CRUX The Great Outdoors

° Admin ကိုယ်တိုင် အရမ်း သဘောကျလွန်းလို့ စွဲဆော့မိနေတဲ့ ဂိမ်းလေးတစ်ခုဖြစ်ပြီး Climbing နဲ့ပတ်သတ်ပြီးတော့ အနီးစပ်ဆုံး Realistic ဆန်တဲ့ ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ Sport Climbing နဲ့ ပတ်သတ်ပြီး Admin တို့ဆီမှာက သိပ်ပြီး ရင်းနှီးကြတဲ့သူတွေနည်းတော့ ဒီဂိမ်းလေးကို ကစားကြည့်ရင်း Sport Climbing က ဘယ်လောက်ထိ စိတ်ဝင်စားစရာကောင်းလဲဆိုတာကို Knowledge ပိုင်းဆိုင်ရာမှာပါ ဗဟုသုတအနေနဲ့ ကစားကို ကစားကြည့်စေချင်တယ်။ Puzzle ဂိမ်းဆိုပေမယ့် Climbing နဲ့ပတ်သတ်ပြီး Unique ဖြစ်အောင် ဖန်တီးထားတာမလို့ Casual အဆင့်တောင်မဟုတ်ဘဲ Hypercasual နီးပါးထိကို ဒီဂိမ်းရဲ့ Level Design တွေက အရမ်းကို မိုက်တာပါ။ Android ကော PC မှာပါ ထွက်ရှိထားပြီး Premium ဂိမ်းတစ်ခုအနေနဲ့ $ 3.99 နဲ့ ရောင်းချပေးနေတဲ့ ဂိမ်းကောင်းလေးတစ်ခုပါ။
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

အရင်ဆုံး ဂိမ်းအကြောင်းကို ရှင်းမပြခင် ဒီ Sport Climbing နဲ့ ပတ်သတ်တဲ့ အခြေခံအကြောင်းရာတွေကို Admin ကိုယ်တိုင် ဗဟုသုတအနေနဲ့ Sharing လုပ်ပေးပါမယ်။ အဲဒါမှ ဒီဂိမ်းကို ကစားရတာ ပိုနားလည်သွားမှာဖြစ်ပြီး Admin ရှင်းပြချင်တဲ့ အပိုင်းကိုလည်း သေချာ သဘောပေါက်သွားမှာပါ။ 

Sport Climbing က 2020 ခုနှစ်မှာ ကျင်းပတဲ့ Olympic အားကစားပြိုင်ပွဲကြီးမှာ ပထမဆုံးပါဝင်တဲ့ တောင်တက်အားကစားနည်းတစ်ခုဖြစ်ပြီး Rock Climbing လိုမျိုး Outside မှာ တက်ရတာမျိုးမဟုတ်ဘဲ Indoors မှာ Artificial Wall တွေနဲ့ Climbing လုပ်ရတာမျိုးပါ။ တကယ် စခဲ့တာကတော့ 2021 ခုနှစ်ဖြစ်ပြီး COVID ကြောင့် 2020 မှာ မကျင်းပဖြစ်ခဲ့ပါဘူး။ 
အဲတော့ ဒီ အားကစားနည်းက အသစ်ဆိုပေမယ့် အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။ Sport Climbing နဲ့ ပတ်သတ်ပြီး Olympic မှာ ထည့်သွင်းထားတဲ့ ပုံစံက အဓိကအနေနဲ့ 3 မျိုး ယှဉ်ပြိုင်ရတာမျိုးပါ။ တစ်ခုက Lead , နောက်တစ်ခုက Bouldering ကျန်တဲ့ နောက်ဆုံးကတော့ Speed ဆိုပြီး သုံးမျိုးယှဉ်ပြိုင်ရတာပါ။ 

Lead ပွဲစဉ်မှာဆိုရင် 15 မီတာ ရှိတဲ့ Wall ကို 6 မိနစ်အတွင်း တက်ရတာမျိုးပါ။ 6 မိနစ်အတွင်းမှာ ရောက်ရှိတဲ့နေရာ အမြင့်ကို အမှတ်သတ်မှတ်တာဖြစ်ပြီးတော့ အကယ်၍ ထိပ်ဆုံးကို ရောက်တာ နှစ်ယောက်တူနေခဲ့ရင်‌တောင် မြန်မြန်ရောက်တဲ့သူက အနိုင်ရရှိတာမျိုးပါ။ တစ်ခုရှိတာက ပြုတ်ကျသွားရင် နောက်တစ်ခါ ပြန်တက်လို့မရပါဘူး။ 
နောက်ပွဲစဉ်ဖြစ်တဲ့ Speed မှာတော့ Side By Side အနေနဲ့ 15 မီတာရှိတဲ့ Wall ကို Duo နှစ်ယောက် ယှဉ်တက်ရမှာပါ။ အမြန်ရောက်တဲ့သူက အနိုင်ရရှိမှာဖြစ်တာကြောင့် Speed က ပိုအရေးကြီးပါတယ်။ နောက်တစ်ကြိမ် ကြိုးစားခွင့်မရှိပါဘူး။ 

