Micro Survivor

° CBT အနေနဲ့ ထွက်ရှိထားတဲ့ ဒီဂိမ်းက US နဲ့ Canada မှာဘဲ Early Access ရရှိသေးတာကြောင့် လူသိနည်းနေသေးတဲ့ ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ Mobile Game တွေရဲ့ logic နဲ့ မကင်းဘူးဆိုပေမယ့် စိတ်ဝင်စားစရာကောင်းတာက လူသေးသေးလေးတွေနေရာကနေ ကစားရမယ့်အပြင် နာမည်ကြီး Grounded ဂိမ်းကိုပါ inspired ယူထားတယ်လို့ ထင်ရတာပါ။ ဒါကလဲ Grounded ဂိမ်းက Popular ဖြစ်သွားတော့ သူ့ကို Inspired ယူထားတယ်လို့ဘဲ အများစုက ကောက်ချက်ချလိုက်တယ်လို့ မြင်မိတယ်။ 
ဒါပေမယ့် မင်မင်အမြင်မှာတော့ ဒီ Micro World တွေနဲ့ ပတ်သတ်ပြီး ပထမဆုံးသိခဲ့ရတာက Marvel ရဲ့ Ant-Man ဇာတ်လမ်းတွေလို့ ပြောလိုက်ရင် မှားသွားမှာပေါ့။ တကယ်က ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Family, Comedy ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ " Honey, I Shrunk the Kids " ကနေ အစပြုလာတယ်လို့ မြင်မိတယ်။ 
အဲထက် ရှေးကျတာတွေလဲ ရှိနိုင်ပေမယ့် ဒါက မင်မင်အနေနဲ့ စသိခဲ့ရတဲ့ ပထမဆုံး micro world အတွေ့ကြုံတစ်ခုပေါ့။ ဆိုတော့ ဒီဂိမ်းကလည်း အဲဒီဇာတ်လမ်းထဲကလိုဘဲ သိပ္ပံသုတေသနတစ်ခုကြောင့် လူတွေအကုန်လုံး သေးသေးလေးတွေဖြစ်ကုန်ကြတာပါ။ ရုတ်တရက် ခန္ဓာကိုယ်က ပုရွက်စိတ်သာသာ သာရှိတော့တာကြောင့် ကိုယ်တွေရဲ့ အနားမှာ အမြဲရှိပြီး ဘယ်တုန်းကမှ မတွေးခဲ့ဖူးတဲ့ Micro World ရဲ့ အစာစက်ကွင်းကြီးကို Survivor အနေနဲ့ ကစားရမှာမလို့ အရမ်းကိုစိတ်ဝင်စားစရာကောင်းပါတယ်။ 
တစ်ဖက်က ပြန်ကြည့်ရင်လည်း ငယ်ငယ်က လူတိုင်းကြည့်ဖူးကြတဲ့ Tinkerbell ဇာတ်လမ်းတွေထဲကလို သစ်ရွက်အိမ်တွေ ၊ သစ်ရွက်နဲ့ ဖန်တီးထားတဲ့ အဝတ်စား ဒီဇိုင်းအဆန်းတွေကိုပါ အများကြီး မြင်တွေ့ရအုံးမှာပါ။ 
{ - 𝐆𝐚𝐦𝐞 𝐑𝐞𝐯𝐢𝐞𝐰 - }

ဒီဂိမ်းနဲ့ ပတ်သတ်ပြီး မင်မင်ကတော့ အရှိကို အရှိတိုင်းပြောမှာမလို့ ဆော့သင့်တယ် မဆော့သင့်ဘူးဆိုတာ Fan တွေကိုယ်တိုင် ဆုံးဖြတ်သင့်ပါတယ်။ ကောင်းတာကော ၊ ဆိုးတာကောထက် အားမရတာလေးတွေရှိတာကြောင့် လက်ခံနိုင်မှဘဲ ဆော့စေချင်တယ်။ 
( Story )
----------

