင်ကတည်းက မြေအောက်ခန်းမှာ အစာရေစာတွေနဲ့အတူ လုံလုံခြုံခြုံကြိုတင်ပြင်ဆင်ထားခဲ့ပြီး နောက်ဆုံး ကျွန်းတစ်ခုလုံးကို အစိုးရက Lockdown ချလိုက်တဲ့ အချိန်မှာတော့ သင့်အတွက် စုဆောင်းထားတဲ့ မြေအောက်ခန်းက အသက်ရှင်ဖို့တွက် အထောက်ကူပြုခဲ့တာပါ။ ဒါပေမယ့်လည်း ဘယ်လောက်ဘဲ စုဆောင်းထားပါစေ အချိန်တန် ရိက္ခာပြတ်တဲ့အချိန်မှာတော့ သင်က မြေအောက်ခန်းထဲကနေ ရဲရဲတင်းတင်း ထွက်လာခဲ့ပြီး နှစ်ပေါင်းအတော်ကြာမှ မြင်တွေ့လိုက်ရတဲ့ ပတ်ဝန်းကျင်ဟာ သင့်အတွက်တော့ အံ့ဩစရာကောင်းလောက်အောင်ကို ပြောင်းလဲသွားခဲ့တာပါ။ 
သဘာဝတရားကြီး လွှမ်းခြုံထားတဲ့ ပတ်ဝန်းကျင်ဟာ သစ်ပင်ခြုံနွယ်တွေနဲ့အတူ တောကြီးသဖွယ် ထူထပ်နေပြီး လူသူအရိပ်ယောင်တောင် မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် စိမ်းလန်းတဲ့ တောအုပ်တွေကြားက တိတ်ဆိတ်နေတဲ့လမ်းမထက်တွေမှာ Soul မရှိတော့တဲ့ ဖုတ်ကောင် Zombie တွေဟာလည်း ပြည့်နှက်လို့ နေတာကြောင့် ဒီ ကျွန်းကြီးကနေ ထွက်ပြေးလွတ်မြောက်ဖို့တွက် နယ်မြေတွေအားလုံးကို စူးစမ်းစွန့်စားရင်း အသက်အန္တရာယ်အမျိုးမျိုးကိုပါ ရင်ဆိုင်ကြုံတွေ့ရမယ့် Survival Game ကောင်းလေးတစ်ခုပါ။ 
Game က Graphic ပိုင်းကိုတော့ အရမ်းကို သဘောကျမိပြီး ကစားနေရင်းကို Environment ရဲ့ အသက်ဝင်မှုက နစ်မြောသွားစေမှာပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး။ အပေါ်က စကားစခဲ့သလို မှန်ကန်တဲ့ Tools နဲ့သာဆိုရင် မြင်မြင်သမျှ အရာအားလုံးကို Destroy လုပ်နိုင်တဲ့ထိ ဖန်တီးထားတာပါ။ ဒါ့အပြင် Combat ပိုင်းမှာဆိုရင်လည်း တကယ်ကို Realistic ဖြစ်ပြီး Zombie ရဲ့ Damage တစ်ချက်နှစ်ချက်နဲ့တင် သေသွားနိုင်အောင်ထိ Challenge ဖြစ်တာပါ။ အဲဒါကြောင့် အများစုကြုံဖူးတဲ့ Mobile Survival Game တွေလို သူချကိုယ်ချ တည့်တည့်ကြီး ကိုယ်ခြင်းကပ် သတ်ပုတ်နေရတာမျိူးမဟုတ်ဘဲ ဒီ Game က ရန်သူရဲ့ ဟာကွက်ကို စောင့်ပြီးမှ အမိရခုတ်ရတာမျိူးပါ။ 
တကယ်လို့ သေသွားရင်လည်း ပစ္စည်းအကုန်လုံးဟာ အဲနေရာမှာဘဲ ချန်ထားခဲ့ရမှာဖြစ်ပြီး နောက်တစ်ခါ ပြန်သွားယူလို့လည်း ရပါတယ်။ Survival Game ဆိုတော့ မပါမဖြစ်ကတော့ Craft စနစ်ဖြစ်ပြီး Skill Upgrade တွေကစ ကျယ်ကျယ်ပြန့်ပြန့်နဲ့ကို သေချာဖန်တီးထားတာပါ။ အစပိုင်း ရုန်းရပေမယ့် Upgrade လုပ်နိုင်ရင်တော့ ဆော့ရတာ အတော်လေး အဆင်ပြေပါတယ်။ ဒီ Game က Story ထက် Gameplay နဲ့ Graphic ကို ပိုဦးစားပေးထားပြီး Quest တွေကစ နောက်ပိုင်း အချိန်အတော်ပေးရတဲ့ထိ ဆော့ကစားရမှာပါ။ Open World Game ဖြစ်တာကြောင့် နယ်မြေတွေကတော့ အတော်လေးကို Explore လုပ်ခွင့်ရမှာဖြစ်ပြီး မတူညီတဲ့ Zombie type တွေကစ ဒီ Game ကို ပို Challenge ဖြစ်အောင် ဆွဲဆောင်ထားတာပါ။ 
Survival Game ကြိုက်တဲ့သူ‌ကော Graphic မိုက်မိုက် ကစားခြင်တဲ့သူတွေတွက်ပါ အကြံပေးရရင်တော့ နှစ်ခါပြန်လှည့်ကြည့်စရာ မလိုဘဲ အခုဘဲ Down ဆော့ကြည့်ကြဖို့ အကြံပေးပါတယ်။ တခြား ထူးခြားတဲ့ အပိုင်းလေးတွေကတော့ Text ပေါ်မူတည်ပြီး Emotional Emoji လေးတွေပါ ထည့်ပေးထားတာပါ။ 