နောက်ဆုံးကျန်တဲ့ Bouldering အပိုင်းကတော့ မင်မင်ပြောချင်တဲ့ အဓိက အကြောင်းရာဖြစ်ပြီး သူက အရှေ့နှစ်ခုလို Wall အမြင့်ကြီးတွေမဟုတ်ဘဲ 4.5 မီတာဘဲရှိတဲ့ Wall ကို Routes များနိုင်သလောက် တက်ရမှာပါ။ အရှေ့ပွဲစဥ်က လမ်းကြောင်းတွေထက် ပိုခက်သလို ပြုတ်ကျသွားရင်တောင် ပြန် Try လို့ရပါတယ်။ အဲ့ဒီ ပွဲစဉ် သုံးခုစလုံးက ရရှိတဲ့အဆင့်တွေကို မြှောက်ပြီး ရရလာတဲ့ အနည်းဆုံးအမှတ်သမားက ပြိုင်ပွဲမှာ အနိုင်ရရှိတာမျိုးပါ။ နောက် Olympic ကျရင်တော့ ပွဲစဉ်တစ်ခုချင်းစီတိုင်းရဲ့ အဆင့်တစ်ရတဲ့သူတွေကိုပါ ဆုချီးမြှင့်သွားမယ်လို့တော့ သိရပါတယ်။ သေတော့မသေချာသေးပါဘူး။ 
ဆိုတော့ ဒီ ဂိမ်းမှာကျတော့ Speed တွေ Lead တွေ ပုံစံမျိုးမဟုတ်ဘဲ အနီးစပ်‌ဆုံး Bouldering နဲ့ တူညီတာပါ။ အလွယ်ပြောရရင် Rock Climbing ဘဲပေါ့။ အခု ဂိမ်းက Outside မှာဆိုတော့ Rock Climbing လို့ထင်ရပေမယ့် သုံးထားတဲ့ ပုံစံတွေက Indoors က routes ပုံစံမျိုးတွေကို ဖန်တီးပေးထားတာပါ။ ပြောချင်တာက Outside မှာ တက်ရပြီး ကျောက်ကြားထဲတွေကို ကြိုးနဲ့ ချိတ်တွယ်ရတာမျိုးမဟုတ်ဘဲ Indoors က routes ပုံစံတွေနဲ့ ကြိုးလွတ်သဘာဝကျအောင် တက်ပေးရမယ့် ဂိမ်းပုံစံမျိုးပါ။ ခုလို မင်မင် ရှင်းပြတယ်ဆိုတာက ကွဲကွဲပြားပြားသိသွားစေချင်တာမလို့ ဒီအထိ ဖတ်ဖြစ်တဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ 
နောက်ပြီး ဒီ Developer တွေက အရှေ့မှာ Indoors Climbing ဂိမ်းတစ်ခုကို ထုတ်ပေးထားပါသေးတယ်။ အတူတူဆိုပေမယ့် အပြင်နဲ့ အထဲ ကွာသွားပြီး တခြား Features အနည်းငယ်ပါ ပြောင်းလဲသွားပါတယ်။ အခု CRUX The Great Outdoors ကတော့ နောက်ထွက်တဲ့ ဂိမ်းပေါ့။ အကယ်၍ Sport Climbing ကို စိတ်ဝင်စားသွားရင် အရှေ့ကထုတ်ထားတဲ့ Crux ကို ဆော့ကြည့်စေချင်တယ်။ အဲမှာကြတော့ Custom Routes တွေပါ ထည့်ပေးထားတော့ ပိုပြီး Challenge ဖြစ်တယ်။ ဒီတစ်ခုကတော့ Background နဲ့ Camera Angle သဘောကျတယ်။ Graphic ကလည်း ကောင်းဆိုတော့ လမ်းကြောင်းတွေစဉ်းစားရင်း အေးအေးဆေးဆေး Chill ရုံဘဲ။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

