The Coma 2 Vicious Sisters

❝ HELLO Fan တွေကို ကစားစေချင်တဲ့ ဂိမ်းစီးရီး ❞
တကယ်ကို လုံးဝ Suprise တိုက်ချင်နေတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Official မပြောနဲ့ Mobile အတွက် ဆက်ကစားလို့ရမယ်လို့တောင် ထင်မထားခဲ့တဲ့ The Coma Series ရဲ့ ဒုတိယမြောက်ဂိမ်း Vicious Sisters ဟာ အခုဆိုရင် Android ဖုန်းတွေမှာ ကြိုပြီး‌တော့ ကစားလို့ရနေတာပဲ ဖြစ်ပါတယ်။
DEVELOPER တွေဘက်က Official လည်း မကြေငြာသလို ၊ တရားဝင်လည်း အခုတင်တဲ့အထိ ထွက်မလာသေးတာကြောင့် လောလောဆယ် iOS သမားတွေကတော့ ကစားလို့ ရအုံးမှာမဟုတ်သေးပါဘူး။
ဒီဂိမ်းက ပြောရရင် တကယ်ကို Underated ဂိမ်းတစ်ခုဖြစ်ပြီး Korea Developer တွေ လက်စွမ်းပြထားတဲ့ ဂိမ်း series ဖြစ်တာကြောင့် ဆော့ကို ဆော့ဖူးသင့်တဲ့အပြင် HELLO ရဲ့ Old Fan သာ စစ်ရင်တော့ အရင်က မင်မင်ကိုယ်တိုင် နှစ်ကြိမ်တောင် ပြန်တင်ပေးခဲ့ဖူးတဲ့ The Coma ရဲ့ ပထမဆုံးဂိမ်း Cutting Class ကိုပါ ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။
ဒီတော့ Old Fan တွေကို ဇာတ်လမ်း ပြန်ချိတ်ပေးရင်း ၊ အခုမှ စဆော့မယ့်သူတွေအတွက်ပါ ဇာတ်ရည်လည်အောင်လို့ Game Review လေးမှာ ဆက်ပြီးရှင်းပြပေးပါမယ်။ စာအရှည် မဖတ်ချင်တဲ့သူတွေကလည်း အောက်ဆုံးက Personal Summary ကို ကျော်ဖတ်လို့ရတယ်နော်။
➥ ( - 𝙂𝙖𝙢𝙚 𝙍𝙚𝙫𝙞𝙚𝙬 - )
==================
အရင်ဆုံး ဒီဂိမ်းကို HELLO ရဲ့ Horror Fan တိုင်း သိကြတဲ့ Detention နဲ့ ယှဉ်ပြောချင်ပေမယ့် The Coma Series က သူ့ထက် အရင် ထုတ်ပေးထားတာကြောင့် Game Type ချင်းတူရင်တောင် Detention က Novel နဲ့ သွားတာဖြစ်ပြီး The Coma ကတော့ Comic ( Webtoon ) ပုံစံကိုမှ Korea ထုံးစံအတိုင်း series အလိုက် သွားချင်တာမျိုး ဖြစ်နေပါတယ်။
ဒါပေမယ့် The Coma ရဲ့ Series ဂိမ်းတွေက တစ်ခုနဲ့ တစ်ခု အချိတ်ဆက်မရှိရင်တောင် နားလည်လွယ်အောင်လို့ ဖန်တီးပေးထားတာဖြစ်ပြီး အဖြစ်ပျက်တစ်ခုတည်းမှာတင် Character အလိုက် သက်သက်စီ Develop လုပ်ပေးထားတာကြောင့် အခုမှ စဆော့မယ်ဆိုတဲ့ သူတွေအတွက်ပါ ဇာတ်ရည်မလည်မှာကို စိတ်ပူစရာမလိုဘူးလို့ ပြောချင်ပါတယ်။