ဒီဂိမ်းရဲ့ ဇာတ်‌ကြောင်းက ဇာတ်ကားထဲကလိုဘဲ မြို့ငယ်လေးရဲ့ သိပ္ပံစမ်းသပ်ခွဲခန်း တစ်ခုကနေ စတင်ခဲ့တာပါ။ Main Character ဖြစ်တဲ့ သင်က နေရောင်ခြည်အောက်မှာ အေးအေးဆေးဆေး အနားယူနေချိန်မှာ မနီးမဝေးမှာရှိတဲ့ မြေအောက် သိပ္ပံဌာနခွဲတစ်ခုကနေ စမ်းသပ်မှု တစ်ခုကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အဲဒါကတော့ သက်ရှိတွေကို ကျုံ့ပစ်နိုင်တဲ့ စွမ်းအင်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါပေမယ့် မထင်ထားတဲ့ မတော်တဆမှုကြောင့် အဲဒီ စွမ်းအင်တွေဟာ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အနားမှာရှိတဲ့ သင်ကပါ အဲဒီ စွမ်းအင်တွေကို ထိမိပြီးသားဖြစ်သွားတာပါ။ 
ဒီလိုနဲ့ သတိလစ်သွားပြီး နိုးလာချိန်မှာတော့ သင့်ရဲ့ မျက်စိရှေ့မှာ မြင်နေရတဲ့ ရုပ်ဝတ္ထုတွေဟာ အကုန်လုံးကြီးမားနေခဲ့ပါတယ်။ အပန်းဖြေနေတုန်းက ဝတ်ထားတဲ့ မျက်မှန်ကတောင် ကိုယ့်ထက် ကြီးနေတာကို တွေ့လိုက်ရတော့ Micro World ရဲ့ ပထမဆုံး အခိုက်တန့်တစ်ခုဟာ အံ့ဩစရာဖြစ်နေခဲ့တာပါ။ ဒါပေမယ့် လူတိုင်း မစဉ်းစားမိခဲ့ကြတဲ့ အရာတစ်ခုက ဒီလို Micro World မှာပါ အစာကွင်းစက်က ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကိုပါ။ ပုံမှန် အရွယ်စားတုန်းက ပင့်ကူ‌တို့ ၊ အင်းစက်တို့ဆိုတာဟာ ‌လက်ဖဝါးတစ်ခုစာတောင် မရှိခဲ့တာကြောင့် ကြောက်စရာကောင်းမှန်း မသိခဲ့ကြပါဘူး။ 
အခု ကိုယ်က အဲဒီပင့်ကူအရွယ်စားထက်တောင် သေးနေတော့ အရင်က ပေါ့ပေါ့တန်တန် ထင်ခဲ့တဲ့ ပင့်ကူတွေ ၊ အင်းစက်တွေဟာ အခုချိန်မှာတော့ ဒိုင်နိုဆောနီးပါးထိကို ပိုကြောက်စရာကောင်းလာခဲ့တာပါ။ အဲဒီလိုဘဲ အရင်တုန်းက ပုရွက်စိတ်တွေဟာ အစာတွေခိုးတယ်၊ လူတွေကိုလဲ ကိုက်တယ်ဆိုပြီး မုန်းခဲ့ကြသလောက် အခု သူတို့နဲ့ Size တူ ၊ရွယ်တူဖြစ်သွားချိန်မှာ ဘယ်လောက်တောင်မှ အလုပ်ကြိုးစားကြပြီး အားကိုးရတယ်ဆိုတာကိုပါ ဒီဂိမ်းထဲမှာ မြင်တွေ့ရမှာပါ။ အရမ်းယဉ်တဲ့ ပုရွက်စိတ်တွေကဘဲ သင့်ရဲ့ အနားမှာ အမြဲကူပေးနေမှာဖြစ်တာကြောင့် ပုံမှန်လူသားဘဝတုန်းက အေးဆေးနေခဲ့ရသလောက် အခု Micro လောကမှာ အသက်ရှင်ဖို့ထိ ဘယ်လောက်တောင် ရုန်းကန်ရမလဲဆိုတာ ကိုယ်တိုင် ကစားရင်းမြင်တွေ့ရမှာပါ။
( Gameplay & Graphic )
-----------------------------