Game Information

Android version 5 . 0 +
Developer DOCOOL Limited
Network Offline
Price $ 9.99
App version 1.0.4.23
Release date Jun 3, 2022
Platform Android / iOS / PC / PS4 / PS5 / Xbox

⭐ ( HELLO Rating = 8.6 / 10 ) ⭐


#HELLOYDB

Gameplay Video

Related Posts

  • Tales From The Wasteland ( CBT )           လောလောဆယ် Thai မှာ Close Beta Test နေတဲ့ Survival Game လေးတစ်ခုဖြစ်ပြီး FarHarbor Studio ဆိုတဲ့ Developer အသစ်ကနေ ဖန်တီးပေးထားတာပါ။ Game Developer ကလည်း အသစ်ဖြစ်… Read More
  • Horror Brawl ( Beta )             ဟိုတစ်လောကတင် Ice Scream 4 ထုတ်ပေးထားတဲ့ Keplerians က ဒီတစ်ခါမှာတော့ လုံးဝ မထင်ထားတဲ့ Game အသစ် တစ်ခုကို ထပ်မံချပ… Read More
  • Endless Nightmare Weird Hospital               ဒီရက်ပိုင်း Horror Game တွေ အထွက်များသလို Endless Nightmare ရဲ့ Title အသစ်ဟာလည်း Early Access အနေနဲ့ ထပ်ထွက်လာပါပြီ။ ဒီတစ်ခါ… Read More
  • Grand Survival          ဒီလရဲ့ ပထမဆုံး Game အသစ်လေးဖြစ်ပြီး Survival Game လေးမလို့ အ​တော်များများ သဘောကျကြမှာပါ။ အနီးစပ်ဆုံး Epic Raft နဲ့ ဆင်တူတဲ့ Game လေးဖြစ်တာ​​ကြောင့် ကျွန်းတွေလည်း … Read More
  • Raft Survival Multiplayer ( Test ) •           အခုဆိုရင် လူကြိုက်များတဲ့ Raft Survival Game ဟာ Early Access အနေနဲ့ Online Multiplay… Read More

Comments

Anonymous said…
ငါလိုးမသားရယ်ဆွဲလဲမရဘူး အကြိမ်ကြိမ်လုပ်တာလည်းမရဘူး အဲ့လောက်ကြေညာ တွေတက်နေတော့ လီးပဲဟေ့ ငတ်ကြီးအတော်ကျ
Anonymous said…
Gonna cry?

လူကြည့်အများဆုံး GAMES