အဓိက ဒီဂိမ်းတွေကို ချိတ်ဆက်ပေးနိုင်တဲ့ အပိုင်းတွေက True Ending တွေဖြစ်ပြီး တခြား Bad Ending တွေနဲ့ အဆုံးသတ်ရင်တော့ နောက်လာမယ့် အပိုင်းတွေကို ဆော့တဲ့အခါမှာ ချက်ချင်းဇာတ်ရည်လည်ဖို့ဆိုတာက နည်းနည်းလေး ခက်ခဲနိုင်ပါတယ်။
➠ ( 𝙎𝙩𝙤𝙧𝙮𝙡𝙞𝙣𝙚 )
------------------
အားလုံးနားလည်အောင်လို့ ဒီ Series
ဇာတ်လမ်းလေးကို ချုံပြောရမယ်ဆိုရင်

စာမေးပွဲတွေ ဖြေနေတဲ့ ကိုရီးယားကျောင်းတစ်ခုမှာ ရုတ်တရက် Suicide case ဖြစ်သွားရင်းကနေ ဇာတ်အိမ်ကို စတင်ခဲ့တာဖြစ်ပြီး ပထမဂိမ်းဖြစ်တဲ့ The Coma : Cutting Class မှာတော့ ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Youngho Choi ဟာ မထင်မှတ်ပဲ အဲဒီ Suicide case ရဲ့ နောက်ကွယ်က သဘာဝလွန်ပတ်သတ်မှုကို ကြုံခဲ့ရတာပဲဖြစ်ပါတယ်။

အခု The Coma 2 ရဲ့ Vicious Sisters မှာတော့ အဲဒီ ကျောင်းသားရဲ့ သူငယ်ချင်းဖြစ်သူ Mina Park ဆိုတဲ့ မိန်းကလေး နေရာကနေ ဆက်လက်ကြုံ‌တွေ့ရမှာဖြစ်ပြီး ဒီတစ်ကြိမ်ဟာ အရင်ကထက်ကို ပိုနက်နဲပြီး ရှုပ်ထွေးလာတာကြောင့် အရင်ကောင်လေးထက်ကို အခု ကောင်မလေးနေရာက ပိုပြီးတော့တောင် ခြောက်ခြားစရာတွေ ပြည့်နေမှာပဲဖြစ်ပါတယ်။
တစ်ကျောင်းလုံးမှ အချောဆုံး အလှဆုံးနဲ့ ကျက်သရေအရှိဆုံးလို့ တင်စားထားတဲ့ ဆရာမ‌ဖြစ်သူက အဲဒီပတ်သတ်မှုထဲမှာ အဓိကနေရာကနေ ပါဝင်နေတာဖြစ်ပြီး ဒီ ဖြစ်ရပ်ကို ပိုပြီး ရှင်းအောင်လို့ မြန်မာ အယူအဆနဲ့ ပြောရရင်တော့ Main Character တွေဟာ လူတွေ မမြင်အပ်တဲ့ သရဲ၊ တစ္ဆေ ဘုံဖြစ်တဲ့ အမှောက်ဘက်ခြမ်းကို ရောက်ရှိသွားကြတာမျိုးဖြစ်ပါတယ်။

ဒါကြောင့် အဲဒီဘုံလောက ကနေ လွတ်မြောက်အောင်လို့ နည်းမျိုးစုံနဲ့ အသက်ရှင်ဖို့ရာ ကြိုးစားကြရမှာဖြစ်ပြီး ဂိမ်းတစ်ခုချင်းစီရဲ့ ဇာတ်အိမ်တိုင်းကိုလည်း အပီပြင် တည်ဆောက်ပြီး အရှိန်ယူထားတာဖြစ်တာကြောင့် The Coma ရဲ့ အဆုံးသတ်ဟာ အခုထိကို ခန့်မှန်းဖို့ရာ ခဲယဉ်းနေတာပဲဖြစ်ပါတယ်။
ဘာကြောင့်လဲဆို‌ရင် ပထမဂိမ်းမှာတုန်းက ဇာတ်ရံဖြစ်ခဲ့တဲ့ Mina ဟာ အခု ဒုတိယမြောက်ဂိမ်းမှာတော့ Main Character ဖြစ်လာခဲ့ပြီး နောက်ထပ် အဆက်တွေမှာလည်း တခြား Minor Role တွေကနေ Main Character ဖြစ်လာနိုင်တာကြောင့် သေချာပေါက် Plot Twist တွေဟာ ကြုံကိုကြုံလာရနိုင်တာပဲဖြစ်ပါတယ်။