Mobile မှာ တကယ်ကို ရှားမှရှားတဲ့ Climbing ဂိမ်းတစ်ခုဖြစ်တာကြောင့် Admin ကတော့ အရမ်းကို သဘောကျမိတယ်။ Sport Climbing နဲ့ ပတ်သတ်ပြီး တကယ်ကို သေသေချာချာ ဖန်တီးထားတာမလို့ Polygon Graphic အနေနဲ့တောင် ဒီဂိမ်းရဲ့ တိကျလွန်းတဲ့ Climbing Physics တွေက Animation တွေနဲ့ကို အရမ်းအားရမိတယ်။

Character အတွက် Customize အပိုင်းတွေမှာ Color တွေ Gender တွေကို စိတ်ကြိုက်ရွေးချယ်လို့ရပြီး ပါဝင်တဲ့ Level Design တွေကိုတော့ Point အလိုက် အခန်း 9 ခုထိ ထည့်ပေးထားပါတယ်။ ဒီဂိမ်းမှာ အရေးကြီးတာက Steps ဘယ်လောက်နဲ့ ပန်းဝင်တယ်ဆိုတာဘဲ အရေးကြီးတာပါ။ နည်းရင် နည်းသလို Full Star အပြည့်ရမှာဖြစ်ပြီး ရလာတဲ့ Point တွေနဲ့ အခန်းသစ်တွေကို ဖွင့်ပေးရမှာပါ။ 
ကစားရမယ့် ပုံစံက အရမ်းကို Smart ဖြစ်ပြီး လက်နဲ့ ခြေထောက်တွေကိုဘဲ ဘယ်ညာနှစ်ဖက်ကနေ ထိန်းချုပ်ပေးရုံပါ။ ကိုင်တက်ရမယ့် Rock တွေက အသေးကနေ အကြီးထိ မျိုးစုံ ပါဝင်ပြီး ကြာကြာကိုင်လို့မရတဲ့ Rock တွေကိုပါ ထည့်သွင်းပေးထားပါတယ်။ အဲ့ဒါကြောင့် ပြုတ်မကျအောင် တစ်လှမ်းခြင်းစီတိုင်းက အရမ်းကို အရေးပါပြီး အကယ်၍ ခေါင်းထဲ စဉ်းစားလို့မရရင်တောင် Practice အနေနဲ့ စမ်းတက်ကြည့်လို့ရပါတယ်။

Level တက်လာတာနဲ့အမျှ Climb လုပ်လို့ရတဲ့ လမ်းကြောင်းတွေက ပိုခက်လာမယ့်အပြင် Direction Limit တွေကိုပါ ထပ်ပြီး မြင်တွေ့လာရမှာပါ။ တကယ် လက်တွေ့အပြင်မှာတက်သလို လမ်းကြောင်းတွေကို စဉ်းစားကြည့်ရတာကြောင့် လွယ်လွယ်နဲ့ အနိုင်ရမယ့် ဂိမ်းမျိုးမဟုတ်ပါဘူးလို့ မှာချင်ပါတယ်။ သူနည်းလမ်းနဲ့သူ Skill ကျကျ စဉ်းစားသင့်ပါတယ်။ တကယ်ကောင်းတဲ့ ဂိမ်းလေးမလို့ ခက်ခက်ခဲခဲ ကစားချင်တဲ့သူတွေအတွက် Highly Recommend ပါ။ 
Admin ကတော့ ဒီ Developer တွေကို နောက်ထပ် ဆက်ထုတ်ပေးစေချင်တယ်။ အထူးသဖြင့် Speed နဲ့ Lead ပွဲစဉ်တွေလိုမျိုး ကစားလို့ရအောင် Stamina တွေ ၊ Jumping တွေ ၊ Time တွေ နောက်ပြီး Multiplayer အနေနဲ့ Duo Match တွေကိုပါ ဖန်တီးပေးစေချင်တယ်။ 

Game Information

Android version 10 . 0 +
Developer Mindgames Studios
Network Offline
Price $ 3.99
App version 1.0
Release date Apr 3, 2022
Platform Android

⭐ ( HELLO Rating = 8.7 / 10 ) ⭐


 Click To Download 


>> Download ဆွဲနည်းကြည့်ရန် <<


#HELLOYDB

Gameplay Video

လူကြည့်အများဆုံး GAMES

Ex Astris

Terra Nil