End Game Union Multiplayer

° ဒီတစ်ခါ Game သစ်လေးကတော့ မြန်မာနိုင်ငံရဲ့ အမိုက်ဆုံး Shooter Game တစ်ခုဖြစ်ပြီး Action ဆန်ဆန်နဲ့ အရမ်း အရမ်းကို သဘောကျကြမှာ သေချာပါတယ်။ တကယ်လည်း လုံးဝမထင်ထားလောက်အောင်ကို မြန်မာ Developer တွေ လက်စွမ်းပြပေးထားတာဖြစ်ပြီး အထူးသဖြင့် Shooter Game တွေရဲ့ အနှစ်အရသာကို ကောင်းကောင်းကြီး ထည့်သွင်း ဖန်တီးပေးထားတာပါ။ Player 10 ယောက်ပါတဲ့ Death Match မှာ First Person ကော Third Person ပါ ဆော့ကစားလို့ရပြီး Gameplay Mechanic ကစ လုံးဝကို သွက်သွက်လက်လက်နဲ့ Action ဆန်ဆန်ကစားရမှာပါ။ အဲဒါကြောင့် ပြည်တွင်းဖြစ် Game လေးကို လူတိုင်းအားပေးသင့်တဲ့အပြင် Multiplayer အနေနဲ့ သူငယ်ချင်းတွေနဲ့ပါ တူတူ ကစားလို့ရတာကြောင့် Challenge ဖြစ်ပြီး အရမ်းအရမ်းကို ပျော်စရာကောင်းမှာ သေချာပါတယ်။ တကယ် Size လည်း နည်းတာကြောင့် လူတိုင်း ဆော့ကြည့်ကြဖို့ရာ တိုက်တွန်းပါတယ်။

[- Review -]