ဒီ သဘာဝလွန်ကိစ္စနဲ့ပတ်သတ်ပြီးလည်း နောက်ကွယ်ကနေ စုံစမ်းနေတဲ့ လျှိုဝှက်အဖွဲ့ဝင်တွေလဲ ပါဝင်နေသေးတာကြောင့် ဒီဇာတ်လမ်းဟာ သာမန် Horror ဇာတ်အိမ်တွေလိုမျိုး လွတ်မြောက်သွားရုံနဲ့ ပြီးမြောက်သွားမှာမျိုးမဟုတ်ပဲ Character ဘယ်နှစ်ယောက်အထိ ဒီဖြစ်ရပ်ထဲမှာ ပါဝင်သွားမလဲ ? နောက်ထပ် ဘယ်လိုပုံစံနဲ့ ပြန်ကြုံကြရအုံးမလဲ ? အဆုံးသတ်ကော ရှိနိုင်ပါ့မလားဆိုတဲ့ ခံစားချက်မျိုးကို ရရှိစေမှာပဲဖြစ်ပါတယ်။
➠ ( 𝙂𝙖𝙢𝙚𝙥𝙡𝙖𝙮 )
--------------------
ဒီဂိမ်းကို ဆွဲဆောင်စေတဲ့ အချက်တွေထဲက တစ်ခုက Gameplay ပိုင်းလဲ ပါဝင်ပြီး 2D Horror ဂိမ်းဆိုပေမယ့် လုံးဝကို အထင်မသေးသင့်တဲ့အထဲမှာ ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပစ္စည်းရှာ ၊ ပြေးလွှားနေရတာမျိုးတွေကို တစ်ဆင့်ကျော်ပြီး Survive လုပ်ရတဲ့ ပုံစံမျိုးကိုပါ ထည့်သွင်းပေးထားတာကြောင့် Character မှာ သယ်ယူနိုင်တဲ့ ပစ္စည်းပမာဏနဲ့ ပြေးနိုင်တဲ့ stamina တွေကိုပါ ကန့်သတ်ပေးထားတာပဲဖြစ်ပါတယ်။ ပြေးတာ ၊ ခုန်တာ ၊ ငုံ့သွားတာကနေ ပုန်းတာတွေအထိ Horror ဂိမ်းတွေအတိုင်း လုပ်ဆောင်နိုင်ပြီး Save လုပ်တဲ့စနစ်ကပါ Auto မဟုတ်ပဲ Manual ကို အသုံးပြုပေးထားတာကြောင့် ကစားရတာဟာ လက်လွတ်စပယ်မဖြစ်ပဲ သေချာဂရုတစိုက်နဲ့ကို ကစားရမှာပဲဖြစ်ပါတယ်။
➠ ( 𝙂𝙧𝙖𝙥𝙝𝙞𝙘 )
-----------------
