Apk နဲ့ Obb Zip ဖိုင်မှ Game Install တင်နည်း

ဒီ Apk သီးသန့်နဲ့ Obb Zip ဖိုင်ကတော့ အများစုတွေ့ရမှာဖြစ်ပြီး ကောင်းတဲ့အချက်ကတော့ Apk ကို လိုချင်တဲ့ Mod နဲ့ Original ကို သီးသန့် ဆွဲလို့ရတာပါ ။ အားနည်းချက်က အခက်မသင့်ရင် Apk နဲ့ Obb ဖိုင်ရဲ့ version ခြင်းလွဲတတ်ပါတယ် ။ 

လုပ်ပုံလုပ်နည်းတွေက အတူတူဘဲဖြစ်တာကြောင့် ယခုနည်းလမ်းကိုသိရုံနဲ့ တခြား ဆင်တူ GAME တွေကိုလည်း လွယ်လွယ်ကူကူ Install လုပ်တတ်သွားမှာပါ ။

အဲဒီ Apk နဲ့ Obb Zip ဖိုင်ကနေ Game Install လုပ်မယ်ဆိုရင် အရင်ဆုံး Zarchiver ဆိုတဲ့ App လေးလိုပါမယ် ။ ရှိပြီးသားသူတွေက Download လုပ်စရာမလိုဘဲ မရှိသေးတဲ့သူတွေသာ အောက်က Link ကနေ Download လုပ်ပြီး Install တင်လိုက်ပါ ။

Zarchiver = Download

ဒါပြီးရင် အောက်က အချက်လေးတွေကို သေချာလိုက်ကြည့်ပေးပါ ။

  •  အရင်ဆုံး ZArchiver ဆိုတဲ့ App လေးထဲကို ဝင်မယ် ။

  •  ပြီးရင် Apk နဲ့ Obb Zip ဖိုင် Download ထားတဲ့နေရာကို သွားလိုက်ပါ ။

  • အရင်ဆုံး Apk ကိူ တစ်ချက်နိပ်လိုက် ။

  • ပြီးရင် Install ကို နိပ်ပြီး အောက်ပုံထဲကအတိုင်း Game Install တင်လိုက်။




  • အပေါ်က ပုံအတိုင်း Install တင်ပြီးရင် Done ကို နိပ်လိုက် ။

  • အဲဒါပြီးရင် အပေါ်ကပုံအတိုင်း Zip ကို တစ်ချက်နိပ်လိုက် ။

  • နိပ်ပြီးရင် အပေါ်ကပြထားတဲ့ပုံအတိုင်း Extract ကို နိပ်ပေးလိုက်ပါ ။

  • ပြီးရင် အပေါ်က ပြထားတဲ့နေရာကို တစ်ချက်နိပ် ။

  • နိပ်ပြီးရင် Android ဆိုတာလေးကို လိုက်ရှာပြီး တစ်ချက်နိပ်လိုက် ။

  • ပြီးရင် Obb ထဲကို ထပ်နိပ်ပြီး ဝင်လိုက် ။

  • ဝင်ပြီးရင် အပေါ်က ပုံမှာပြထားတဲ့အတိုင်း အပေါ်ဆုံးကဟာလေးကို နိပ်ပေးလိုက် ။

  • ဒါဆိုရင် Zip ဖြည်နေတာဖြစ်ပြီး 100% ပြည့်သွားရင်တော့ Game Install လုပ်တာ အောင်မြင်သွားပါပြီ ။
ဒီနည်းလမ်းက Normal ဖြစ်တာကြောင့် သိကိုသိထားသင့်ပါတယ် ။ 

( HELLO )












Comments

လူကြည့်အများဆုံး GAMES