အမှန်တိုင်း ပြောရရင် အစက အရမ်းကြီး မျှော်လင့်မထားပေမယ့် In Game ကြမှ စစခြင်း ရွေ့လိုက်တဲ့ Movement ကြောင့် လုံးဝကို အံ့ဩခဲ့ရတာပါ။ တကယ် ပြေးတဲ့ Animation တွေအပြင် Camera Angel တွေကစ Perfect ဖြစ်နေတော့ လုံးဝကို Action ဆန်တဲ့ Vibe မျိုးကို ခံစားရတာ အမှန်ဘဲ။ အထူးသဖြင့် Slide လုပ်တဲ့အခါ Aim စောင်းသွားတာတွေကစ သဘာဝကျတော့ အတော်လေးကို အရမ်းသ‌ဘောကျမိတယ်။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး ကျည်ထွက်တိုင်း ပွင့်ထွက်လာတဲ့ မီးပွား Lighting တွေကစ ဘေးမှာရှိတဲ့ Object တိုင်းကို Effect ဖြစ်တဲ့ထိ Reflection ကြည့်ကောင်းနေတာကြောင့် အမှောင်ထဲမှာ သူပစ်ကိုယ်ပစ်ဆိုရင် တကယ်စစ်ဧရိယာထဲ ရောက်နေသလိုထိ ခံစားရတယ်။ 
နောက်ထပ် ကျည်ဆံ ဖြတ်သွားတာတွေ ၊ မြေပြင်နဲ့ နံရံကို လာမှန်တာတွေကစ Detail တွေ့မြင်ရမယ့်အပြင် Grenade Effect တွေကစ အတော်လေးကို ကြည့်ကောင်းတာပါ။ Reloading Animation တွေက First Person View နဲ့ဆိုရင် ပိုအသေးစိတ်တွေ့မြင်ရမှာဖြစ်ပြီး ကုန်ကုန်ပြောရရင်တော့ Developer တွေက FPS ကော TPS ရဲ့ အရသာအားလုံးကို Player အကြိုက် သေချာ ဖန်တီးထားနိုင်တာပါ။ Shooter Game အများစုက Action ဆန်လေ ဆော့ရတာ ပိုမိုက်လေဖြစ်ပြီး ပြေးရင်း Gun Position ပြောင်းတာတွေကစ အသေးစိပ်ကျတော့ Gameplay ပိုင်းမှာ အရမ်းကို သဘောကျမိတယ်။ ပုံမှန်ဆိုရင် ဒီလို Mobile Gameplay မျိုးကို တခြားနိုင်ငံရဲ့ Game Developer တွေစီမှာသာ တွေ့မြင်ရလေ့ရှိပြီး ခုလို မြန်မာနိုင်ငံရဲ့ Developer တွေက Size နည်းနည်းလေးနဲ့ ထုတ်ပြလိုက်တော့ အရမ်းကျေနပ်မိသလို ကျေးဇူးလည်းတင်မိတယ်။ 
ဒါတောင် Game ရဲ့ Setting ပိုင်းမှာ ဖုန်းတိုင်းနဲ့ အဆင်ပြေအောင် သေချာထိန်းပေးထားပြီး fps ကစ 120 ထိ Support ပေးထားတာပါ။ အတိုချုံ့ပြောရရင် Game Setting ပိုင်းကစ သေချာလုပ်ပေးထားတာမျိုးပေါ့။ လောလောဆယ် Map ကတော့ Day နဲ့ Rainy Night ကို Warehouse မြေပုံ တစ်ခုတည်းမှာတင် ဖန်တီးပေးထားပြီး မိုးသည်းတဲ့ Map ကိုတော့ ပိုသဘောကျမိတယ်။ ဘာလို့ဆို မိုးသည်းတဲ့ညဘက်မှာ ရန်သူကို သူပစ်ကိုယ်ပစ်တွယ်ရတာ Challenge ဖြစ်ပြီး ကျည်ရဲ့မီးပွား Effect တွေနဲ့တင် Graphic ကစ ကြည့်ကောင်းနေတာမျိုးပါ။ 
တစ်ခုရှိတာက ဒီ Game က ဆော့မယ်ဆိုရင် Ticket အကန့်သတ်ရှိပါတယ်။ 3 ခု အများဆုံးဖြစ်ပြီး Ads ကြည့်ပေးရုံနဲ့ ပြန်ပြည့်တာမျိုးပါ။ ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါဘူး Equipment တွေဖြစ်တဲ့ First Weapon , Second Weapon တွေတွက် Gun တွေကစ Shop ထဲမှာ ဝယ်ယူလို့ပြီး အဲဒါတွေကိုလည်း လိုသလောက် Ads ကြည့်ပေးရုံနဲ့ ပိုင်ဆိုင်ရအူံးမှာပါ။ Gun ကောင်းကောင်းရှိတော့ Battle မှာ အသာစီးရတာပေါ့။ နောက်ပြီး Character တွေကစ ပြည်တွင်းက တိုင်းရင်းသားအစုံ People's Defense Force တွေထိပါ ထည့်ပေးထားတာ‌ဆိုတော့ အရမ်းကို မိုက်တာပါ။ 
ပြည်တွင်းဖြစ် Game လေးမလို့ Ads တွေကတော့ ကြည့်ကို ကြည့်ပေးသင့်တာဖြစ်ပြီး VPN လေးပါခံမှ ပိုပြီးတော့ Supporting ဖြစ်မှာပါ။ ပြောခြင်တာက ဒီလောက်ထိ Game ကောင်းတစ်ခုကို Developer တွေက ကြိုးစား ဖန်တီးပေးထားတာ‌ကြောင့် Local တွေအနေနဲ့ ဒီထက်ပိုကောင်းအောင် အဲလောက်ကတော့ အားပေးသင့်ပါတယ်။ လောလောဆယ် Weapon တွေ မစုံသေးပေမယ့် နောက်ထပ် Update တွေမှာ အသစ်အသစ်တွေ ထပ်ပါလာနိုင်အောင်လို့ Developer တွေ အားတက်အောင် Support ပေးဖို့ကို လိုတာပါ။ တကယ် Admin ကတော့ အရမ်းသဘောကျပြီး တခြား Game တွေထက်ကို အခု Game ကို ပိုအချိန်ပေးမိတာ အမှန်ဘဲ။ အကြံပေးရရင် ပုံမှန် Play တာထက် Room တွေ လိုက် Join တာ ၊ ကိုယ်ပိုင် Create လုပ်တာက Real Player တွေနဲ့ ပိုဆော့ကောင်းတယ်။ ပြီတော့ Myanmar language လေး ထည့်ပေးတာကိုလည်း ပို ကျေးဇူးတင်မိတယ်။ 

Game Information

Android version 4 . 4 +
Developer Cobra Column
Network Online
Price Free
App version 2.4.5
Release date Junr 23, 2022
Platform Android / iOS

⭐ ( HELLO Rating = 9 / 10 ) ⭐


 Playstore 


#HELLOYDB

Gameplay Video

Comments

Anonymous said…
sawminoo

လူကြည့်အများဆုံး GAMES