2D Graphic ဆိုပေမယ့် Visual Art တွေက creepy vibes ကို အပြည့်ဝရရှိစေပြီး ဖန်တီးထားတဲ့ atmosphere ကြောင့်ပါ ဂိမ်းရဲ့ သရုပ်မှန်ကို အတိုင်းသား ပေါ်လွင်စေပါတယ်။ Normal Life မှာ မြင်တွေ့ရတဲ့ စာသင်ခန်းနဲ့ ကျောင်းဆောင်ကြီးဟာ တခြားဘက်အခြမ်းမှာတော့ မှောင်မိုက်အေးစက်ပြီး နေရာတိုင်းမှာ အပိုင်းပိုင်းပြတ်ပုတ်ဆွေးနေတဲ့ ခန္ဓာကိုယ်တွေကို အတိုင်းသားမြင်တွေ့ရမှာပဲဖြစ်ပါတယ်။
အဲဒါကိုမှ မီးခြစ်အလင်းရောင်လေးနဲ့ တစ်ယောက်တည်း explore လုပ်နေရတဲ့ ခံစားချက်ဟာ တကယ်ကို အပြင်မှာ မကြုံချင်ရလောက်အောင်ကို ခြောက်ခြားစရာကောင်းတာကြောင့် 3D မဟုတ်ပဲ အခုလို 2D Graphic မှာတောင် ခံစားရစေမှာပဲဖြစ်ပါတယ်။
ဒါ့အပြင် 2D animation မလို့ မကြောက်ရဘူးလို့ ထင်ရပေမယ့်လည်း လက်တွေ့မဆန်တဲ့ လှုပ်ရှားမှုတွေကြောင့် ကစားသူရဲ့ ရင်ကို တစ်ချက်တစ်ချက် ထိတ်လန့်စေပြီး မထင်မှတ်ပဲ ခြေထောက်လှမ်းဆွဲတာတွေ ၊ ဆံပင်တွဲလောင်းကျလာတာတွေကအစ လုံးဝလုံးဝကို Asia ဂိမ်းတွေမှာပဲ မြင်တွေ့နိုင်တာဖြစ်ပါတယ်။
➠ ( 𝙎𝙤𝙪𝙣𝙙 )
---------------
2D Game တွေရဲ့ အဓိက အသက်က Sound Effect တွေလို့ အကြမ်းဖျင်းပြောလို့ရပြီး အခုလို Horror Game မှာဆိုရင် ပိုလို့တောင်မှ လိုအပ်နေတာပဲဖြစ်ပါတယ်။ အသံကြောင့် ဖားသေဆိုတဲ့ စကားပုံ အတိုင်း ဒီ ဂိမ်းရဲ့ Sound Effect တွေဟာ ထိထိမိမိနဲ့ကို Player တွေ ရင်ထဲ ပေးပို့ပေးနိုင်ပြီး အန္တရာယ်နီးလာတဲ့အခါ မသိစိတ်ကနေ တုန့်ပြန်လာတဲ့ နှလုံးခုန်သံတွေ ၊ အရေးကြီးတဲ့ နေရာတွေ ရောက်တိုင်း ထွက်ပေါ်လာတဲ့ ထူးထူးခြားခြားအသံတွေက ဒီဂိမ်းရဲ့ ပုံရိပ်ကို သာမန်ထက် ပေါ်လွင်စေတာပဲဖြစ်ပါတယ်။

ရုတ်တရက် ကြားရတဲ့ အော်ဟစ်အသံတွေဟာ တကယ်ကို ထိတ်လန့်စရာကောင်းပြီး၊ အရမ်းတိတ်ဆိတ်သွားတဲ့အချိန်မှာတောင် တစ်လှမ်းခြင်း လျှောက်လာတဲ့ ဒေါက်ဖိနပ်အသံတွေကြောင့် ကစားသူကို ပြာယာခက်သွားစေတဲ့အထိ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားစေမှာပါ။
➥ ( - 𝙋𝙚𝙧𝙨𝙤𝙣𝙖𝙡 𝙎𝙪𝙢𝙢𝙖𝙧𝙮 - )
======================
မင်မင် အမြင်အရတော့ ဒီဂိမ်းက ပထမတစ်ခုထက်ကို ပိုပြီးတော့ Thrilling ဆန်လာပြီး Female Role ဖြစ်လို့လားမသိပေမယ့် Vicious Sister ကတော့ အသကုန်ကို လိုက်သတ်နေသလို ခံစားမိတယ်။ ဘယ်လောက်ထိလဲ ဆိုရင် Death scene ကိုက တစ်ခုနဲ့တစ်ခု ကွဲနေတာဖြစ်ပြီး ခေါ်သွားတာလဲ ရှိပေမယ့် အနည်းဆုံးတော့ ခန္ဓာကိုယ် အပေါက်ဖြစ်အောင်ကို ထိုးပြီးမှ ခေါ်သွားတာမျိုးဖြစ်နေတာဆိုတော့ တကယ်ကို ကြောက်စရာကောင်းတယ်။
ဒါတောင် comic scene လေးတွေက motion လေးတွေ ထည့်ပေးထားပြီး အနောက်က အသံ supporting ကောင်းမှုကြောင့် ကိုယ့်မှာ ကြည့်ရင်းနဲ့ကို အူတွေယားတဲ့အထိ ဖြစ်နေခဲ့တာပါ။ Gameplay အရ ရှာမယ်၊ ဖွေမယ် ၊ စူးစမ်းမယ်ဆိုပေမယ့် တစ်ခါတစ်လေ ပြေးချင်ဇောအားကြီးပြီး ထိပ်တိုက် လည်ပင်းအညှစ်ခံရမျိုးတွေလဲ ကြုံရနိုင်ပါတယ်။ အဲဒီလို အချိန်မျိုးဆိုရင် လုံးဝ ကိုယ်ပါ တုန်တက်သွားတာကြောင့် ပြထားတဲ့ button တွေကို လိုက်မနိပ်နိုင်တဲ့အထိကို ကြောင်တောင်တောင် ဖြစ်နေတတ်ပါတယ်။
Game အရ Character မှာ HP ကော Stamina ပါ ထည့်ပေးထားပြီး ပစ္စည်းအကန့်သတ်နဲ့ Shop အတွက်ပါ Currency တွေ အသုံးပြုလို့ရပါတယ်။ အဓိကက အစာနဲ့ ရေကို အသုံးပြုရတာပါ။ ကျန်တာ မြေပုံတွေ၊ task တွေကို ကြည့်လို့ရပြီး DLC အရ Character outfit တွေပါ Menu မှာ တစ်ခါတည်း ချိန်းခဲ့လို့ရပါတယ်။ တစ်ခုရှိတာက Save စနစ်က Manual ဖြစ်တာကြောင့် Memory save တဲ့ နေရာတိုင်းမှာ ကျော်မသွားကြဖို့ မှာချင်တယ်။
ကျန်တာကတော့ ပုံမှန်ဆော့ရင်းနဲ့ အဆင်ပြေလာမှာဖြစ်တာကြောင့် တအားကြီး ခက်ခက်ခဲခဲတော့ မရှိပါဘူး။ တစ်ခါလေ Button မပါပဲ Touch စနစ်ပဲ အသုံးပြုလို့ရတာဆိုတော့ ဘက်မှားပြေးတာမျိုးလေးတွေ ကြုံရနိုင်ပါတယ်။ ဂိမ်းက Story ဦးစားပေးဖြစ်သလို Choice နဲ့ Ending လေးတွေပါ ကွဲသွားတာကြောင့် ဇာတ်အိမ်က တစ်ယောက်နဲ့ တစ်ယောက် မတူကြမှာကို ကြိုပြီးအသိပေးချင်ပါတယ်။ True Ending ရမှသာ နောက်ထွက် လာမယ့် ဂိမ်းတွေကို ချိတ်ဆက်နိုင်မှာဆိုတော့ အားလုံးပဲ Good luck ပါနော်။
❖ 𝐓𝐡𝐞 𝐂𝐨𝐦𝐚 𝟐 : 𝐕𝐢𝐜𝐢𝐨𝐮𝐬 𝐒𝐢𝐬𝐭𝐞𝐫𝐬 ❖

Game Information

Android version 8 . 0 +
Developer Devespresso Games
Network Offline
Price Paiid Account
App version 1.0..0
Release date 5-9-2024
Platform Android / PC / Consoles

⭐ ( HELLO Rating = 8.8 / 10 ) ⭐


 Download 


#HELLOYDB

Gameplay Video

Comments

လူကြည့်အများဆုံး GAMES