Gameplay က Adventure ကိုမှ Strategy type မျိုးနဲ့ ပေါင်းပေးထားတာပါ။ Survival ဆိုပေမယ့် building ပိုင်းတွေပါ ပါဝင်ပြီး ရန်သူကို ရင်ဆိုင်ဖို့တွက် အင်းစက် တပ်ဖွဲ့တွေကိုပါ ထုတ်ပေးတာ ၊ မွေးတာ ၊ လေ့ကျင့်တာတွေထိ လုပ်ဆောင်ပေးရမှာပါ။ မင်မင်အနေနဲ့ ပြောရရင် ဒီဂိမ်းက အရင်က Epic Movie ကို ပြန်ထုတ်ပေးထားတဲ့ Epic ဂိမ်းလိုဘဲ စီမံရတာဖြစ်ပြီး ကွာသွားတာကတော့ ဒီ Micro Survival ဂိမ်းက Third Person View နဲ့ 3D Micro World ကြီးကို ထိတွေ့ခွင့်ပေးထားတာပါ။ အဓိကကတော့ resources တွေရှာမယ်၊ စုမယ်၊ အဆောက်အဦးတွေ character တွေ အသစ်တိုးတာ၊ အဆင့်မြင့်တင်တာတွေထိ အစုံ စီမံပေးရမှာပါ။ World အနေနဲ့ တခြား Players တွေနဲ့ပါ မဟာမိတ်ဖွဲ့တာတွေ လုပ်လို့ရပါတယ်။
Mobile Logic အတိုင်းဆိုရင် Auto Quest ပါမယ်၊ Microtransaction ပါမယ်၊ နောက်ပြီး Gacha Mode တွေပါ Rank အလိုက် ထည့်ပေးထားတာပါ။ Tasks တွေ ပေးတာက များသလောက် Level မြင့်လာလေ Resources ပိုလိုလာလေဖြစ်ပြီး Free To Play ဆိုပေမယ့် နောက်ပိုင်း အချိန်မပေးနိုင်ရင် ပိုက်ဆံသုံးရနိုင်ပါတယ်။ Items တွေနဲ့ ပတ်သတ်ပြီး သီးသန်ပေးဝယ်ရတဲ့ Currency မျိုးမရှိပေမယ့် အပြင်က Money နဲ့ purchased လုပ်ရတာတွေဘဲ ထည့်ပေးထားတာပါ။ ကျန်တာကတော့ ဂိမ်းက Tasks အလိုက် resources တွေ အကုန်ပေးတယ်ပေါ့။ 
Graphic နဲ့ ပတ်သတ်ပြီး ပြောရရင်တော့ တကယ် သဘောကျစရာကောင်းပါတယ်။ Micro World ကို Graphic Engine ကောင်းကောင်းနဲ့ ဖန်တီးပေးထားတာဖြစ်ပြီး Lighting တွေ ၊ Texture တွေကစ မဆိုးဘူးလို့ ပြောရမှာပါ။ Building Design တွေကစ Micro World နဲ့လိုက်အောင် အကုန်ဖန်တီးပေးထားတာမလို့ ကစားတဲ့သူတိုင်း တခြားဂိမ်းတွေနဲ့ မတူတဲ့ Experience တစ်ခုကို ရရှိစေမှာပါ။ 
( - 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 - )

မင်မင်အမြင်မှာတော့ လူတိုင်း ကစားဖူးသင့်တယ်လို့ ပြောချင်တယ်။ ကြာကြာဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုမဟုတ်ပေမယ့် အတွေ့ကြုံသစ်အတွက် အခုလို Micro World ကမ္ဘာလေးကို Mobile မှာ ရင်းနှီးအောင်လို့ကို ကစားကြည့်သင့်ပါတယ်။ Open World နီးပါးထိ မဟုတ်ပေမယ့် ဒီထဲမှာ ပါတဲ့ ဒီဇိုင်းကာလာ အနေထားတွေက အရမ်းကို fresh ဖြစ်ပါတယ်။ အထူးသဖြင့် သစ်ရွက်တွေနဲ့ ဖန်တီးထားတဲ့ ပစ္စည်းတွေကြီးဘဲမလို့ ငယ်ငယ်က ကြည့်ဖူးကြတဲ့ Tinkerbell movies တွေထဲကလိုတောင် ခံစားရစေမှာပါ။ 
ဂိမ်းအနေနဲ့ မင်မင်ကတော့ အရမ်း rush ဖြစ်တယ်လို့ မြင်မိတယ်။ တကယ်ဆို Story ကို အဓိက ဖြည်းဖြည်းချင်းပြသင့်ပြီး Auto Quest နဲ့ သူ့ရဲ့ Level System က ဂိမ်းရဲ့ အရသာကို ဖျက်ဆီးသွားတာပါ။ ဘာလို့ဆို event တောင် Level 30 ဝန်းကျင်မှ ထုတ်ပေးတာဆိုတော့ ဂိမ်းက ဘယ်လောက်တောင် သူတို့လိုချင်တဲ့ point ဆီ ဆွဲခေါ်နေလဲဆိုတာ တွေးကြည့်လို့ရတယ်။ Graphic နဲ့ Game ဒီဇိုင်းလေး ကောင်းသလောက် Mobile Logic ကြီးနဲ့ အတင်းထိုးထည့်လိုက်တော့ အားမလိုအားမရဖြစ်မိတာ အမှန်ဘဲ။ Strategy ဦးစားပေးဆိုတော့ တကယ်ကစားမယ်ဆိုရင် resources စုတာ ၊ level up တာ နဲ့တင် အချိန်အတော်ကို ပေးရမယ့် ဂိမ်းတစ်ခုလို့ ပြောချင်မိတယ်။ အဲကြောင့် အပျင်းပြေဆော့ဆော့ ၊ တကယ်ဆော့ဆော့ ကစားကြည့်သင့်တဲ့ ဂိမ်းတစ်ခုပါပဲ။ 

Game Information

Android version 5 . 0 +
Developer Altenburg Rachel
Network Online
Price Free
App version v1.0.4.89168
Release date CBT
Platform Android

⭐ ( HELLO Rating = 7.8 / 10 ) ⭐


 Click To Download 


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES